top of page
Logo-Icon.png

ကချင်-စစ်ကိုင်းအစပ်ဒေသတွေကို စစ်တပ်နဲ့ ကေအိုင်အေ လွန်ဆွဲမှု



အင်းတော်ကို ကချင်လွတ်လပ်ရေးတပ်(KIA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့တွေ ၂၀၂၅ ခုနှစ် ဧပြီမှာ သိမ်းပိုက်ချိန်က ရရှိခဲ့တဲ့လက်နက်တွေ (ပုံဟောင်း)


ကချင်နဲ့ စစ်ကိုင်းအစပ် မန္တလေး-မြစ်ကြီးနားကားလမ်းတလျှောက်မှာ စစ်တပ်နဲ့ KIA၊ PDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေဖြစ်နေပါတယ်။


စစ်ရေးတင်းမာမှုတွေကြောင့် ခရီးသည်တင်နဲ့ ကုန်တင်ကားတွေ ရာနဲ့ချီ ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။


မြစ်ကြီးနားဘက်က ဆင်းလာတဲ့ကားတွေက မိုးညှင်းမြို့နယ် နန်းစီးအောင်ဂိတ်မှာ ရပ်တန့်နေကြရပြီး၊ မန္တလေးဘက်က တက်လာတဲ့ကားတွေကတော့ ကသာမြို့နား နဘားရွာတဝိုက်မှာ ပိတ်မိနေပါတယ်။


စစ်တပ်က မန္တလေး-မြစ်ကြီးနား လမ်းကြောင်းကို ပြန်ထိန်းချုပ်နိုင်ရေး တစ်နှစ်နီးပါးစစ်ဆင်ရေးလုပ်ကာ မေလဆန်းမှာ လမ်းပြန်ဖွင့်ခဲ့ပါတယ်။ ဒါပေမဲ့ ကသာခရိုင်ထဲမှာတော့ မေလ တတိယပတ်ကစပြီး နှစ်ဖက် တိုက်ပွဲတွေ ပြန်ဖြစ်လာတာပါ။


KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ စစ်တပ်ဟာ ဒီလမ်းကို အသုံးပြုပြီး ကချင်ပြည်နယ်ထဲ လူအင်အားနဲ့ ရိက္ခာတွေ ပို့နိုင်တာကြောင့် စစ်တပ်တပ်စွဲထားတဲ့ နေရာတွေကို ဝင်တိုက်နေတယ်လို့ ပြောပါတယ်။



မော်လူးမြို့ပေါ် ကျေးရွာ ညောင်ပင်သာရွာမှာ မီးရှို့ခံရတဲ့အခြေအနေလို့ ဒေသခံတွေက ပြောပါတယ်


ဧရာဝတီမြစ်ရဲ့အနောက်ဘက်ခြမ်းက မန္တလေး- မြစ်ကြီးနား ကားလမ်းကို စစ်တပ်က ပြန်စိုးမိုးပြီးနောက် ကချင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာခရိုင်ထဲက ကသာ၊ အင်းတော်၊ ဗန်းမောက်၊ ထီးချိုင့်မှာ တိုက်ပွဲတွေ ဆက်ရှိနေပါတယ်။


KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ အဲဒီမြို့နယ်တွေကို စစ်တပ်က ဒီနှစ် အစောပိုင်းမှာပဲ ပြန်ထိန်းချုပ်လိုက်တာဖြစ်ပါတယ်။


စစ်တပ်ရဲ့လူအင်အား၊ လက်နက်အင်အားနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပူးပေါင်းအဖွဲ့တွေဟာ မြို့တွေကနေ နောက်ဆုတ်ခဲ့ရပါတယ်။

Comments


bottom of page