top of page
Logo-Icon.png

ပိုချက်တီနို၏ လက်အောက်တွင် ခေတ်သစ်ဘောလုံးအလှတရားများကို ထုတ်ဖော်ပြသနိုင်ခဲ့သည့် အမေရိကန်အသင်း

ဇွန် ၁၄ ၊ Horizons



အမေရိကန်လက်ရွေးစင်အသင်းကို စတင်ကိုင်တွယ်နေပြီဖြစ်သည့် နည်းပြ မော်ရစ်စီယို ပိုချက်တီနို ၏ အနာဂတ်ရလဒ်များကို အတိအကျခန့်မှန်းရန် စောလွန်းနေသေးသော်လည်း ပါရာဂွေးနှင့် ကစားခဲ့သည့် အဖွင့်ပွဲစဉ်ခြေစွမ်းကမူ ပရိသတ်များကို များစွာအထင်ကြီးစေခဲ့သည်။


 အိမ်ရှင်အဖြစ် လက်ခံကစားခဲ့သော ယင်းပွဲစဉ်တွင် အမေရိကန်အသင်းသည် ခေတ်သစ်ဘောလုံး၏ အရှိန်အဟုန်၊ နည်းဗျူဟာနှင့် အချိတ်အဆက် ညီညွတ်မှုများကို အပြည့်အဝ အသုံးချသွားနိုင်ခဲ့ပြီး ပိုချက်တီနို၏ စနစ်တကျရှိသော အသင်းလိုက်ဖိအားပေး ကစားပုံများကို မြင်တွေ့ခဲ့ရသည်။


ပထမပိုင်းတွင် ကစားပုံမာကျောသော ပါရာဂွေးကို တစ်ဦးချင်းစွမ်းရည်၊ နည်းစနစ်များဖြင့် အသာစီးယူနိုင်ခဲ့ကာ ကွင်းလယ်ဗိုလ်ချုပ် တိုင်လာ အဒမ်စ် ၏ စိုးမိုးနိုင်စွမ်း၊ ညာတောင်ပံမှ ခရစ်ရှန် ပူလီဆစ် ၏ ဖန်တီးမှုများနှင့် တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂန် ၏ သေချာသည့် အဆုံးသတ်မှုများဖြင့် ပွဲကို အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့သည်။


 ဒုတိယပိုင်းတွင် ပါရာဂွေးအသင်းဘက်မှ ပြန်လည်ဖိအားပေးလာသော်လည်း တိုင်လာ အဒမ်စ်နှင့် နောက်ခံလူများ၏ စည်းလုံးညီညွတ်သော ခံစစ်စနစ်ကြောင့် ပြိုင်ဘက်၏ တိုက်စစ်ဆင်မှုများကို အကောင်းဆုံး ဟန့်တားနိုင်ခဲ့ပြီး ပွဲအရှိန်အဟုန်ကို မိမိတို့ဘက်တွင်သာ ဆက်လက်ထိန်းထားနိုင်ခဲ့သည်။


ယင်းခြေစွမ်းများအရ ပိုချက်တီနို၏ အမေရိကန်အသင်းသည် ခေတ်သစ်ဘောလုံးအယူအဆများကို ကောင်းစွာနားလည်နေပြီဖြစ်ကြောင်း သက်သေပြနိုင်ခဲ့ပြီး လာမည့်ပွဲစဉ်များတွင်လည်း ပိုမိုစိတ်ဝင်စားဖွယ်ရာများကို မြင်တွေ့ရဖွယ်ရှိနေသည်။ 


ထို့အပြင် ဥရောပအသင်းဖြစ်သည့် ချက်ကို အနိုင်ရရှိခဲ့သော တောင်ကိုရီးယားအသင်း၏ စွမ်းဆောင်ရည်နှင့် နည်းပြ၏ ဗျူဟာပိုင်းဆိုင်ရာ သုံးသပ်ချက်များကိုလည်း မကြာမီ ဆက်လက်တင်ဆက်ပေးသွားမည်ဖြစ်သည်။

Comments


bottom of page