top of page
လူမှုဘဝ
လူမှုကွန်ရက်နှင့် လူနေ မှုဘဝသတင်း များ


သွင်းကုန်ကန့်သတ်သည့် မူဝါဒများကြောင့် မွေးမြူရေးကုန်ကြမ်းရှားပါးကာ ကြက်သားနှင့် ကြက်ဥဈေးနှုန်းများ စံချိန်တင် မြင့်တက်
ရန်ကုန် ၊ ဇူလိုင် ၁၆ ၊ Horizons စားနပ်ရိက္ခာဖူလုံရေးအတွက် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ရန် စစ်ကောင်စီအကြီးအကဲက မကြာခဏ ပြောဆိုနေသော်လည်း လက်တွေ့မြေပြင်တွင် ဗဟိုဘဏ်၏ ဒေါ်လာထိန်းချုပ်မှုနှင့် သွင်းကုန်ကန့်သတ်မှုများကြောင့် တိရစ္ဆာန်ဆေးဝါးနှင့် အစာကုန်ကြမ်းများ ပြတ်လပ်ကာ ယခုရက်ပိုင်းအတွင်း ကြက်သားနှင့် ကြက်ဥဈေးနှုန်းများ အဆမတန် မြင့်တက်လျက်ရှိသည်။ ရန်ကုန်မြို့တွင်း ဈေးကွက်များ၌ ယခုတစ်ပတ် တနင်္လာနေ့မှစတင်၍ အသားစား CP ကြက်သား ရင်ပုံသား (၁၀) သားလျှင် ယခင် ၂,၃၀၀ ကျပ်မှ ၃,၀၀၀ ကျပ် (

Horizons News
1 day ago1 min read


ဖားကန့်မှာ မြေစာပုံ ပြိုလို့ လူလေးဦး သေဆုံး
ကချင်၊ ဇွန် ၂၈ ၊ Horizons ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ နမ့်မှော်ကျေးရွာ၊ သုံးသိန်းမှော်က မြေစာပုံ ပြိုကျလို့ လူသေဆုံးမှုတွေ ရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်တစ်ဦးက ဖော်ပြပါတယ် ဒီနေ့မနက်တစ်နာာရီခန့်မှာ သုံးသိန်းမှော်က မြေစာပုံ ပြိုကျတဲ့အတွက် လူခြောက်ဦးက ပျောက်ဆုံး နေပြီး အဲဒီအထဲမှာက သေဆုံးရုပ်အလောင်းလေးလောင်းကို ပြန်တွေ့ရှိတယ်လို့ ဒေသခံက အသိပေးပါတယ်။ ပြီးခဲ့တဲ့ မတ် ၃ ရက်နေ့က မျောက်ဖြူ - ကုလားမှော်ကျေးရွာက ကျောက်တူးဖော်တဲ့လုပ်ကွက်က မြေပြိုကျတဲ့အတွက် တစ်ဦး

Horizons News
Jun 281 min read


ဗင်နီဇွဲလား အမြွှာငလျင်ကြောင့် သေဆုံးသူ ၁,၄၀၀ ကျော်အထိ မြင့်တက်လာပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ကြန့်ကြာမှုအပေါ် ဒေသခံများ စိတ်ပျက်နေ
ကာရာကတ်စ် ၊ ဇွန် ၂၈ ၊ Horizons ဗင်နီဇွဲလားနိုင်ငံတွင် ယခုတစ်ပတ်အတွင်း လှုပ်ခတ်ခဲ့သော အဖျက်စွမ်းအားပြင်း အမြွှာငလျင်များကြောင့် သေဆုံးသူအရေအတွက်မှာ လူပေါင်း (၁,၄၃၀) ဦးထက်မနည်း ရှိလာပြီဖြစ်ကြောင်း နိုင်ငံ၏ ထိပ်တန်းလွှတ်တော်အမတ်က စနေနေ့တွင် အတည်ပြု ထုတ်ပြန်လိုက်သည်။ လက်ရှိတွင် ကယ်ဆယ်ရေးသမားများက အသက်ရှင်ကျန်ရစ်သူများကို အပျက်အစီးများကြားမှ ရှာဖွေနိုင်ရန် အချိန်နှင့်တစ်ပြေးညီ အပြင်းအထန် ကြိုးပမ်းနေကြသော်လည်း၊ လေးလံသော ကယ်ဆယ်ရေးစက်ယန္တရားကြီးများ လိုအပ်နေခြင်းနှင့် အဆက်မပြတ် လှုပ်

