top of page
Logo-Icon.png

ပြည်သူများအနေဖြင့် ကသာ-ထီးချိုင့်လမ်းတွင်အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းနှင့် ကပ်မလိုက်ရန်ကသာခရိုင်အမှတ်(၁)အသိပေး

5 days ago
1 min read

ကသာ ၊ အောက်တိုဘာ ၁၀ ၊ Horizons



စစ်ကိုင်းတိုင်း၊ကသာ-ထီးချိုင့်အမှတ်(၃)ကားလမ်းတွင် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းနှင့်ကပ်မလိုက်ကြရန်လိုအပ်ကြောင်း ကသာခရိုင်အမှတ်(၁)တပ်ရင်းကယနေ့အောက်တိုဘာ(၁၀)ရက်တွင်သတင်းထုတ်ပြန်ထားသည်။


အကြမ်းဖက်စစ်ကောင်စီက ကသာ-ထီးချိုင့်အမှတ်(၃)လမ်းကိုအသုံးပြုနေခြင်းကြောင့်တိုက်ပွဲများဖြစ်ပွားနိုင်သည့်အတွက် ပြည်သူများအနေဖြင့်အဆိုပါလမ်းပိုင်းကိုအသုံးပြုရန်မသင့်သောအခြေအနေဖြစ်ကြောင်း ကသာခရိုင်အမှတ်(၁)တပ်ရင်းကအသိပေးသည်။


ကသာခရိုင်အမှတ်(၁)တပ်ရင်းက ကသာ-ထီးချိုင့်အမှတ်(၃)လမ်းပိုင်းကိုအသုံးပြုနေသည့်အကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက်သွားမည်ဖြစ်သောကြောင့်ခရီးသွားပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းနှင့်ကပ်မလိုက်ရန်မေတ္တာရပ်ခံထားသည်။


ယနေ့အောက်တိုဘာ(၁၀)ရက်မှစ၍ ကသာ-ထီးချိုင့်အမှတ်(၃)လမ်းကိုအသုံးမပြုကြရန်နှင့် ဖြတ်သန်းသွားလာခြင်းပြုလုပ်ပါက ဖြစ်ပေါ်လာသည့်အကျိုးဆက်ကို ခရီးသွားပြည်သူများကခံစားရမည်ဖြစ်ကြောင်း ကသာခရိုင်အမှတ်(၁)တပ်ရင်းကဆိုသည်။


ကသာခရိုင်အမှတ်(၁)တပ်ရင်းက ဖြတ်သန်းသွားလာခွင့်ပြုမှသာသွားလာကြရန် ပြည်သူများကိုလေးစားစွာမေတ္တာရပ်ခံကြောင်းအသိပေးထားသည်။


Photo - ကသာခရိုင်အမှတ်(၁)တပ်ရင်း


Horizons News မှ တင်ဆက်သောသတင်းများကို အောက်ပါ Horizons News ၏ Website နှင့် Social Media များတွင်လည်း ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

Website: www.thehorizonsnews.com

YouTube: www.youtube.com/@thehorizonsnews

Telegram: t.me/thehorizonsnew


#စစ်ကိုင်းတိုင်း #ကသာ #ထီးချိုင့် #သတိပေးချက် #စစ်ကောင်စီ #Horizons

Comments


bottom of page