top of page
ပြည်တွင်းသတင်း
ပြည်တွင်းသတင်းများဦ ၊ မြန်မာနိုင်ငံအတွင်း ဖြစ်ပျက်နေသော အခြေအနေများကို အမှန်ကန်ဆုံးတင်ဆက်ပေးနေသည်။


မြင်းခြံခရိုင်အတွင်းလက်နက်ခဲယမ်းရောင်းဝယ်ဖောက်ကားမှုမပြုလုပ်ရန် တားမြစ်၊ဖောက်ဖျက်ပါကပစ်ခတ်ဖမ်းဆီးပြီးပြင်းထန်စွာအရေးယူမည်ဟုမြင်းခြံခရိုင်စစ်ဌာနသတိပေး
မြင်းခြံ ၊ အောက်တိုဘာ ၁၅ ၊ Horizons မန္တလေးတိုင်းဒေသကြီး၊မြင်းခြံခရိုင်အတွင်းတော်လှန်ရေးတပ်ဖွဲ့များ လက်နက်ခဲယမ်းရောင်းဝယ်ဖောက်ကားခြင်းမပြုလုပ်ရန်တားမြစ်လိုက်ပြီး အမိန့်ဖောက်ဖျက်ပါကပစ်ခတ်ဖမ်းဆီးကာကြီးလေးသောပြစ်ဒဏ်များချမှတ်သွားမည်ဖြစ်ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင်စစ်ဌာနကအောက်တိုဘာ၁၄ ရက်တွင်အမိန့်စာထုတ်ပြန်သတိပေးလိုက်ကြောင်းသိရသည်။ အဆိုပါတားမြစ်ချက်သည်မြင်းခြံခရိုင်အတွင်းလှုပ်ရှားနေသောပြည်သူ့ကာကွယ်ရေးတပ်မတော်လက်အောက်ခံတပ်ရင်း၊တပ်ဖွဲ့များအပြင် မြို့နယ်ပြည်သူ့ကာက

Horizons News
4 hours ago1 min read


အာရက္ခဒေသရှိ မြို့နယ် ၆ မြို့နယ်ပေါ်တွင် စစ်ကောင်စီ၏ စောင့်ကြည့်ထောက်လှမ်းရေးလေယာဉ်များပျံသန်း
အာရက္ခဒေသ၊ အောက်တိုဘာ ၁၅ ၊ Horizons အောက်တိုဘာ၁၅ရက်နံနက်ပိုင်းတွင် အာရက္ခဒေသ(ရခိုင်ပြည်နယ်)ရှိ မြို့နယ်၆မြို့နယ်ပေါ်၌ ATR 42 MPA နှင့်Y-12 လေယာဉ်များအပါအဝင် စစ်ကောင်စီ၏လေယာဉ်များကကင်းထောက်ပျံသန်းမှုများပြုလုပ်ခဲ့ကြောင်းဒေသခံများကပြောကြားခဲ့ကြောင်းသိရသည်။ မိတ္ထီလာလေတပ်စခန်းမှပျံတက်လာသည့် ATR 42 MPA လေယာဉ်သည် မြောက်ဦး၊ကျောက်တော်၊ပုဏ္ဏားကျွန်း၊ရသေ့တောင်နှင့်ဝီရဌာနီ (Wira Thani) မြို့နယ်များပေါ်တွင်ပျံသန်းခဲ့ကြောင်းဒေသခံများကဆိုပြီး၊ ထို့အပြင်မကွေးလေတပ်စခန်းမှထွက်ခွာလာသည့်Y-12...

Horizons News
5 hours ago1 min read


စစ်အာဏာသိမ်းမှုကြောင့် NCAအကောင်အထည်ဖော်မှုရပ်တန့်ခဲ့ပြီးယုံကြည်မှုလျော့ကျခဲ့ဟု RCSSအတွင်းရေးမှူးပြော
အောက်တိုဘာ ၁၅ ၊ Horizons စစ်တပ်၏အာဏာသိမ်းမှုကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရလက်ထက်တွင် အကောင်အထည်ဖော်ရန်ကြိုးပမ်းခဲ့သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)လုပ်ငန်းစဉ်များရပ်တန့်သွားခဲ့ပြီး ဒေသခံပြည်သူများ၏ယုံကြည်ကိုးစားမှုလည်းလျော့နည်းကျဆင်းခဲ့ကြောင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)အတွင်းရေးမှူး(၁)ဗိုလ်မှူးကြီးစိုင်းငင်းကပြောကြားသည်။ ယနေ့အောက်တိုဘာ(၁၅)ရက်တွင်ကျရောက်သည့် NCAစာချုပ်ချုပ်ဆိုခြင်း(၁၁)နှစ်မြောက်နှစ်ပတ်လည်အထိမ်းအမှတ

