ထုတ်ကုန် (၁၀) မျိုးကျော်ကို တစ်ပြိုင်နက် မိတ်ဆက်ပြသရန် ရှိနေသည့် Apple ၏ ၂၀၂၆ ခုနှစ် စက်တင်ဘာပွဲစဉ်
- Horizons News

- Aug 22
- 1 min read
ကူပာတီနို ၊ ဩဂုတ် ၂၂ ၊ Horizons

လက်ရှိ ၂၀၂၆ ခုနှစ်သည် Apple ကုမ္ပဏီအတွက် သမိုင်းဝင် အပြောင်းအလဲများစွာနှင့်အတူ အင်မတန် အရေးပါလှသည့် နှစ်တစ်နှစ် ဖြစ်လာတော့မည် ဖြစ်သည်။
ယခုနှစ် စက်တင်ဘာလအတွင်း iPhone အသစ်များ မိတ်ဆက်မည့် အထူးပွဲစဉ်နှင့်အတူ နာမည်ကျော် CEO ဖြစ်သူ တင်မ်ကွတ် သည်၎င်း၏ရာထူးမှအနားယူတော့မည်ဖြစ်ပြီး Hardware Engineering ကဏ္ဍတွင် အလွန်ဝါရင့်လာခဲ့ပြီဖြစ်သော ဂျွန် သားနပ်စ် က CEO ရာထူးကိုဆက်ခံသွားမည်ဖြစ်သည်။ဂျွန် သားနပ်စ် လက်ထက်သို့ရောက်ရှိလာခြင်းနှင့်အတူ Apple ကုမ္ပဏီအနေဖြင့် AI နည်းပညာများနှင့်ထုတ်ကုန်အသစ်များကို ပိုမိုအားစိုက်ထုတ်လုပ်လာဖွယ်ရှိနေသည်။
CEO အသစ် ဂျွန် သားနပ်စ် တရားဝင်စတင်တာဝန်ယူမည့်စက်တင်ဘာလမိတ်ဆက်ပွဲတွင် Apple သည် ထုတ်ကုန်အသစ် (၁၀) မျိုးနှင့်အထက်ကိုတစ်ပြိုင်နက်တည်းထုတ်ဖော်ပြသသွားရန် ရှိနေသည်။ပစ္စည်းအရေအတွက်များပြားရုံသာမက အမျိုးအစားစုံလင်ပြီးနည်းပညာအသစ်အဆန်းများကိုပါမြင်တွေ့ရမည့် ယခုပွဲစဉ်သည် Apple ၏သမိုင်းတစ်လျှောက်တွင်အကြီးမားဆုံး ထုတ်ကုန်မိတ်ဆက်ပွဲ တစ်ခုဖြစ်လာနိုင်ခြေရှိနေသည်။
ယခုနှစ် စက်တင်ဘာလ ကျင်းပမည့် Apple Event တွင် ပါဝင်လာမည့် ထုတ်ကုန်ခန့်မှန်းချက်များမှာ Phone ကို အဓိက မိတ်ဆက်ပွဲ ဖြစ်သော်လည်း ယခုနှစ်တွင် ရိုးရိုး iPhone 18 မော်ဒယ်ကို မြင်တွေ့ရရန် မရှိပေ။ သို့သော် Pro မော်ဒယ်များဖြစ်သည့် iPhone 18 Pro နှင့် iPhone 18 Pro Max တို့နှင့်အတူ Apple ၏ ပထမဆုံး ခေါက်ဖုန်း (Foldable Phone) ဖြစ်လာမည့် iPhone Ultra ကို မိတ်ဆက်ပေးသွားမည် ဖြစ်သည်။
ထို့အပြင်Apple Watch Series 12 နှင့် Apple Watch Ultra 4 တို့ကိုလည်း တွဲဖက် ကြေညာသွားရန် ရှိနေသည်။ Smart Home ပစ္စည်းအသစ် (၄) မျိုးဖြစ်တဲ့ အသစ်စက်စက် Apple TV 4K ၊ ၇ လက်မ Display နှင့် Siri နည်းပညာပါဝင်လာမည့် HomePad ၊ Chip အသစ်ဖြင့် HomePod Mini 2 နှင့် HomePod 3 စပီကာတို့ ပါဝင်လာမည် ဖြစ်သည်။
အခြားဆက်စပ်ပစ္စည်းများ အနေဖြင့် Visual Intelligence နည်းပညာပါဝင်သည့် ကင်မရာပါရှိသော AirPods အသစ်များကိုလည်း ယခုပွဲတွင် မြင်တွေ့ရဖွယ် ရှိသည်။အခြားတစ်ဖက်တွင် OLED Display ပါဝင်လာမည့် iPad Mini အသစ်၊ အိမ်သုံးလုံခြုံရေးကင်မရာနှင့် MacBook အသစ်များကိုမူ လာမည့်အောက်တိုဘာလကျမှသီးသန့်ထပ်မံမိတ်ဆက်သွားနိုင်ခြေ ပိုများနေကြောင်းသိရသည်။
ယခုကဲ့သို့ထုတ်ကုန်အမြောက်အမြားကို တစ်ပြိုင်နက်တည်းထုတ်ဖော်ပြသမည်ဖြစ်ရာ ယခုနှစ် စက်တင်ဘာလ ကျင်းပမည့် Apple ပွဲစဉ်သည်ပုံမှန်နှစ်များထက်အချိန်ပိုမိုကြာမြင့်မည့် ပွဲကြီးတစ်ခု ဖြစ်လာတော့မည် ဖြစ်သည်။



Comments