Horizons News
Jun 281 min read


ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးအတွက် နေအိမ်တစ်လုံး ကျပ်သိန်း (၁,၀၀၀) အထိ ထောက်ပံ့ပေးနေသော်လည်း နစ်နာကြေးနည်းပါးသဖြင့် လက်မခံသည့် ဒေသခံများရှိနေ
နမ့်ခမ်း ၊ ဇွန် ၂၇ ၊ Horizons ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ထိန်းချုပ်ထားသော ကောင်းတပ်ကျေးရွာတွင် ယမ်းဂိုဒေါင်ပေါက်ကွဲမှုကြောင့် ပျက်စီးသွားခဲ့ရသည့် နေအိမ်များ ပြန်လည်ထူထောင်ရေးအတွက် နေအိမ်တစ်လုံးလျှင် အမြင့်ဆုံး ကျပ်သိန်း (၁,၀၀၀) အထိ ကူညီထောက်ပံ့ပေးလျက်ရှိသော်လည်း၊ ပေးအပ်သည့်ပမာဏမှာ နည်းပါးလွန်းသည်ဟုဆိုကာ လက်မခံဘဲ ငြင်းဆန်နေသည့် ဒေသခံပြည်သူများလည်း ရှိနေကြောင်း သိရသည်။ အဆိုပါ ထောက်ပံ့ငွေများကို တိုင်းရင်းသားလက်

Horizons News
Jun 271 min read


မက္ကလာ (Ewiniar) တိုင်ဖွန်းမုန်တိုင်းအရှိန်ကြောင့် ထိုင်ဝမ်တောင်ပိုင်းတွင် မိုးသည်းထန်ပြီး ရေကြီးရေလျှံမှုများ ဆိုးရွားစွာဖြစ်ပွား
ထိုင်ပေ၊ ဇွန် ၂၆ ၊ Horizons ဂျပန်နိုင်ငံဘက်သို့ ဦးတည်ရွေ့လျားနေသည့် မက္ကလာ (Ewiniar) တိုင်ဖွန်းမုန်တိုင်း၏ အပြင်ဘက် တိမ်တိုက်များ ဖြတ်သန်းမှုကြောင့် ဇွန်လ ၂၅ ရက်နေ့က ထိုင်ဝမ်တောင်ပိုင်း ဒေသအချို့နှင့် ထိုင်ပေမြို့တို့တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ဆိုးရွားသည့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ မုန်တိုင်းသည် ထိုင်ဝမ်ကျွန်းပေါ်သို့ တိုက်ရိုက်ဝင်ရောက်ဖြတ်သန်းခြင်း မရှိခဲ့သော်လည်း မုန်တိုင်းတိမ်တိုက်များ၏ အရှိန်ကြောင့် နေရာအတော်များများတွင် မိုးများသွန်းအ

Horizons News
Jun 261 min read


ဗင်နီဇွဲလားတွင် ၇ ဒသမ ၅ နှင့် ၇ ဒသမ ၂ အဆင့်ရှိ ငလျင်ကြီးနှစ်ခု ဆက်တိုက်လှုပ်ခတ်ပြီး အဆောက်အအုံများ ပြိုကျပျက်စီး
ကာရာကပ်စ်၊ ဇွန် ၂၅ ၊ Horizons ဗင်နီဇွဲလားနိုင်ငံတွင် ဇွန်လ ၂၄ ရက် ညနေပိုင်းက ပြင်းအား ၇ ဒသမ ၅ နှင့် ၇ ဒသမ ၂ အဆင့်ရှိ ငလျင်ကြီးနှစ်ခု တစ်မိနစ်ခန့်သာ ကွာခြား၍ ဆက်တိုက်လှုပ်ခတ်ခဲ့သဖြင့် မြို့တော် ကာရာကပ်စ်အပါအဝင် ဒေသအချို့၌ အဆောက်အအုံများစွာ ပြိုကျပျက်စီးခဲ့ကာ လူထိခိုက်သေဆုံးမှုများ ရှိနိုင်ကြောင်း နိုင်ငံတကာသတင်းများအရ သိရသည်။ အမေရိကန် ဘူမိဗေဒတိုင်းတာရေးဌာန (USGS) ၏ ထုတ်ပြန်ချက်အရ ပထမအကြိမ် ၇ ဒသမ ၂ အဆင့်ရှိ ငလျင်သည် မြေအောက်အနက် ၂၂ ကီလိုမီတာကို ဗဟိုပြုလှုပ်ခတ်ခဲ့ပြီး တစ်မိနစ်ခန