Horizons News
5 hours ago1 min read


ယင်းမာပင်တွင်စစ်ကောင်စီတပ်ကပြည်သူ့နေအိမ်များကိုမွှေနှောက်ဖျက်ဆီးပြီးနောက်တမာပင်ခွ၌တပ်စွဲကာလည်ငေါက်ရွာဘက်သို့ ပြန်လည်ဝင်ရောက်လာ
ယင်းမာပင်၊ အောက်တိုဘာ ၁၅ ၊ Horizons စစ်ကိုင်းတိုင်းဒေသကြီး၊ယင်းမာပင်မြို့နယ်အတွင်းစစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်သည်ပြည်သူ့ပစ္စည်းများကိုမွှေနှောက်ဖျက်ဆီးယူဆောင်ပြီးနောက်တမာပင်ခွကျေးရွာတွင်ယာယီတပ်စွဲကာလည်ငေါက်ကျေးရွာဘက်သို့ပြန်လည်ဦးတည်ဝင်ရောက်လာကြောင်းဒေသခံသတင်းရင်းမြစ်များထံမှသိရသည်။ ယနေ့အောက်တိုဘာ ၁၅ ရက်နံနက် ၈နာရီခန့်တွင်ယင်းမာပင်မြို့နယ်၊ လည်ငေါက်ကျေးရွာဘက်မှအနောက်ဘက်သို့ထွက်ခွာလာသည့် စစ်တပ်မော်တော်ယာဉ်တစ်စီးသည်တမာပင်ခွကျေးရွာအတွင်းသို့စတင်ရောက်ရှိလာခဲ့ပြီး၊ထို့နောက်အဆိ

Horizons News
5 hours ago1 min read


ဘီးလင်းမြို့နယ်၊အလူးကြီးကျေးရွာလေကြောင်းတိုက်ခိုက်ခံရပြီးနောက် (၁၃)နှစ်အရွယ်ကလေးတစ်ဦးခြေထောက်ဖြတ်ရ
ဘီးလင်း ၊ အောက်တိုဘာ ၁၅ ၊ Horizons မွန်ပြည်နယ်၊ဘီးလင်းမြို့နယ်၊အလူးကြီးကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်(၁၃)နှစ်အရွယ်ယောကျ်ားလေးတစ်ဦးခြေထောက်ဖြတ်လိုက်ရကြောင်း ဒေသခံတစ်ဦးကHorizons Newsသို့ပြောသည်။ ပြီးခဲ့သည့်အောက်တိုဘာလ(၁၃)ရက်တွင်အကြမ်းဖက်စစ်ကောင်စီက မော်လမြိုင်လမ်းမကြီးနှင့်(၃)မိုင်အကွာရှိ အလူးကြီးကျေးရွာကိုဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ “ခြေထောက်ဖြတ်ရတဲ့ကလေးကသေဆုံးသွားတဲ့ နိုင်လင်းအောင်ရဲ့ညီပါ။သူ့အမေလည်းဆုံးသွားတယ်။သူ့အဖေပဲ ကျန်ခဲ့တယ်”ဟု..

