top of page
Logo-Icon.png

ONE Championship ပြိုင်ပွဲတွင် ထွန်းမင်းအောင် ရှုံးနိမ့်ခဲ့သော်လည်း မလျှော့သောစိတ်ဓာတ်ကြောင့် ပရိသတ်များ၏ လေးစားမှုကိုရရှိ

ရန်ကုန်၊ ဇွန် ၁၂ ၊ Horizons



ONE Championship ပြိုင်ပွဲတွင် မြန်မာ့လက်ဝှေ့နှင့် မွေထိုင်းပရိသတ်များ စိတ်ဝင်တစား စောင့်ကြည့်အားပေးခဲ့ကြသည့် မြန်မာကစားသမား ထွန်းမင်းအောင်နှင့် Titus Proctor တို့၏ ပွဲစဉ်၌ ထွန်းမင်းအောင်အနေဖြင့် စိတ်မကောင်းစရာ အရှုံးရလဒ်ဖြင့် အဆုံးသတ်ခဲ့ရကြောင်း သိရသည်။ 


ပွဲစဉ်တစ်လျှောက်လုံးတွင် ထွန်းမင်းအောင်က ၎င်း၏ ပြင်းထန်သော ထိုးအားနှင့် တိုက်စစ်ဆင်နိုင်စွမ်းကို အကောင်းဆုံး ပြသနိုင်ခဲ့သော်လည်း ပြိုင်ဘက် Titus Proctor ၏ အရပ်အမောင်း အားသာချက်၊ အကွာအဝေး ထိန်းချုပ်နိုင်မှုနှင့် နည်းဗျူဟာကျကျ ယှဉ်ပြိုင်သွားမှုများကြောင့် ယခုကဲ့သို့ အရှုံးရလဒ် ထွက်ပေါ်ခဲ့ရခြင်းဖြစ်သည်။


ထိုသို့ အရှုံးရလဒ်နှင့် ကြုံတွေ့ခဲ့ရသော်လည်း ဖိအားများအောက်တွင် နောက်မဆုတ်သော စိတ်ဓာတ်ဖြင့် နိုင်ငံကိုယ်စားပြု ကြိုးစားယှဉ်ပြိုင်သွားသည့် ထွန်းမင်းအောင်၏ အားထုတ်မှုများက မြန်မာပရိသတ်များ၏ လေးစားမှုကို အပြည့်အဝ ရရှိစေခဲ့သည်။


 အားကစားလောက၏ သဘာဝအရ အနိုင်နှင့်အရှုံးသည် ပုံမှန်ဖြစ်စဉ်တစ်ခုသာဖြစ်ပြီး ယခုအတွေ့အကြုံမှတစ်ဆင့် အားနည်းချက်များကို သေချာစွာ ပြန်လည်ပြင်ဆင်နိုင်မည်ဆိုပါက နောက်လာမည့်ပွဲစဉ်များတွင် ပိုမိုကောင်းမွန်သော စွမ်းဆောင်ရည်များဖြင့် ပြန်လည်ပေါ်ထွက်လာမည်ဟု ယုံကြည်ရသည်။ 


ºမြန်မာပရိသတ်များအနေဖြင့်လည်း ယခုအရှုံးသည် နောက်ထပ် အောင်မြင်မှုများအတွက် အစပျိုးခြေလှမ်းတစ်ရပ်အဖြစ် မှတ်ယူကာ စိတ်ဓာတ်မကျဘဲ ဆက်လက် ဝန်းရံအားပေးသွားကြရန် လိုအပ်ကြောင်း အားကစားလေ့လာသူများက သုံးသပ်ထားသည်။

Comments


bottom of page