top of page
Logo-Icon.png

နမ့်ခမ်းမြို့၊ ကောင်းတပ်ကျေးရွာတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေပြီး UWSA မှ သိန်း ၆၀၀၀ လှူဒါန်း

နမ့်ခမ်း ၊ ဇွန် ၁၄ ၊ Horizons



ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ရှိ အမှတ် (၁) ကောင်းတပ်ရပ်ကွက်တွင် နေရပ်ပြန်လည်ထူထောင်ရေးအတွက် ဒေသခံပြည်သူများနှင့် ကော်မတီအဖွဲ့များ ပူးပေါင်းကာ ရှင်းလင်းရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်နေ့မှစတင်၍ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။ 


လက်ရှိအချိန်တွင် ပျက်စီးသွားသော အဆောက်အအုံများနေရာ၌ သံမဏိဘောင်များ ပြန်လည်တပ်ဆင်ခြင်းများကို ဦးစားပေး လုပ်ဆောင်နေကြောင်း သိရသည်။


အဆိုပါ ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များအတွက် ပြည်သူလူထုက ဝိုင်းဝန်းလှူဒါန်းလျက်ရှိရာ ရှမ်းမြောက်ဒေသရှိ လက်နက်ကိုင်အဖွဲ့အစည်းများအနက် UWSP/UWSA က စံချိန်တင်အနေဖြင့် ငွေကျပ်သိန်းပေါင်း ၆,၀၀၀ တိတိကို ထည့်ဝင်လှူဒါန်းထားကြောင်း သိရသည်။ 


ဆက်လက်၍လည်း ဒေသခံများ၏ ပူးပေါင်းပါဝင်မှု၊ ကော်မတီဝင်များ၏ ကြီးကြပ်မှုတို့ဖြင့် နေရပ်ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

Comments


bottom of page