Horizons News
Jun 251 min read


လာမည့် ၂၄ နာရီမှ ၄၈ နာရီအတွင်း ဒေသအချို့တွင် မိုးရွာပြီး လေပြင်းတိုက်ခတ်နိုင်ဟု ဒေါက်တာစိုင်းခွန်အာကာ ခန့်မှန်း
ဇွန် ၂၄ ၊ Horizons မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့နယ်နှင့် ဒေသအချို့တွင် လာမည့် ၂၄ နာရီမှ ၄၈ နာရီအတွင်း မိုးရွာသွန်းပြီး လေတိုက်ခတ်မှုများ ဖြစ်ပေါ်နိုင်ကြောင်း ပရော်ဖက်ရှင်နယ် မိုးလေဝသသုတေသီနှင့် လေထုသိပ္ပံပညာရှင် ဒေါက်တာစိုင်းခွန်အာကာက ယနေ့ ဇွန်လ ၂၄ ရက် နံနက် ၁၁ နာရီတွင် ခန့်မှန်းထုတ်ပြန်လိုက်သည်။ မိုးရွာသွန်းပြီး လေတိုက်ခတ်မှု ဖြစ်ပေါ်လာနိုင်သည့် ဒေသများမှာ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ လိုင်ဇာ၊ ဒေါ့ဖုန်းယန်၊ ဗန်းမော်၊ လဂျားယန်၊ ဗန်းမောက်၊ ပင်လည်ဘူး၊ အလောင်းတ

Horizons News
Jun 241 min read


ရွှေပြည်သာ ဝါးတရာစက်မှုဇုန်ရှိ အိတ်ချုပ်စက်ရုံ အလုပ်သမား ၂၀၀ ကျော် လုပ်ခလစာတိုးမြှင့်ပေးရန် တောင်းဆို
ရန်ကုန် ၊ ဇွန် ၂၂ ၊ Horizons ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်ရှိ Myanmar Chaofa Leatherware Limited အိတ်ချုပ်စက်ရုံမှ အလုပ်သမား ၂၀၀ ကျော်သည် ပြီးခဲ့သည့် ဇွန်လ ၁၈ ရက်နေ့မှစတင်ကာ ယနေ့အထိ လုပ်ခလစာများ တိုးမြှင့်ပေးရန် တောင်းဆိုမှုများ ပြုလုပ်နေကြောင်း သိရသည်။ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) ၏ အသိပေးချက်အရ အလုပ်သမားများက စက်မြင့်ချုပ်သမားကို တစ်ရက်လျှင် ၁၀,၇၀၀ ကျပ်၊ စက်နိမ့်ချုပ်သမားကို ၁၀,၅၀၀ ကျပ်နှင့် အခြေခံဒေးကြေး ၁၂,၀၀၀ ကျပ်ကို တန်းတူပေး

Horizons News
Jun 221 min read


FATF က မြန်မာနိုင်ငံကို ငွေကြေးခဝါချမှုအန္တရာယ်မြင့်နိုင်ငံအဖြစ် အမည်ပျက်စာရင်းမှာ ထပ်မံထည့်သွင်း
ရန်ကုန်၊ ဇွန် ၂၂ ၊ Horizons မြန်မာနိုင်ငံမှာ အွန်လိုင်းမှ လိမ်လည်ခြင်း နဲ့ ဆိုက်ဘာရာဇဝတ်မှုတွေ ကျယ်ပြန့်နေဆဲဖြစ်ပြီး တရားမဝင် ငွေကြေးစီးဆင်းမှုဆိုင်ရာတွေက သိသာထင်ရှားတဲ့အန္တရာယ်တွေ ဖြစ်ပေါ်စေနေတဲ့အတွက် ငွေကြေးခဝါချမှုအန္တရာယ်မြင့်နိုင်ငံအဖြစ် အမည်ပျက်စာရင်းမှာ ထပ်မံထည့်သွင်းတယ်လို့ နိုင်ငံတကာ ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့ (FATF) က ဇွန် ၁၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလမှာ မြန်မာနိုင်ငံက မဟာဗျူဟာမြောက်ချို့ယွင်းချက်တွေကို ဖြေရှင်းဖို့

