top of page
Logo-Icon.png

တောင်ကိုရီးယားက Chip နှင့် AI ကဏ္ဍတွင် ဒေါ်လာ (၁.၂) ထရီလီယံနီးပါး ရင်းနှီးမြှုပ်နှံမည်

Jun 29
1 min read

ဆိုးလ် ၊ ဇွန် ၂၉ ၊ Horizons



တောင်ကိုရီးယားနိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ AI စီးပွားရေးလှိုင်းကို အခွင့်ကောင်းယူကာ AI နည်းပညာနှင့် ကွန်ပျူတာမိုက်ခရိုချစ်ပ် (Chip) ကဏ္ဍတွင် ထိပ်တန်းမှ ဦးဆောင်နိုင်ရန်အတွက် ဝမ်ငွေ (၁,၀၀၀) ထရီလီယံ (အမေရိကန်ဒေါ်လာ ၁.၂ ထရီလီယံနီးပါး) ရင်းနှီးမြှုပ်နှံသွားမည့် စီမံကိန်းကြီးတစ်ရပ်ကို တရားဝင် ထုတ်ဖော်ကြေညာလိုက်သည်။


ဆိုးလ်မြို့တွင် ပြုလုပ်ခဲ့သော အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု အခမ်းအနား၌ သမ္မတ လီဂျေမြောင် (Lee Jae Myung) က "ကမ္ဘာ့တခြားနိုင်ငံတွေထက် ပိုမိုမြန်ဆန်တဲ့ အရှိန်အဟုန်နဲ့ AI နည်းပညာရဲ့ ပင်မအရေးပါတဲ့ အစိတ်အပိုင်းတွေကို ကျွန်တော်တို့ အမိအရ လက်ဦးမှုရယူဖို့ လိုအပ်ပါတယ်" ဟု တိုက်တွန်းပြောကြားခဲ့သည်။


ယင်းရင်းနှီးမြှုပ်နှံမှု အစီအစဉ်ကြီးတွင် နည်းပညာကုမ္ပဏီကြီးများဖြစ်ကြသည့် Samsung Electronics နှင့် SK Hynix တို့က ဝိုင်းဝန်းရင်းနှီးမြှုပ်နှံမည့် ပမာဏမှာ ဝမ် (၈၀၀) ထရီလီယံ (ဒေါ်လာ ၅၁၈ ဘီလီယံခန့်) အထိရှိမည်ဖြစ်ပြီး ယင်းမှာ မှတ်တမ်းတင်နိုင်လောက်သည့် အမြင့်ဆုံးပမာဏလည်း ဖြစ်သည်။


အဆိုပါ ရင်းနှီးမြှုပ်နှံမှုများကို နိုင်ငံ၏ အနောက်တောင်ဘက်ဒေသတွင် အသစ်တည်ဆောက်မည့် "မိုက်ခရိုချစ်ပ် ထုတ်လုပ်မှု အခြေစိုက်စင်တာကြီး" တွင် အဓိက အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။


တောင်ကိုရီးယားအစိုးရ၏ ရည်မှန်းချက်အရ လာမည့် ၂၀၃၅ ခုနှစ်တွင် စုစုပေါင်း 10-gigawatt ပမာဏရှိသော AI ဒေတာစင်တာကြီးများကို တည်ဆောက်သွားမည်ဖြစ်ပြီး၊ ယင်းစီမံကိန်း အဆောက်အအုံများအားလုံး၏ စုစုပေါင်း လျှပ်စစ်ဓာတ်အားလိုအပ်ချက်မှာ 18.4 gigawatt အထိ ရှိလာမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။


Comments


bottom of page