top of page
Logo-Icon.png

FATF က မြန်မာနိုင်ငံကို ငွေကြေးခဝါချမှုအန္တရာယ်မြင့်နိုင်ငံအဖြစ် အမည်ပျက်စာရင်းမှာ ထပ်မံထည့်သွင်း

ရန်ကုန်၊ ဇွန် ၂၂ ၊ Horizons




မြန်မာနိုင်ငံမှာ အွန်လိုင်းမှ လိမ်လည်ခြင်း နဲ့ ဆိုက်ဘာရာဇဝတ်မှုတွေ ကျယ်ပြန့်နေဆဲဖြစ်ပြီး တရားမဝင် ငွေကြေးစီးဆင်းမှုဆိုင်ရာတွေက သိသာထင်ရှားတဲ့အန္တရာယ်တွေ ဖြစ်ပေါ်စေနေတဲ့အတွက် ငွေကြေးခဝါချမှုအန္တရာယ်မြင့်နိုင်ငံအဖြစ် အမည်ပျက်စာရင်းမှာ ထပ်မံထည့်သွင်းတယ်လို့ နိုင်ငံတကာ ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့ (FATF) က ဇွန် ၁၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။


ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလမှာ မြန်မာနိုင်ငံက မဟာဗျူဟာမြောက်ချို့ယွင်းချက်တွေကို ဖြေရှင်းဖို့ ကတိကဝတ်တွေ ပြုခဲ့ပေမယ့် ၂၀၂၂ ခုနှစ် အောက်တိုဘာလအထိ တိုးတက်မှု မရှိသလို လုပ် ငန်းအစီအစဉ်ပါအချက်အလက်တွေကို ဆောင်ရွက်နိုင်ခြင်း မရှိဘူးလို့ FATF က ပြောပါတယ်။


FATF ကတော့ လာမယ့် အောက်တိုဘာာလအထိ မြန်မာနိုင်ငံအနေနဲ့ ထပ်မံတိုးတက်မှု မရှိပါက အရေးယူဆောင်ရွက်မှုများ (Countermeasures) ချမှတ်ရန် စဉ်းစားသွားမှာ ဖြစ်တယ်လို့  ဖော်ပြထားပါတယ်။


မြန်မာနိုင်ငံက  အွန်လိုင်းလိမ်လည်မှု နဲ့ လောင်းကစားတာတွေကို တိုက်ဖျက်ရန် အမျိုးသားကော်မတီ ဖွဲ့စည်း ခြင်း၊ ဒေသန္တရ နဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို ခိုင်ခံ့စေခြင်းအပါအဝင်  လိမ်လည်မှု နဲ့ ဆိုက်ဘာ လိမ်လည်မှုလုပ်ငန်းတွေကို ကိုင်တွယ်ဖြေရှင်းရန် အဆင့်အချို့ကို လုပ်ဆောင်ခဲ့ပေမယ့် သိသာထင်ရှားတဲ့ တရားမဝင်ဘဏ္ဍာရေး အန္တရာယ်တွေ ရှိနေသေးတယ်လို့ FAFT က ဆိုပါတယ်။


ဒါအပြင် FATF က မြန်မာနိုင်ငံက ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်တွေအတွက် Enhanced Due Diligence – EDD (အထူးဂရုပြုစိစစ်ခြင်းလုပ်ငန်းစဉ်များ) ကို ကျင့်သုံးဖို့အတွက် FATF အဖွဲ့ဝင်တွေနဲ့ အခြားသောတရားစီရင်ပိုင် ခွင့် ရှိတဲ့နိုင်ငံတွေကို တိုက်တွန်းထားပါတယ်။


အလားတူ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ၊ တရားဝင် အကျိုးအမြတ် မယူသောအဖွဲ့အစည်းတွေ(NPO)ရဲ့ လှုပ်ရှားမှု နဲ့ ငွေလွှဲပို့မှုတွေအတွက် ငွေကြေးစီးဆင်းမှုတွေကို အနှောင့်အယှက် ဖြစ်စေတာ သို့မဟုတ် ဟန့်တားခြင်းမျိုး မဖြစ်စေဖို့   အထူးဂရုပြုစိစစ်ခြင်းလုပ်ငန်းများ (Enhanced Due Diligence) ကို ကျင့်သုံးမယ့်နိုင်ငံတွေအနေနဲ့ သေချာစွာလုပ်ဆောင်သင့်တယ်လို့ အကြံပြုထားပါတယ်။


မြန်မာနိုင်ငံက ငလျင်ဘေးအကူအညီပေးရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး FATF ရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်ရာမှာ NPO တွေအပေါ် ဆိုးရွားစွာနဲ့ အချိုးအစား မညီမျှစွာ ထိခိုက်မှု မရှိစေရေး၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ ပေးအပ်တာတွေအပေါ် မလိုအပ်ဘဲ အဟန့်အတား မဖြစ်စေရေးအတွက် အရေးကြီးတယ်လို့ FAFT က ဆိုပါတယ်။


FAFT  အနေနဲ့ကတော့ မြန်မာနိုင်ငံက သတ်မှတ်ထားတဲ့လုပ်ငန်းစီမံချက်တွေကို ပြီးပြည့်စုံစွာ အ‌ကောင်အထည် ဖော်နိုင်တဲ့အချိန်အထိ ငွေကြေးခဝါချမှုအန္တရာယ်မြင့်နိုင်ငံအဖြစ် အမည်ပျက်စာရင်းမှာ ထပ်မံထည့်သွင်း ထားမည်လို့ အသိပေးထားပါတယ်။


Comments


bottom of page