Horizons News
Jun 221 min read


မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ပြိုကျမှုကြောင့် ဖားကန့် - ကားမိုင်း လမ်းပိုင်း ယာဉ်အသွားအလာ ယာယီရပ်ဆိုင်း
မြစ်ကြီးနား၊ ဇွန် ၂၂ ၊ Horizons ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း ရက်ဆက်မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ဖားကန့် - ကားမိုင်း လမ်းမကြီးပေါ်တွင် တောင်ပြိုကျမှု ဖြစ်ပွားခဲ့ပြီး လမ်းပိတ်ဆို့သွားသဖြင့် ယာဉ်အသွားအလာများ ယာယီရပ်ဆိုင်းထားရကြောင်း ဒေသခံများနှင့် ကုန်သည်များထံမှ သိရသည်။ ဖြစ်စဉ်မှာ ဖားကန့် - ကားမိုင်း လမ်းပိုင်းရှိ တံတားညီနောင်နေရာတွင် ယနေ့ရက်ပိုင်းအတွင်း အဆက်မပြတ် မိုးရွာသွန်းခဲ့မှုကြောင့် ယခုကဲ့သို့ တောင်မြေပြိုကျမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ မြေပြိုကျမှု

Horizons News
Jun 221 min read


ရန်ကုန်-မန္တလေး အမြန်လမ်းတွင် Express ယာဉ်နှစ်စီး ဆင့်တိုက်မိမှုကြောင့် (၃) ဦးသေဆုံးပြီး (၄) ဦး ဒဏ်ရာရရှိ
အမြန်လမ်း၊ ဇွန် ၂၂ ၊ Horizons ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၁၇/၇) ဖာလုံတွင် ယနေ့ ဇွန်လ (၂၂) ရက်နေ့ နံနက် (၃) နာရီအချိန်ခန့်က ခရီးသည်တင် Express ယာဉ်နှစ်စီး ဆင့်တိုက်မှုဖြစ်ပွားခဲ့ရာ (၃) ဦးသေဆုံးပြီး (၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ အဆိုပါနေရာတွင် ရှေ့မှ မောင်းနှင်လာသော "ရတနာဖြိုး" ခရီးသည်တင် Express ယာဉ်ကို "ရွှေမန္တလာ" ခရီးသည်တင် Express ယာဉ်က နောက်ဘက်မှ ဝင်ရောက်တိုက်မိခဲ့ခြင်း ဖြစ်သည်။ ယင်းယာဉ်တိုက်မှုအရှိန်ကြောင့် ယာဉ်ပေါ်ပါ ခရီးသည်မ

Horizons News
Jun 221 min read


တာချီလိတ်မြို့တွင် အရှိန်လွန်မောင်းနှင်လာသည့် ကားက နောက်မှဝင်တိုက်မိ၍ ဆိုင်ကယ်မောင်းနှင်သူ အမျိုးသမီးတစ်ဦး ပွဲချင်းပြီး သေဆုံး
တာချီလိတ်၊ ဇွန် ၂၀ ၊ Horizons ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်တွင် ယနေ့ (ဇွန်လ ၂၀ ရက်) နံနက်ပိုင်းက အရှိန်လွန်မောင်းနှင်လာသော လူစီးကားတစ်စီးက ဆိုင်ကယ်အား နောက်မှဝင်တိုက်မိရာ ဆိုင်ကယ်မောင်းနှင်သူ အမျိုးသမီးတစ်ဦး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။ ယာဉ်တိုက်မှုဖြစ်စဉ်မှာ ယနေ့နံနက် (၉) နာရီ (၄၅) မိနစ်ဝန်းကျင်ခန့်က တာချီလိတ်မြို့နယ်၊ ဝမ်လုံးကျေးရွာအုပ်စု၊ ဟွေခိုက်ကျေးရွာအနီးရှိ ကျိုင်းတုံ-တာချီလိတ် ကားလမ်းမပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ တာချီလိတ်မြိ

Horizons News
Jun 201 min read


မိုးကောင်းမြို့တွင် မြစ်ရေ စိုးရိမ်ရေမှတ်ထက် ၁၈၀ စင်တီမီတာအထိ ကျော်လွန်မြင့်တက်ကာ တစ်မြို့လုံးနီးပါး အရေးပေါ်ရေဘေးသင့်နေ
ကချင်၊ ဇွန် ၂၀ ၊ Horizons ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်တွင် မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းမှုများကြောင့် မြစ်ရေသည် စိုးရိမ်ရေမှတ်ထက် ၁၈၀ စင်တီမီတာအထိ စိုးရိမ်ဖွယ်ရာ ကျော်လွန်မြင့်တက်လာခဲ့ပြီး မြို့ပေါ်ရပ်ကွက်များနှင့် လမ်းမများအားလုံး ရေနစ်မြုပ်ကာ တစ်မြို့လုံး အရေးပေါ် ရေဘေးသင့်နေကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။ မိုးကောင်းမြို့တွင် ယမန်နေ့ (ဇွန်လ ၁၉ ရက်) ညနေပိုင်းကတည်းက မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းခဲ့ခြင်းဖြစ်ပြီး၊ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုနှင့်အတူ မိုးကော