Horizons News
7 hours ago1 min read


စစ်ကောင်စီက ပေါက်တော (ဝီရဌာနီ) မြို့၊ ရပ်ကွက် (၂) ကို Y-12 လေယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်
အာရက္ခပြည်နယ်၊ အောက်တိုဘာ ၁၅ ၊ Horizons အောက်တိုဘာ၁၅ ရက်၊နေ့လယ် ၁၂:၃၀ နာရီခန့်တွင်အာရက္ခပြည်နယ်၊ ပေါက်တော(ဝီရဌာနီ) မြို့၊ရပ်ကွက်(၂)ကိုစစ်ကောင်စီကY-12 လေယာဉ်တစ်စင်းအသုံးပြု၍ ဗုံး၂လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်းဒေသခံသတင်းရင်းမြစ်များကပြောကြားခဲ့ကြောင်းသိရသည်။ အဆိုပါဒေသဝန်းကျင်တွင်တိုက်လေယာဉ်များဆက်လက်ပျံသန်းနေသဖြင့်ဒေသခံများမှာစိုးရိမ်ထိတ်လန့်လျက်ရှိကြပြီးထိခိုက်ကျဆုံးမှုများနှင့်ပျက်စီးဆုံးရှုံးမှုအခြေအနေကိုမူအတည်မပြုနိုင်သေးကြောင်းသိရသည်။ ထို့အပြင်အောက်တိုဘာ ၁၅ရက်နေ့မှာပင်မဲအီမ

Horizons News
7 hours ago1 min read


ဦးကျော်မိုးထွန်းကိုဆက်လက်ထောက်ခံရန်နှင့် စစ်ကောင်စီကိုကုလသမဂ္ဂတွင်နေရာမပေးရန် အမေရိကန်အောက်လွှတ်တော်အမတ်(၆)ဦးတိုက်တွန်း
ဝါရှင်တန် ၊ အောက်တိုဘာ ၁၅ ၊ Horizons အမေရိကန်အောက်လွှတ်တော်အမတ်(၆)ဦးက ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းကိုဆက်လက်ထောက်ခံရန်နှင့် အကြမ်းဖက်စစ်ကောင်စီ၏ကိုယ်စားလှယ်ကို ကုလသမဂ္ဂတွင်မြန်မာနိုင်ငံကိုယ်စားပြုခွင့်မပေးရန် ကုလသမဂ္ဂဆိုင်ရာအမေရိကန်သံအမတ်မိုက်ခ်ဝေါ့ဇ်ထံ ယမန်နေ့အောက်တိုဘာ(၁၄)ရက်စွဲဖြင့် စာပေးပို့တိုက်တွန်းခဲ့ကြောင်းသိရသည်။ အဆိုပါစာတွင်ပြီးခဲ့သည့်(၂၀၂၁)ခုနှစ်စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံ၏ကုလသမဂ္ဂကိုယ်စားပြုမှုဆိုင်ရာဆုံးဖြတ်ချက်က

Horizons News
7 hours ago1 min read


တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲရေးချောင်းဖျားဒေသကိုစစ်ကော်မရှင် လေယာဉ်ဖြင့်ထပ်မံဗုံးကြဲ
ရေး၊အောက်တိုဘာ ၁၅ ၊ Horizons ရေးမြို့နယ်၊ရေးချောင်းဖျားဒေသသို့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကော်မရှင်ကအောက်တိုဘာ၁၄ ရက်ညသန်းခေါင်အချိန်တွင်လေယာဉ်ဖြင့်ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းဒေသတွင်းသတင်းအရင်းအမြစ်များက ပြောဆိုသည်။ စစ်ကော်မရှင်ကရေးချောင်းဖျားဒေသ၊ကင်းမွန်းကျေးရွာနှင့်ဒယ်ပြားကျေးရွာအကြားကိုလေယာဉ်ဖြင့်ပေါင် ၅၀၀ဗုံးသီးနှစ်လုံး ကြဲချခဲ့သည်ဟုကနဦးသိရပြီး၊ အဆိုပါတိုက်ခိုက်မှုကြောင့်လူထိခိုက်သေဆုံးမှု မရှိသော်လည်းဥယျာဉ်ခြံအချို့ထိခိုက်ပျက်စီးခဲ့ကြောင်းသိရသည်။ရေးချောင်းဖျားဒေသအတ

