ချောက်မြို့နယ်မှာ တန်ပြန်တိုက်ခိုက်ခံရလို့ ပြည်သူ့ကာကွယ်ရေးရဲဘော် အယောက်နှစ်ဆယ် ကျဆုံး
- Horizons News

- Jul 10
- 1 min read
မကွေး၊ ဇူလိုင် ၁၀ ၊ Horizons

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဆယ်က အကြမ်းဖက်စစ်တပ်ရဲ့ တန်ပြန်တိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့ရပြီး လက်နက်ခဲယမ်းတွေ ဆုံးရှုံးခဲ့ရတယ်လို့ မြေပြင်သတင်းရင်းမြစ်နှစ် ဦးက အတည်ပြုပေးပါတယ်။
အကြမ်းဖက်စစ်တပ်လော်ဘီတွေက ရေနံချောင်း - ချောက်မြို့နယ်အစပ်မှာ PDF စခန်းကို ဒုရဲမှူးကြီးကျော်သူ ဦးဆောင်တဲ့ ရဲကွန်မန်ဒိုစစ်ကြောင်းတပ်ခွဲ ၁ က စီးနင်းတိုက်ခိုက်ခဲ့တာလို့ ဖော်ပြနေပါတယ်။

ဒေသခံစစ်ရေးသတင်းရင်းမြစ်က “ အရေအတွက် အတိအကျတော့ မသိရသေးပါဘူး။ ကိုယ့်ဘက်က ကျဆုံးတာတော့ မှန်ပါတယ်” လို့ ပြောပါတယ်။
Horizons News အနေနဲ့ ကျဆု့းခဲ့ရတဲ့ပြည်သူ့ကာကွယ်ရေးရဲဘော်တွေက ဘယ်တပ်ရင်းတပ်ဖွဲ့တွေဆိုတာ စုံစမ်းလျက်ရှိပါတယ်။
မကွေးတိုင်း၊ ချောက်မြို့နယ်မှာ ဇွန် ၈ ရက်နေ့နောက်ပိုင်းတည်းက ဒီနေ့အချိန်အထိ အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုုးပြီး ပြည်သူနေအိမ်တွေကို မီးရှို့နေတာ ဖြစ်ပါတယ်။



Comments