Horizons News
Jun 201 min read


ဖားကန့်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေစီးနှင့်အတူ မျောပါသွားသည့် ရေမဆေးကျောက်ရှာသူတစ်ဦး သေဆုံး
ဖားကန့်၊ ဇွန် ၁၆ ၊ Horizons ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဘဇံချောက်ကျေးရွာ ရပ်ကွက် (၃) တွင် နေထိုင်သည့် အသက် (၄၀) ခန့်အရွယ် ရေမဆေးကျောက်ရှာဖွေသူ ဦးဝင်းမြင့်ထွန်းသည် မျောကြောင်းပေါက်ကျချိန် ရေစီးနှင့်အတူ မျောပါသေဆုံးသွားခဲ့ကြောင်း သိရှိရသည်။ ယမန်နေ့ နံနက် (၉) နာရီခန့်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အရှိန်ပြင်းစွာ စီးဆင်းလာသည့် မျောရေစီးကြောင်းအတွင်း မျောပါသွားခဲ့ခြင်းဖြစ်သည်။ ကနဦးတွင် ကမ်းပါးပြိုကျ၍ သေဆုံးသည်ဟု ထင်မှတ်ခဲ့သော်လည်း အမှန်တကယ်တွင် မျောရေ

Horizons News
Jun 161 min read


ရခိုင်နှင့် ပလက်ဝရှိ ပညာရေးဝန်ထမ်းများကို AA က လစာငွေများ စတင်ထောက်ပံ့မည်
ရခိုင် ၊ ဇွန် ၁၅ ၊ Horizons အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းရှိ ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများကို လာမည့် ပညာသင်နှစ်မှစတင်ကာ လစဉ်လစာငွေများ စတင်ထောက်ပံ့ပေးတော့မည်ဖြစ်ကြောင်း အာရက္ခပညာရေးဌာန တာဝန်ရှိသူများထံမှ သိရသည်။ AA အနေဖြင့် မိမိတို့ ထိန်းချုပ်နယ်မြေအတွင်း ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်မှစတင်ကာ အခြေခံပညာနှင့် အဆင့်မြင့်ပညာအတွက် ဝန်ဆောင်မှုပေးနိုင်ခဲ့သော်လည်း လစာပေးနိုင်ခြင်းမရှိခဲ့ဘဲ ယခုနှစ်တွင်မှ လစာများ စတင်ပေးအပ်မည်ဖြစ်သည်။

Horizons News
Jun 151 min read


ဖားကန့်မြို့နယ်တွင် မိုးဆက်တိုက်ရွာသွန်းပြီး ရေနုတ်မြောင်းများ ပိတ်ဆို့မှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်အချို့ ရေကြီးရေလျှံဖြစ်ပွား
ဖားကန့် ၊ ဇွန် ၁၅ ၊ Horizons ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ပြီးခဲ့သည့် ဇွန်လ (၁၀) ရက်နေ့မှစတင်၍ မိုးဆက်တိုက်ရွာသွန်းခဲ့ရာ ဇွန်လ (၁၄) ရက်နေ့ မွန်းတည့် (၁၂) နာရီဝန်းကျင်မှစတင်ကာ မြို့ပေါ်နှင့် မြေနိမ့်ပိုင်းရပ်ကွက်အချို့တွင် ရေကြီးရေလျှံမှုများ စတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဒေသခံများ၏ ပြောပြချက်အရ ယခုရေကြီးမှုသည် ချောင်းရေလျှံတက်လာခြင်းကြောင့် မဟုတ်ဘဲ မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေနုတ်မြောင်းများ ပိတ်ဆို့နေမှုကြောင့် ဖြစ်ကြောင်း သိရသည်။ လုံးခင်းဒေသခံ အမျိုးသမီးတစ်ဦးက