Horizons News
7 hours ago1 min read


Sodium Cyclamateသတ်မှတ်ပမာဏကျော်လွန်သည့် VeVeစတော်ဘယ်ရီနို့ဘူးများ ဈေးကွက်မှပြန်ရုပ်သိမ်းရန် FDAသတိပေး
ရန်ကုန် ၊ အောက်တိုဘာ ၁၅ ၊ Horizons သရုပ်ဆောင်ဝတ်မှုန်ရွှေရည်၏ခင်ပွန်းနိုင်ဖြိုးကျော်နှင့် အလှမယ်Universe Myanmarဖြစ်ခဲ့ဖူးသည့်မိုးစက်ဝိုင်တို့နှင့်ဆက်စပ်မှုရှိသည်ဟုဖော်ပြကြသည့် Green Circleကုမ္ပဏီကထုတ်လုပ်သော VeVeအမှတ်တံဆိပ်စတော်ဘယ်ရီအရသာနို့ဘူးများတွင် အစားအသောက်ထပ်ဖြည့်ပစ္စည်းSodium Cyclamateပါဝင်မှု သတ်မှတ်ပမာဏထက်ကျော်လွန်နေသဖြင့် ဈေးကွက်မှပြန်လည်ရုပ်သိမ်းရန်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)က ယမန်နေ့အောက်တိုဘာ(၁၄)ရက်တွင်သတိပေးခဲ့သည်။ FDA၏ထုတ်ပြန်ချက်အရ Ocean...

Horizons News
8 hours ago1 min read


ကစယ်ဒိုမြို့နယ်တွင်လက်နက်ကြီးပစ်ခတ်မှုကြောင့်ခရစ်ယာန်သာသနာပိုင်ခန်းမတစ်လုံးပျက်စီး
မြိတ်ထားဝယ်၊ အောက်တိုဘာ ၁၅ ၊ Horizons ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မြိတ်ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်၊လှဘောကျေးရွာအုပ်စုရှိ တာလေးခို(ဘုရင့်တောင်)ကျေးရွာအတွင်းလက်နက်ကြီးပစ်ခတ်မှုကြောင့်ခရစ်ယာန်သာသနာပိုင်ခန်းမအဆောက်အအုံတစ်လုံးထိခိုက်ပျက်စီးခဲ့ကြောင်းKNU မြိတ်ထားဝယ်ခရိုင်၊ပြည်သူ့ဆက်ဆံရေးနှင့်သတင်းပြန်ကြားရေးကအောက်တိုဘာ ၁၅ ရက်တွင်ထုတ်ပြန်ခဲ့သည်။ KNU ၏ထုတ်ပြန်ချက်အရအောက်တိုဘာ ၁၄ ရက်တွင်စစ်ကောင်စီ၏ အမတ-၃၀၉တပ်ရင်းမှ၁၂၀ မမလက်နက်ကြီးများဖြင့်အများအပြား ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး၊ယင်းကြေ

Horizons News
8 hours ago1 min read


ကြာအင်းဆိပ်ကြီးပုလိန်ရွာတိုက်ပွဲတွင်စစ်ကောင်စီဘက်မှ၂၀ ကျော် ထိခိုက်သေဆုံးပြီးနောက်ဇီးဖြူကုန်းစခန်းသို့အင်အားဖြည့်တင်းရောက်ရှိ၊တံတားများပြင်ဆင်ရန်စစ်ကြောင်းထပ်ထိုးနိုင်၍စစ်ရေးဆက်လက်တင်းမာနေ
ကြာအင်းဆိပ်ကြီး၊ အောက်တိုဘာ ၁၅ ၊ Horizons ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆)ထိန်းချုပ်နယ်မြေ၊ ကရင်ပြည်နယ်၊ကြာအင်းဆိပ်ကြီးမြို့နယ်၊ပုလိန်ကျေးရွာအနီးတွင် ဖြစ်ပွားခဲ့သည့်သုံးရက်တာတိုက်ပွဲအတွင်းစစ်ကောင်စီဘက်မှ အနည်းဆုံး၂၀ ဦးကျော်ထိခိုက်သေဆုံးခဲ့ပြီးနောက်၊အဆိုပါစစ်ကြောင်းသည်မူလရည်မှန်းချက်အတိုင်းတံခွန်တိုင်ရှိဇီးဖြူကုန်းစစ်စခန်းသို့ ရောက်ရှိကာအင်အားဖြည့်တင်းပူးပေါင်းသွားပြီဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့သတင်းရင်းမြစ်များနှင့်ဒေသခံများထံမှသိရသည်။ ပြီးခဲ့သည့်အောက်တိုဘာ၁၂...

