top of page
Logo-Icon.png

Ray (2026)

Ray (2026) စစ်တပ်ရဲ့ စစ်ကြောရေးဟာ ဘယ်လောက်အထိ ယုတ်မာရက်စက်တယ်ဆိုတာ သင် သိပါသလား...
အဲဒီလို လူမဆန်တဲ့ ရက်စက်မှုကို ကိုယ်နဲ့ ရင်းနှီးပတ်သက်ရသူတစ်ဦး ခံစားနေရတာကို ကိုယ်တိုင် မျက်မြင် ကြည့်ခဲ့ဖူးပါသလား...
ဖုန်းစခရင်ပေါ်ကနေ မြင်လိုက်ရတဲ့ မြင်ကွင်း တစ်ခုက လူတစ်ယောက်ရဲ့ ဝိညာဉ်ကို တစ်သက်လုံးစာ ရိုက်ချိုးပစ်နိုင်ပါတယ်။
သူ့ဘဝရဲ့ အမှောင်မိုက်ဆုံးနဲ့ အကြီးမားဆုံး စိတ်ဒဏ်ရာက... ဒီမြင်ကွင်းကို Video Call ကနေ တစ်ဖက်သတ် ကြည့်နေခဲ့ရတဲ့ အခိုက်အတန့်ပါပဲ။ 
ဘာမှ ဝင်ကူညီပေးခွင့်မရှိ၊ ဖုန်းချပစ်လိုက်ခွင့်လည်း မရှိဘဲ မျက်စိရှေ့မှာတင် အသက်ငွေ့ငွေ့ ပျောက်ကွယ်သွားတဲ့အထိ ကြည့်နေခဲ့ရတဲ့ စက္ကန့်ပိုင်းတွေဟာ သူ့ကို တစ်သက်လုံး လိုက်ခြောက်လှန့်နေမယ့် အိပ်မက်ဆိုးတစ်ခု ဖြစ်လာခဲ့တယ်။
"Ray"
မခံမရပ်နိုင်စရာ အတိတ်ဒဏ်ရာတွေနဲ့ ယုံကြည်ရာကို မမှိတ်မသုန် ဆက်လျှောက်နေဆဲဖြစ်တဲ့ သူတို့ရဲ့ ဇာတ်လမ်းကို လာမယ့် ဇွန်လ (၂၇) ရက်နေ့မှာ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။

Ray (2026)

"Ray" ရုပ်ရှင်ရဲ့ အငွေ့အသက်၊ ခေတ်ကြီး တစ်ခုရဲ့ ရနံ့နဲ့ ဘယ်တော့မှ မသေဆုံးသွားမယ့် တော်လှန်ရေး စိတ်ဝိညာဉ်တွေ အကြောင်းကို တစိတ်တပိုင်း မျှဝေပေး လိုက်ပါတယ်။

bottom of page