top of page
Logo-Icon.png

Apple ရဲ့ ပထမဆုံး ဖိုလ်ဒဘယ်လ် (Foldable) စမတ်ဖုန်း "iPhone Ultra" ကို လာမည့် စက်တင်ဘာ ၉ ရက် ကျင်းပမည့် အခမ်းအနားတွင် မိတ်ဆက်မည်ဟု မျှော်လင့်ရ

Sep 5
1 min read

စက်တင်ဘာ ၅၊ Horizons



စမတ်ဖုန်းဈေးကွက်အတွင်းနှစ်ပေါင်းများစွာထွက်ပေါ်နေခဲ့သည့် ကောလာဟလများအပြီးတွင် Samsung၊ Googleနှင့်Motorolaတို့၏ ဖိုလ်ဒဘယ်လ်(Foldable)ဖုန်းဈေးကွက်သို့ Appleကုမ္ပဏီကပါဝင်ရောက်လာရန်ရှိနေပြီး ၎င်း၏ပထမဆုံးဖိုလ်ဒဘယ်လ်ဖုန်းဖြစ်သည့် “iPhone Ultra”ကိုမကြာမီကျင်းပတော့မည့်ဆောင်းဦးရာသီ မိတ်ဆက်ပွဲတွင်ထုတ်ဖော်ပြသဖွယ်ရှိကြောင်းသိရသည်။



Appleကုမ္ပဏီအနေဖြင့် လာမည့်စက်တင်ဘာလ(၉)ရက်နေ့တွင်ကျင်းပမည့် အထူးပွဲအတွက်ဖိတ်စာများပေးပို့ထားပြီးဖြစ်ကာအဆိုပါပွဲ၌ iPhone18စီးရီးများနှင့်အတူ၎င်းတို့၏ပထမဆုံးဖိုလ်ဒဘယ်လ်ဖုန်းကိုပါ ထည့်သွင်းမိတ်ဆက်သွားဖွယ်ရှိကြောင်းခန့်မှန်းထားကြသည်။


သို့သော် ၂၀၁၇ခုနှစ်ကiPhone Xမိတ်ဆက်ခဲ့စဉ်ကကဲ့သို့ပင်ကြေညာချက်ထုတ်ပြန်ပြီးနောက် လက်တွေ့ဈေးကွက်အတွင်းအရောင်းဆိုင်များသို့ရောက်ရှိလာရန်အတွက်မူ အချိန်အနည်းငယ်ထပ်မံစောင့်ဆိုင်းရဖွယ်ရှိကြောင်း ကျွမ်းကျင်သူMing-Chi Kuo၏သုံးသပ်ချက်ကိုကိုးကား၍ MacRumorsကဖော်ပြထားသည်။


ယခုကျင်းပမည့်မိတ်ဆက်ပွဲသည် ဖိုလ်ဒဘယ်လ်ဖုန်းထွက်ရှိလာနိုင်ခြေကြောင့်သာမကအခြားအကြောင်းပြချက်များကြောင့်လည်း အထူးအဆန်းမှတ်တိုင်တစ်ခုဖြစ်လာမည်ဖြစ်သည်။၎င်းသည်Apple၏ အဓိပတိနေရာမှအနားယူမည့်အမှုဆောင်အရာရှိချုပ်(CEO) Tim Cook ကရာထူးတာဝန်များကို လုပ်ဖော်ကိုင်ဖက်သစ်John Ternusထံသို့ တရားဝင်လွှဲပြောင်းပေးအပ်ပြီးနောက်ပထမဆုံးကျင်းပသည့်အဓိကပွဲစဉ်လည်းဖြစ်လာမည်ဖြစ်သည်။


ထွက်ပေါ်နေသည့်ကောလာဟလများနှင့်လေ့လာသူများ၏ဖော်ပြချက်အရ အဆိုပါဖိုလ်ဒဘယ်လ်iPhone၏စတင်ရောင်းချမည့်ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ(၂,၀၀၀)ကျော်အထက်တွင်ရှိလာနိုင်ကြောင်းသိရသည်။


ကနဦးက"iPhone Fold" ဟုအမည်တွင်လိမ့်မည်ဟုယူဆထားကြသော်လည်း နောက်ဆုံးထွက်ပေါက်ကြားချက်များအရ၎င်းကို Pro လိုင်းထက်မြင့်မားသည့် အဆင့်အတန်းသစ်တစ်ခုကိုဖော်ညွှန်းသည့် "iPhone Ultra" ဟုအမည်ပေးသွားဖွယ်ရှိနေသည်။