Horizons News
9 hours ago1 min read


လက်အောက်ငယ်သားများ၏သက်သာချောင်ချိရေးကိုစောင့်ရှောက်ရန် စစ်ဘက်ခေါင်းဆောင်များကိုPDFတိုက်တွန်း
အောက်တိုဘာ ၁၅ ၊ Horizons ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က စစ်ဘက်ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်လာရန် လက်အောက်ငယ်သားများ၏အခက်အခဲနှင့် လိုအပ်ချက်များကိုနားလည်သိရှိပြီး ၎င်းတို့၏သက်သာချောင်ချိရေးကို အစဉ်တစိုက်စောင့်ရှောက်ရန် ယမန်နေ့အောက်တိုဘာ(၁၄)ရက်တွင် တိုက်တွန်းပြောဆိုခဲ့သည်။ စစ်ဘက်ခေါင်းဆောင်များလိုက်နာရမည့် အဓိကကျသောအချက်တစ်ခုမှာ“မိမိ၏လက်အောက်ငယ်သားများကိုသိရှိနားလည်ပါ၊သူတို့၏သက်သာချောင်ချိရေးကိုကြည့်ရှုစောင့်ရှောက်ပါ”(Know your people and look out for their welfare)ဟူသည့်အခြေခံမူဖ

Horizons News
11 hours ago1 min read


သဘာဝဘေးအန္တရာယ်ကိုစစ်ရေးအခွင့်အလမ်းအဖြစ်အသုံးချနေသည့်အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတကာကတားဆီးရန်ဦးကျော်မိုးထွန်းတိုက်တွန်း
နယူးယောက် ၊ အောက်တိုဘာ ၁၅ ၊ Horizons သဘာဝဘေးအန္တရာယ်များကိုစစ်ရေးအခွင့်အလမ်းအဖြစ်အသုံးချကာ ပြည်သူများထံလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများရောက်ရှိရေး ပိတ်ဆို့နေသည့်အကြမ်းဖက်စစ်ကောင်စီကိုနိုင်ငံတကာကတားဆီးရန် ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းကတိုက်တွန်းလိုက်သည်။ ဦးကျော်မိုးထွန်းသည် ယမန်နေ့အောက်တိုဘာ(၁၄)ရက်ကကုလသမဂ္ဂအထွေထွေညီလာခံ၏ဥပဒေရေးရာကော်မတီ(ဆဋ္ဌမကော်မတီ)တွင် ဘေးအန္တရာယ်ကျရောက်ချိန်လူပုဂ္ဂိုလ်များအားကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ...

Horizons News
11 hours ago1 min read


ကြာအင်းဆိပ်ကြီး ပုလိန်ရွာတိုက်ပွဲတွင်စစ်ကောင်စီစစ်ကြောင်း အထိနာ၍ဆုတ်ခွာ၊အရပ်သား၃ ဦးသေဆုံးပြီးလေကြောင်းနှင့် လက်နက်ကြီးအန္တရာယ်ကြောင့်ဒေသခံများနေရပ်မပြန်နိုင်သေး
ကြာအင်းဆိပ်ကြီး၊ အောက်တိုဘာ ၁၅ ၊ Horizons ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ (၆)ထိန်းချုပ်နယ်မြေ၊ ကရင်ပြည်နယ်၊ကြာအင်းဆိပ်ကြီးမြို့နယ်၊ပုလိန်ကျေးရွာအနီးတွင်စစ်ကောင်စီတပ်နှင့်ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်များအကြား ဖြစ်ပွားခဲ့သည့်ရက်ဆက်တိုက်ပွဲအတွင်းစစ်ကောင်စီဘက်မှအထိနာကာ ပြန်လည်ဆုတ်ခွာသွားကြောင်းနှင့်စစ်ကောင်စီ၏ပစ်ခတ်မှုများကြောင့် ဒေသခံနှင့်ခရီးသွားပြည်သူ၃ ဦးထက်မနည်းသေဆုံးခဲ့ကြောင်းမြေပြင်သတင်းရင်းမြစ်များနှင့်ဒေသခံများထံ

