ဆီနီဂေါကို ၃-၁ ဂိုးဖြင့် အနိုင်ယူပြီး နော်ဝေအသင်း နောက်တစ်ဆင့်တက်ရန် အလားအလာကောင်းများ ပိုင်ဆိုင်
- Horizons News

- Jun 23
- 1 min read
အားကစား၊ ဇွန် ၂၃ ၊ Horizons

၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲ၏ အုပ်စု (I) ပွဲစဉ်တွင် နော်ဝေအသင်းက ဆီနီဂေါအသင်းကို ၃-၁ ဂိုးဖြင့် အနိုင်ယူကာ နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ရန် အလားအလာကောင်းများကို ဆက်လက်တည်ဆောက်နိုင်ခဲ့သည်။
နော်ဝေအသင်းသည် ပွဲအစကတည်းက တည်ငြိမ်သည့် ဘောလုံးပိုင်ဆိုင်မှု၊ အချိန်ကိုက် ဖိအားပေးမှုများဖြင့် ပွဲကို ကောင်းစွာ ထိန်းချုပ်နိုင်ခဲ့ပြီး တိုက်စစ်ပိုင်း၌ အဆုံးသတ်စွမ်းရည် ကောင်းမွန်မှုက အသင်းနှစ်သင်းကြား အဓိကကွာခြားချက် ဖြစ်ခဲ့သည်။

တစ်ဖက်တွင် ဆီနီဂေါအသင်းက ရုပ်ပိုင်းဆိုင်ရာ အားသာချက်နှင့် အမြန်နှုန်း ကောင်းမွန်မှုများ ရှိခဲ့သော်လည်း တိုက်စစ်နောက်ဆုံးဇုန်၌ ဆုံးဖြတ်ချက် မပြတ်သားမှုများကြောင့် ရရှိလာသည့် ဂိုးသွင်းခွင့်များကို အကျိုးမဖြစ်ထွန်းဘဲ လက်လွှတ်ခဲ့ရသည်။
နော်ဝေအသင်းသည် ယခင်အဖွင့်ပွဲစဉ်တွင် အီရတ်အသင်းကို ၄-၁ ဂိုးဖြင့် အနိုင်ရရှိထားပြီး ယခု ဆီနီဂေါကို ထပ်မံအနိုင်ယူနိုင်ခဲ့ခြင်းကြောင့် နှစ်ပွဲဆက်တိုက် အောင်ပွဲခံထားနိုင်ပြီဖြစ်သည်။
ဆီနီဂေါအသင်းအတွက်မူ ပြင်သစ်အသင်းကို ၃-၁ ဂိုးဖြင့် ရှုံးနိမ့်ထားသည့် ရလဒ်နောက်ပိုင်း ယခုဒုတိယအကြိမ် ထပ်မံအရေးနိမ့်ခဲ့ခြင်းဖြစ်ရာ နောက်တစ်ဆင့်တက်ရေးအတွက် ဖိအားများ ပိုမိုကြီးမားလာခဲ့ပြီ ဖြစ်သည်။



Comments