နည်းပညာပိုင်းဆိုင်ရာဖော်ပြချက်များအရ အဆိုပါဖိုလ်ဒဘယ်လ်ဖုန်း၏ အတွင်းပိုင်းမျက်နှာပြင်မှာ၇ဒသမ ၈လက်မအရွယ်ရှိမည်ဖြစ်ပြီးတက်ဘလက်တစ်လုံးနီးပါးကျယ်ဝန်းမည်ဖြစ်သည်။


သို့သော်Bloomberg သတင်းဌာနမှMark Gurmanက Apple၏ iPadOSတွင်အသုံးပြုသည့် Macပုံစံမျိုးစုံလုပ်ဆောင်ချက်များ(Multitasking)အပြည့်အဝပါဝင်လာမည်မဟုတ်ဘဲ အက်ပ်များကိုဘေးချင်းယှဉ်တွဲအသုံးပြုနိုင်ကာ ၎င်းတို့ကြားတွင်Drag and Dropပြုလုပ်နိုင်သည့်ပုံစံမျိုးသာဖြစ်လာမည်ဟု Yahoo Tech သို့ ပြောကြားထားသည်။


ဒီဇိုင်းပိုင်းနှင့်ပတ်သက်၍မူ ၎င်းသည်မူလPixel Foldသို့မဟုတ် Galaxy Fold 8ကဲ့သို့ပုံစံမျိုးရှိမည့်စာအုပ်ပုံစံ(Book-style)ဖိုလ်ဒဘယ်လ်ဖုန်း ဖြစ်လာမည်ဟုခန့်မှန်းရပြီး ပို၍ထူထဲရှည်လျားသောGalaxy Z Fold 7 သို့မဟုတ်Pixel 10 Pro Foldတို့နှင့် ကွာခြားမည်ဖြစ်သည်။


တရုတ်သတင်းဌာနUDN ၏ဖော်ပြချက်အရ အဆိုပါ ဖိုလ်ဒဘယ်လ်ဖုန်း၏ မျက်နှာပြင်တွင်ခေါက်ရာအကျအဝင်လုံးဝ(သို့မဟုတ်)အလွန်ပါးလွှာစွာသာပါရှိမည်ဖြစ်ပြီး ယခုအထိအဆင့်အမြင့်ဆုံးဟုဆိုသည့်Samsung ၏ Galaxy Z TriFold တွင်ပင်ခေါက်ရာများ ပါရှိနေဆဲဖြစ်ရာ Apple အနေဖြင့်ဤအချက်ကိုကျော်လွှားနိုင်ပါက ကြီးမားသည့်နည်းပညာ အောင်မြင်မှုတစ်ခုဖြစ်လာမည်ဖြစ်သည်။


ထို့ပြင်Weiboတွင် ပေါက်ကြားခဲ့သည့် အချက်အလက်များအရ Apple သည်၎င်း၏ပတ္တာ(Hinges)များကိုLiquidmetal Technologiesကုမ္ပဏီမှရရှိနိုင်သည့်liquid metalအလွိုင်းဖြင့်ပြုလုပ်သွားဖွယ်ရှိကြောင်းသိရသည်။


ဤအချက်နှင့်ပတ်သက်၍ ၂၀၁၀ခုနှစ်ကတည်းကသီးသန့်စာချုပ်များချုပ်ဆိုထားခဲ့ဖူးသော်လည်းယခင်ကiPhone များတွင် ပါဝင်လေ့ရှိသည့် SIM ထုတ်သည့်ပစ္စည်းငယ်လေးမှလွဲ၍အခြားသောဟာ့ဒ်ဝဲပစ္စည်းများတွင်အသုံးချခဲ့ခြင်းမရှိသေးပေ။


မည်သို့ပင်ဆိုစေကာမူ Appleကုမ္ပဏီဘက်မှ၎င်းတို့၏ဖိုလ်ဒဘယ်လ် iPhoneနှင့်ပတ်သက်၍ တရားဝင်ထုတ်ပြန်ကြေညာချက်တစ်စုံတစ်ရာကို မိတ်ဆက်ပွဲကျင်းပရန်ရက်ပိုင်းအလိုအထိထုတ်ပြန်ခြင်းမရှိသေးပေ။


Photo- CNET


Comments


bottom of page