Horizons News
Jun 151 min read


နမ့်ခမ်းမြို့၊ ကောင်းတပ်ကျေးရွာတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေပြီး UWSA မှ သိန်း ၆၀၀၀ လှူဒါန်း
နမ့်ခမ်း ၊ ဇွန် ၁၄ ၊ Horizons ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ရှိ အမှတ် (၁) ကောင်းတပ်ရပ်ကွက်တွင် နေရပ်ပြန်လည်ထူထောင်ရေးအတွက် ဒေသခံပြည်သူများနှင့် ကော်မတီအဖွဲ့များ ပူးပေါင်းကာ ရှင်းလင်းရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်နေ့မှစတင်၍ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။ လက်ရှိအချိန်တွင် ပျက်စီးသွားသော အဆောက်အအုံများနေရာ၌ သံမဏိဘောင်များ ပြန်လည်တပ်ဆင်ခြင်းများကို ဦးစားပေး လုပ်ဆောင်နေကြောင်း သိရသည်။ အဆိုပါ ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေး လုပ်

Horizons News
Jun 141 min read


ရခိုင်ဒေသရှိ Kpay နှင့် KBZ ဘဏ်အကောင့်များ ပိတ်ဆို့ခံရသဖြင့် ငွေသားပြတ်လပ်မှုနှင့် ကုန်စည်စီးဆင်းမှု ကျပ်တည်းလာနိုင်ကြောင်း ဒေသခံများ စိုးရိမ်
ရခိုင်၊ ဇွန် ၁၃ ၊ Horizons အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံများနှင့် ငွေလွှဲ/ငွေထုတ် လုပ်ငန်းလုပ်ကိုင်သူများ၏ KBZ Mobile Banking နှင့် Kpay အကောင့်အများအပြားသည် ဇွန်လ ၁၁ ရက်နေ့မှစတင်ကာ အသုံးပြု၍မရဘဲ ပိတ်ဆို့ခံထားရကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်နေ့ပိုင်းက ကမ္ဘောဇဘဏ် (KBZ) ၏ နည်းပညာစနစ်မြှင့်တင်မှု ပြုလုပ်ပြီးနောက်ပိုင်းတွင် ယခုကဲ့သို့ အကောင့်အများအပြား တစ်ပြိုင်နက်တည်း အသုံးပြု၍မရဘဲ ဖြစ်သွားခဲ့ခြင်းဖြစ်သည်။ အဓိကအားဖြင့် ရခိုင်ပြည်နယ်

Horizons News
Jun 131 min read


နမ့်ခမ်းပေါက်ကွဲမှု ထိခိုက်ခံရသူများအတွက် MNTJP/MNDAA၊ MSF မှ ဆေးဝါးများ လှူဒါန်း
နမ့်ခမ်း၊ ဇွန် ၁၁ ၊ Horizons ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာတွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ထိခိုက်ဘေးသင့်ခဲ့ရသည့် ဒေသခံပြည်သူများအတွက် ဆေးကုသမှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် MNTJP/MNDAA နှင့် နယ်စည်းမခြားဆရာဝန်များအဖွဲ့ (MSF - လိုင်ဇာရုံး) တို့က လိုအပ်သော ဆေးဝါးနှင့် အထောက်အပံ့ပစ္စည်းများကို သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ ဆေးဝါးနှင့် ထောက်ပံ့ရေးပစ္စည်းများကို ပြီးခဲ့သည့် ဇွန်လ ၄ ရက်နေ့က နမ့်ခမ

Horizons News
Jun 111 min read


ဘန်ကောက်မြို့တွင် မြန်မာအမျိုးသမီးတစ်ဦး ဓားဒဏ်ရာများဖြင့် ရက်စက်စွာ အသတ်ခံရ
ဘန်ကောက်၊ ဇွန် ၁၁ ၊ Horizons ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘန်ခွန်ထီယန်ခရိုင်ရှိ အငှားတိုက်ခန်းတစ်ခုအတွင်း အသက် ၃၅ နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦး ဓားဒဏ်ရာများဖြင့် ရက်ရက်စက်စက် အသတ်ခံထားရမှုကို ဇွန်လ ၁၀ ရက်နေ့က တွေ့ရှိခဲ့ရပြီး ထိုင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။ သေဆုံးသူမှာ အထည်ချုပ်စက်ရုံလုပ်သား မအိမွန်ထွေးဖြစ်ပြီး ၎င်းနေထိုင်ရာ အခန်းအတွင်းမှ ပုပ်နံ့များ ထွက်ပေါ်လာသဖြင့် ပတ်ဝန်းကျင်က သွားရောက်စစ်ဆေးရာမှ သွေးအိုင်အတွင်း မှောက်လျက်သေဆုံးနေသည့် ရုပ်

Horizons News
Jun 111 min read
bottom of page