top of page
Logo-Icon.png

ပခုက္ကူခရိုင် အမှတ် (၇) တပ်ရင်း (MHG) မှ (၇၉) နှစ်မြောက် အာဇာနည်နေ့တွင် ကျဆုံးလေပြီးသော အာဇာနည်များနှင့် ရဲဘော်များကို ဂါရဝပြု

ပခုက္ကူ ၊ ဇူလိုင် ၁၉ ၊ Horizons



ယနေ့ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်သော သမိုင်းမော်ကွန်းဝင် (၇၉) နှစ်မြောက် အာဇာနည်နေ့၌ ပခုက္ကူခရိုင်၊ အမှတ် (၇) တပ်ရင်း - Myaing Hero Generations (MHG) က ဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အောက်မေ့ဂါရဝပြုကြောင်း သတင်းထုတ်ပြန်သည်။



ထို့အတူ တိုင်းပြည်နှင့် လူမျိုးအတွက် ရှေ့တန်းတိုက်ပွဲများ၌ သတ္တိရှိရှိ တိုက်ပွဲဝင်ရင်း ကြွေလွင့်သွားခဲ့ရသည့် တော်လှန်ရေးရဲဘော်များ အားလုံးကိုလည်း လွမ်းဆွတ်တသစွာဖြင့် ဦးညွတ်ဂါရဝပြုကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


"ရဲဘော်တို့ ရုပ်ခန္ဓာတွေ ကြွေလွင့်သွားပေမယ့် ရဲဘော်တို့ချန်ထားခဲ့တဲ့ တော်လှန်ရေးစိတ်ဓာတ်ကတော့ ကျွန်တော်တို့ ရင်ထဲမှာ အမြဲထာဝရ ရှင်သန်နေမှာပါ။


 ရဲဘော်တို့ မျှော်လင့်ခဲ့တဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ ရောက်အောင် ဆက်လက် သယ်ဆောင်သွားပါမည်"

ဟု MHG တပ်ရင်းက ကတိသစ္စာပြု ပြောဆိုထားသည်။


ထို့အပြင် ကျဆုံးသွားသော ရဲဘော်များ၏ ပေးဆပ်မှုများကို အမြဲတန်ဖိုးထား သတိရနေမည်ဖြစ်ပြီး တော်လှန်ရေးပန်းတိုင်သို့ မရောက်မချင်း ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။


( Photo - ပခုက္ကူခရိုင်အမှတ်(၇)တပ်ရင်း )


Comments


bottom of page