top of page
Logo-Icon.png

ကလေးသူငယ်များ၏ ဆိုရှယ်မီဒီယာ သုံးစွဲမှုကို ပိုမိုတင်းကျပ်ရန် ဥရောပသမဂ္ဂ (EU) ပြင်ဆင်နေ

Jul 10
1 min read

ဘရပ်ဆဲလ် ၊ ဇူလိုင် ၁၀ ၊ Horizons



ဥရောပသမဂ္ဂ (EU) သည် ကလေးငယ်များ၏ လူမှုကွန်ရက် (Social Media) အသုံးပြုမှုကို ပိုမိုကန့်သတ်ကာကွယ်ရန်အတွက် ဥပဒေလုပ်ထုံးလုပ်နည်းသစ်များ ပြဋ္ဌာန်းရန် နီးကပ်စွာ ပြင်ဆင်လျက်ရှိကြောင်း သိရသည်။


ဖြစ်စဉ်မှာ လာမည့် ဇူလိုင်လ ၁၃ ရက်နေ့တွင် နည်းပညာနှင့် ကလေးသူငယ်ရေးရာ ကျွမ်းကျင်သူများထံမှ အကြံပြုချက်များကို ရယူသွားမည်ဖြစ်ပြီး ယင်းအပေါ်အခြေခံ၍ လာမည့် စက်တင်ဘာလအတွင်း အပြီးသတ် တရားဝင်ဆုံးဖြတ်ချက်များ ချမှတ်သွားဖွယ်ရှိကြောင်း သိရှိရသည်။


 EU အနေဖြင့် ဆိုရှယ်မီဒီယာ ပလက်ဖောင်းများကို အလုံးစုံ ပိတ်ပင်တားမြစ်မည်မဟုတ်ဘဲ ကလေးငယ်များအတွက် အန္တရာယ်ဖြစ်စေနိုင်သည့် လုပ်ဆောင်ချက်များကိုသာ တင်းကျပ်စွာ ကန့်သတ်သွားမည့် နည်းလမ်းကို အဓိကထား စဉ်းစားနေခြင်းဖြစ်သည်။


ထို့အပြင် လူထုစစ်တမ်း ကောက်ယူမှုများအရ ဥရောပနိုင်ငံသား ၇၅ ရာခိုင်နှုန်းခန့်က ကလေးငယ်များအတွက် လုံခြုံစိတ်ချရကြောင်း သက်သေပြနိုင်သည့် ဝန်ဆောင်မှုများကိုသာ အသုံးပြုခွင့်ပေးသင့်သည်ဟု ထောက်ခံထားကြသည်။


ယခုကဲ့သို့ ဒစ်ဂျစ်တယ် အန္တရာယ်များမှ ကာကွယ်ရန် ကြိုးပမ်းလာမှုများနှင့်အတူ လာမည့် ၂၀၂၆ ခုနှစ်အတွင်း ကလေးငယ်များ၏ ဆိုရှယ်မီဒီယာ သုံးစွဲမှုနှင့် ပတ်သက်၍ ပိုမိုလုံခြုံစိတ်ချရမည့် ဥပဒေသစ်များ ထွက်ပေါ်လာရန် မျှော်လင့်လျက်ရှိကြောင်း နိုင်ငံတကာ သတင်းများက ဖော်ပြထားသည်။


Comments


bottom of page