ရခိုင်ပြည်နယ်က မြို့ရှစ်မြို့မှာ ရေကြီး နေ
- Horizons News

- Jul 10
- 1 min read
ရခိုင်၊ ဇူလိုင် ၁၀ ၊ Horizons

ရခိုင်ပြည်နယ်က မြို့ ရှစ်မြို့မှာ ရေကြီးနေတယ်လို့ စာရေးဆရာဝေဟင်အောင်က Horizons News ကို ပြောပါတယ်။
အာရက္ခအစိုးရကလည်း ရခိုင်ပြည်နယ်ထဲက မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ ပလက်ဝ၊ မြောက်ဦး နဲ့ မင်းပြားမြို့နယ်တို့မှာ မိုးကြီးနေတာကြောင့် ရပ်ကွက်/ ကျေးရွာ ခုနစ်ဆယ်နဲ့ အထက် ရေနစ်မြုပ်နေတယ်လို့ မနေ့(ဇူလိုင် ၉) က ထုတ်ပြန်ထားပါတယ်။
စာရေးဆရာဝေဟင်အောင်က လူသေဆုံးမှုနဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။ “လူသေဆုံးမှုရှိတယ်။ တစ်နေ့က လူသေဆုံးမှ သုံးဦးလောက် ရှိတယ်လို့ သိထားတယ်။ ကျောက် တော်မြို့နယ်မှာ နှစ်ဦး ရှိတယ်။ ပုဏ္ဏားကျွန်းမှာ တစ်ဦးရှိတယ်။ သူတို့က တောင်ပေါ်မှာ ရေကြီးတာ မသိဘဲချောင်းကို ဖြတ်ကူးမိတာ။ ရေစီးနဲ့အတူ ပါသွားတယ်”
စာရေးဆရာဝေဟင်အောင်ကတော့ ရခိုင်ပြည်နယ်ထဲက မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ပလက်ဝ၊ မြောက်ဦး နဲ့ မင်းပြားမြို့နယ်တို့မှာ ရေကြီးနေတယ်လို့ အသိပေးပါတယ်။
မနေ့က မြောက်ဦးမြိုု့နယ်က စေတီတောင်စစ်ဘေးရှောင်စခန်းတစ်ခုလုံး ရေမြုုပ်ခဲ့တယ်လို့ ဒေသခံတစ်ဦးက အသိပေးပါတယ်။
မြောက်ဦးမြိုု့နယ်၊ လေးမြို့မြစ် ရေကြီးနေတဲ့တွက် ပလက်ဝမြို့နယ်၊ မြောက်ဦးမြို့နယ်၊ မင်းပြားမြို့ နယ်တို့က ရေကြီးနေတာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်ထဲက ကုလားတန်မြစ် နဲ့ လေးမြို့မြစ်ရေကြီးနေတဲ့အတွက် မြို့ရှစ်မြို့မှ ကျေးရွာ တစ်ရာ နီးပါးက ရေကြီးနေတာ ဖြစ်ပါတယ်။
( Photo - Khine Murn Chan )















Comments