Horizons News
11 hours ago1 min read


ဆိပ်ခွန်မဟာစည်ကျောင်းအပါအဝင် ဘုန်းကြီးကျောင်းများဗုံးကြဲတိုက်ခိုက်မှုရပ်တန့်ရေး သံဃမဟာနာယကထံ စစ်ကိုင်းသပိတ်အင်အားစုတောင်းဆို
စစ်ကိုင်း ၊ အောက်တိုဘာ ၁၅ ၊ Horizons စစ်ကိုင်းတိုင်းဒေသသပိတ်အင်အားစုက အကြမ်းဖက်စစ်ကောင်စီ၏ဘုန်းတော်ကြီးကျောင်းများနှင့် ဗုဒ္ဓသာသနိကအဆောက်အအုံများအပေါ် လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုများရပ်တန့်စေရေးအတွက် အရေးယူဆောင်ရွက်ပေးရန် နိုင်ငံတော်သံဃမဟာနာယကဥက္ကဋ္ဌဆရာတော်ကြီးနှင့်အဖွဲ့ဝင်ဆရာတော်များထံ ယနေ့အောက်တိုဘာ(၁၅)ရက်တွင်စာပေးပို့တောင်းဆိုခဲ့သည်။ အဆိုပါစာတွင် ပြီးခဲ့သည့်အောက်တိုဘာလ(၁၁)ရက်က စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်၊ဆိပ်ခွန်ကျေးရွာရှိ အင်ကြင်းတောတိုက်မူလမဟာစည်ကျောင်းတော်ကို...

Horizons News
11 hours ago1 min read


မိုးကောင်းနှင့်မိုးညှင်းမြို့နယ်ကြားရှိထီးချိုင့်ရွာနေပြည်သူများ အကြမ်းဖက်စစ်ကောင်စီနှင့်ပျူစောထီးများ၏ရန်ကြောင့်တိမ်းရှောင်နေရ
မိုးကောင်း ၊ အောက်တိုဘာ ၁၅ ၊ Horizons ကချင်ပြည်နယ်၊မိုးကောင်းမြို့နယ်နှင့်မိုးညှင်းမြို့နယ်ကြားရှိ ထီးချိုင့်ရွာနေပြည်သူများအပေါ် အကြမ်းဖက်စစ်ကောင်စီနှင့်ပျူစောထီးများကဒုက္ခပေးနေကြောင်း ထွက်ပြေးလွတ်မြောက်လာသည့်ဒေသခံအချို့က Horizons Newsသို့ယမန်နေ့အောက်တိုဘာ(၁၄)ရက်တွင်ပြောသည်။ အကြမ်းဖက်စစ်ကောင်စီနှင့်ပျူစောထီးများက ဒေသခံပြည်သူများ၏လယ်ယာများနှင့်နွားများကို သိမ်းယူခြင်း၊တဲများကိုမီးရှို့ဖျက်ဆီးခြင်း၊အသက်မပြည့်သေးသည့်ကလေးငယ်များကို ဖမ်းဆီးခြင်းနှင့် ရိုက်နှက်နှိပ်စက်မှုများကိုလု

Horizons News
12 hours ago1 min read


ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ်ကော်မတီက မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂသံအမတ်ကြီးဦးကျော်မိုးထွန်းကိုထောက်ခံကြောင်း ဆိုင်းဘုတ်စိုက်ထူ
ဆားလင်းကြီး ၊ အောက်တိုဘာ ၁၅ ၊ Horizons စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်၊ယမားချောင်းတံတားတွင် ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ်က မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂသံအမတ်ကြီးဦးကျော်မိုးထွန်းကိုထောက်ခံကြောင်းဘန်နာကို ယမန်နေ့အောက်တိုဘာ(၁၄)ရက်ကစိုက်ထူခဲ့ကြသည်။ အကြမ်းဖက်စစ်ကောင်စီက အတင်းအဓမ္မတရားမဝင်ပြုလုပ်ခဲ့သည့်(၂၀၂၅)ရွေးကောက်ပွဲအပြီးတွင် ကုလသမဂ္ဂ၌မြန်မာနိုင်ငံကိုယ်စားပြုတစ်နေရာစာရရှိရေးကို အကြမ်းဖက်စစ်ကောင်စီနှင့်တော်လှန်ရေးအင်အားစုများကအားပြိုင်နေကြခြင်းဖြစ်သည်။ အဆိုပါနေရာတွင

