ချောင်းဦးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က ဆူဆိုက်ငါးစီး နဲ့ MI 35 သုံးပြီး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်
- Horizons News

- Jul 10
- 1 min read
စစ်ကိုင်း၊ ဇူလိုင် ၁၀ ၊ Horizons

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က ဆူဆိုက်ဒရုန်းငါးစီး နဲ့ MI 35 သုံးပြီး လေကြောင်း တိုက်ခိုက်လို့ ဒေသခံပြည်သူတွေ ရှောင်နေရတယ်လို့ မြောင်သတင်းမှန်ပြန်ကြားရေးက အသိပေးပါတယ်။
ဒီနေ့နေလယ် ၁၁ နာရီခွဲခန့်မှာ မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်တက် ဆူဆိုက်ဒရုန်းငါးစီးနဲ့ MI 35 တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီးက မှန်ချို ကျေးရွာ နဲ့ ငါးယှန်ကျေးရွာကြားကို တိုက်ခိုက်ခဲ့ တာ ဖြစ်ပါတယ်။
မြောင်သတင်းမှန်ပြန်ကြားရေးတာဝန်ရှိသူက “ စခန်းရှိတယ်ထင် နဲ့ လာချတာ နေမယ်။ ပြည်သူ တွေတော့ ရှောင်ရတယ်” လို့ ပြောပါတယ်။
တစ်ခြားစစ်ရေးသတင်းရင်းမြစ်အပြောအရတော့ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ကြောင့် ဒေသခံတစ်ချို့က တိမ်းရှောင်ရကြောင်း သိရပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ပြည်သူအထိအခိုက် မရှိကြောင်း မြောင်သတင်းမှန်ပြန်ကြားရေးက အသိပေးပါတယ်။









Comments