ကူရှ်နာ (Kushner) မိသားစုနှင့် FIFA တို့၏ ရင်းနှီးမြှုပ်နှံမှုသဘောတူညီချက်ကြောင့် ကမ္ဘာ့ဖလားကို သပိတ်မှောက်မည်ဟု ဥရောပ (UEFA) ကြေညာ
- Horizons News

- Jul 31
- 1 min read
ဥရောပ ၊ ဇူလိုင် ၃၁ ၊ Horizons

ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) မှ ၎င်း၏ အဖွဲ့ဝင်နိုင်ငံ (၅၅) နိုင်ငံစလုံးသည် ရှေ့ဆက်လုပ်မည့် နိုင်ငံတကာဘောလုံးအဖွဲ့ချုပ် (FIFA) ၏ ပွဲစဉ်များနှင့် ကမ္ဘာ့ဖလားပြိုင်ပွဲများကို သပိတ်မှောက်သွားမည်ဖြစ်ကြောင်း အရေးပေါ်အစည်းအဝေးအပြီးတွင် တရားဝင် ကြေညာလိုက်သည်။
FIFA သည် ကမ္ဘာ့ဖလားပြိုင်ပွဲ လုပ်ငန်းလည်ပတ်မှု၏ ၂၀ ရာခိုင်နှုန်းကို ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများထံ ရောင်းချရန် စီစဉ်နေခြင်းအပေါ် UEFA က ကန့်ကွက်သည့်အနေဖြင့် ယခုကဲ့သို့ အမျိုးသားရော အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲများကိုပါ သပိတ်မှောက်လိုက်ခြင်းဖြစ်သည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်းသစ်တွင် အဓိက ရင်းနှီးမြှုပ်နှံမည့်သူမှာ ဂျော့ရှဝါ ကူရှ်နာ ဦးစီးသည့် Thrive Eternal ရန်ပုံငွေအဖွဲ့ဖြစ်သည်။
ဂျော့ရှဝါသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ သမက်ဖြစ်သူ ဂျရတ် ကူရှ်နာ (Jared Kushner) ၏ ညီဖြစ်ပြီး၊ အခွန်ရှောင်မှုနှင့် တရားမဝင် ရွေးကောက်ပွဲရန်ပုံငွေ ထည့်ဝင်မှုများကြောင့် ထောင်ဒဏ်ကျခံခဲ့ရဖူးကာ ထရမ့်ထံမှ လွတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့သူ ချားလ်စ် ကူရှ်နာ ၏ သားလည်းဖြစ်သည်။
UEFA ၏ ကြေညာချက်တွင် ဤအခြေအနေကို ဘောလုံးလောက၏ အကြီးကျယ်ဆုံး ပြိုင်ပွဲကြီးများကို ပုဂ္ဂလိကမှ သိမ်းပိုက်ခံလိုက်ရခြင်းဖြစ်ကြောင်း ဖော်ပြထားပြီး၊ "ကမ္ဘာ့ဖလားဆိုတာ ရောင်းရန်မဟုတ်ဘူး။ ဤရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်များကို အပြီးတိုင် မဖျက်သိမ်းမချင်း UEFA အဖွဲ့ဝင်နိုင်ငံများအနေဖြင့် FIFA ပွဲစဉ်များသို့ ပြန်လည်ဝင်ရောက်မည် မဟုတ်ပါ" ဟု ပြတ်သားစွာ ဆိုထားသည်။
ထို့အပြင် ဘောလုံးလောက၏ အနာဂတ်ကို ငွေကြေးအမြတ်အစွန်းအတွက် ပေါင်နှံ၍မရကြောင်းနှင့် ပရိသတ်များ၊ ကစားသမားများ၊ ကလပ်အသင်းများ၏ အကျိုးစီးပွားသည် ရင်းနှီးမြှုပ်နှံသူများ၏ အမြတ်အစွန်းအောက်တွင် မရှိသင့်ကြောင်းကိုလည်း အလေးအနက် ထောက်ပြထားသည်။
ယခု ရင်းနှီးမြှုပ်နှံမှု အစီအစဉ်သည် FIFA ဥက္ကဋ္ဌ ဂျီယန်နီ အင်ဖန်တီနို နှင့် ဒေါ်နယ်ထရမ့် တို့ကြားရှိ နီးကပ်သောဆက်ဆံရေးကို ပိုမိုထင်ရှားစေခဲ့သည်။
အင်ဖန်တီနိုသည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလက ထရမ့်အား ယခင်ကမရှိခဲ့ဖူးသော "FIFA ငြိမ်းချမ်းရေးဆု" တီထွင်ပေးအပ်ခဲ့သလို၊ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း အမေရိကန်တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂန် အနီကတ်ပြခံရချိန်တွင် ထရမ့်၏ တိုက်ရိုက်ဖုန်းဆက်စွက်ဖက်မှုကြောင့် FIFA က ပြစ်ဒဏ်ကို ချက်ချင်းရုပ်သိမ်းပေးခဲ့ရာ ဝေဖန်မှုများစွာ မြင့်တက်ခဲ့သည်။
အင်္ဂလန် ပရီးမီးယားလိဂ်၊ စပိန် လာလီဂါ၊ အီတလီ စီးရီးအေ နှင့် ချန်ပီယံလိဂ် ပြိုင်ပွဲများကို ပိုင်ဆိုင်ထားသည့် UEFA အား ဆုံးရှုံးလိုက်ရခြင်းသည် FIFA အတွက် အလွန်ကြီးမားသော ထိုးနှက်ချက်ဖြစ်လာမည်ဖြစ်သည်။
အမေရိကန်တွင် ကျင်းပခဲ့သည့် ၂၀၂၆ ကမ္ဘာ့ဖလားတွင် ဗိုလ်စွဲထားသော စပိန်နိုင်ငံသည် လာမည့် ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို အခြား UEFA အဖွဲ့ဝင် ပေါ်တူဂီ၊ မော်ရိုကိုတို့နှင့် ပူးတွဲကျင်းပရန် စီစဉ်ထားသည်။
၂၀၃၄ အမျိုးသားကမ္ဘာ့ဖလားကိုမူ ထရမ့်၊ ကူရှ်နာ မိသားစုများနှင့် စီးပွားရေးအဆက်အသွယ်ရှိသည့် ဆော်ဒီအာရေဗျက အိမ်ရှင်အဖြစ် ကျင်းပရန်ရှိနေပြီး၊ ၂၀၂၇ အမျိုးသမီးကမ္ဘာ့ဖလားကိုမူ ဘရာဇီးက လက်ခံကျင်းပမည်ဖြစ်ကြောင်း သိရသည်။



Comments