Horizons News
12 hours ago1 min read


မိခင်ဒေါ်အောင်ဆန်းစုကြည်ကိုပြန်လွှတ်ပေးရန် သားဖြစ်သူကင်မ်အဲရစ်၏တောင်းဆိုစာကို ချက်သမ္မတနိုင်ငံရှိမြန်မာသံရုံ လက်မခံ
ပရာ့ဂ် ၊ အောက်တိုဘာ ၁၅ ၊ Horizons ချက်သမ္မတနိုင်ငံ၊ပရာ့ဂ်မြို့ရှိမြန်မာသံရုံးက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုပြန်လွှတ်ပေးရန်တောင်းဆိုစာကိုလက်မခံခဲ့ကြောင်း သားဖြစ်သူကင်မ်အဲရစ်က ယမန်နေ့အောက်တိုဘာ(၁၄)ရက်တွင် ဓာတ်ပုံနှင့်တကွဖော်ပြခဲ့ကြောင်းသိရသည်။ သားဖြစ်သူကင်မ်အဲရစ်က“သူတို့ကျွန်တော့်စာတွေကိုလျစ်လျူရှုနိုင်ပါတယ်။ဒါပေမဲ့ ကျွန်တော်မေမေ့အတွက် ဘယ်တော့မှလက်မြှောက်အရှုံးပေးမှာမဟုတ်ပါဘူး။မေမေ့ကိုလွှတ်ပေးပါ။နိုင်ငံရေးအကျဉ်းသားအားလုံးကိုလွှတ်ပေးပါ”ဟ

Horizons News
12 hours ago1 min read


ကလေးမြို့တောင်ဖီလာရပ်ကွက်ရှိလယ်ယာမြေများပေါ်တွင်ခွင့်ပြုချက်မဲ့ မြေကွက်ရိုက်အဆောက်အအုံဆောက်လုပ်ထားမှုများကို၂ ပတ်အတွင်းဖယ်ရှားရန်အသိပေး၊မလိုက်နာပါကတရားစွဲမည်ဟုဆို
ကလေး၊ အောက်တိုဘာ ၁၅ ၊Horizons စစ်ကိုင်းတိုင်းဒေသကြီး၊ကလေးမြို့၊တောင်ဖီလာရပ်ကွက်အတွင်းရှိ လယ်ယာမြေများပေါ်တွင်ခွင့်ပြုချက်မရှိဘဲမြေကွက်ရိုက်ရောင်းချထားမှုနှင့်အဆောက်အအုံဆောက်လုပ်ထားမှုများကိုအောက်တိုဘာ၂၁ ရက် နောက်ဆုံးထားကာဖယ်ရှားရှင်းလင်းကြရန်ရပ်ကွက်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ကအသိပေးထုတ်ပြန်ထားကြောင်းသိရသည်။ တောင်ဖီလာရပ်ကွက်အတွင်းရှိလယ်ယာမြေများကိုလူနေအိမ်ရာမြေကွက်အဖြစ်ခွင့်ပြုချက်မရှိဘဲမြေဖို့၊လမ်းခင်းကာအကွက်ရိုက်ရောင်းချခဲ့ကြသဖြင့်ဝယ်ယူသူများအနေဖြင့်လည်း"အခြားနည်းအသုံးပြုခွင

Horizons News
12 hours ago1 min read


တမူးမြို့နယ်အောက်တောင်းရွာကိုစစ်ကောင်စီတပ်ကဒရုန်းဖြင့် ဗုံးကြဲ၊ လမ်းပိုင်းတစ်လျှောက်ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်နေ
တမူး၊ အောက်တိုဘာ ၁၅ ၊ Horizons စစ်ကိုင်းတိုင်းဒေသကြီး၊တမူးမြို့နယ်ရှိအောက်တောင်းကျေးရွာကိုစစ်ကောင်စီတပ်ကယမန်နေ့အောက်တိုဘာ ၁၄ ရက်တွင်ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းဒေသခံသတင်းရင်းမြစ်များထံမှသိရသည်။ ကလေး-တမူးကားလမ်းမပေါ်ရှိဘုက္ကန်ကျေးရွာ၌အခြေစိုက်တပ်စွဲထားသောစစ်ကောင်စီတပ်သည်၎င်းတို့စခန်းနှင့်၄ မိုင်ခန့်အကွာ၊ဘုက္ကန်နှင့် မင်းသမီးကျေးရွာကြားကလေး-တမူးလမ်းအရှေ့ဘက်ခြမ်းရှိအောက်တောင်းကျေးရွာဝန်းကျင်သို့ဒရုန်းဖြင့်ဗုံးသီး၄ လုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊အဆိုပါတိုက်ခိုက်မှ

Horizons News
12 hours ago1 min read
bottom of page