top of page
Logo-Icon.png

စဉ့်ကူးမြို့နယ် ကြက်တူရွေးရွာကို စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ အမျိုးသမီး ၁ ဦးသေဆုံးပြီး အမျိုးသား ၁ ဦး ဒဏ်ရာရ

Jul 22
1 min read

စဉ့်ကူး၊ ဇူလိုင် ၂၂ ၊ Horizons



မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဒေသခံပြည်သူတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။


ဖြစ်စဉ်မှာ စဉ့်ကူးမြို့နယ် အနောက်တောင်ခြမ်းရှိ ကျွန်းကြီးရွာ ဘုန်းတော်ကြီးကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြောက်ဘက်တွင်ရှိသော ကြက်တူရွေးရွာအတွင်းသို့ တိုက်ခိုက်ရေးသုံး ဒရုန်းအကြီးစားဖြင့် ဗုံးသီးချကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။


အဆိုပါ ဒရုန်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကြက်တူရွေးရွာမှ အသက် (၅၀) အရွယ်ခန့်ရှိ ဒေါ်ဝင်းဌေးမှာ ဗုံးစထိမှန် သေဆုံးခဲ့ပြီး၊ ၎င်း၏ ခင်ပွန်းဖြစ်သူ အသက် (၅၀) အရွယ်ခန့် ဦးမျိုးမင်းဦးမှာလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။


လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်များသည် ၎င်းတို့ တပ်စွဲထားရာ ကျေးရွာများအနီးဝန်းကျင်သို့ တိုက်လေယာဉ် များ၊ လက်နက်ကြီးများ နှင့် ဒရုန်းများ အသုံးပြုကာ အကြောင်းမဲ့ ရမ်းသန်းပစ်ခတ် တိုက်ခိုက်မှုများကို ဆက်တိုက် ပြုလုပ်လျက်ရှိသည်။


သို့ဖြစ်ပါ၍ ကျွန်းပေါ်ရှိ ကျေးရွာများနှင့် မြစ်ကမ်းဘေးရှိ ကျေးရွာများတွင် နေထိုင်ကြသော ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ လေကြောင်းရန်နှင့် လက်နက်ကြီးအန္တရာယ်ကို အထူးဂရုပြု သတိထား နေထိုင်ကြရန် သတိပေး နှိုးဆော်ထားသည်။


( Photo - WetletinformationalNetwork )


#HorizonsNews #စဉ့်ကူးမြို့နယ် #ကြက်တူရွေးရွာ #ကျွန်းကြီးရွာ #ဒရုန်းဖြင့်ဗုံးကြဲ

Comments


bottom of page