top of page
Logo-Icon.png

ဖားကန့်မှာ မြေစာပုံ ပြိုလို့  လူလေးဦး သေဆုံး

ကချင်၊ ဇွန်‌ ၂၈ ၊ Horizons



ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ နမ့်မှော်ကျေးရွာ၊ သုံးသိန်းမှော်က မြေစာပုံ ပြိုကျလို့ လူသေဆုံးမှုတွေ ရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်တစ်ဦးက ဖော်ပြပါတယ်


ဒီနေ့မနက်တစ်နာာရီခန့်မှာ သုံးသိန်းမှော်က မြေစာပုံ ပြိုကျတဲ့အတွက် လူခြောက်ဦးက ပျောက်ဆုံး နေပြီး အဲဒီအထဲမှာက သေဆုံးရုပ်အလောင်းလေးလောင်းကို ပြန်တွေ့ရှိတယ်လို့ ဒေသခံက အသိပေးပါတယ်။



ပြီးခဲ့တဲ့ မတ် ၃ ရက်နေ့က မျောက်ဖြူ - ကုလားမှော်ကျေးရွာက ကျောက်တူးဖော်တဲ့လုပ်ကွက်က မြေပြိုကျတဲ့အတွက်   တစ်ဦး သေဆုံးပြီး တစ်ဦးက ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။


ဖားကန့်ဒေသမှာ မကြာခဏဆိုသလို မြေစာပုံတွေ ပြိုကျတဲ့အတွက် အရပ်သားပြည်သူတွေက ထိခိုက်သေဆုံးလျက် ရှိပါတယ်။


Photo - ပေးပို့(သုံးသိန်းမှော်)



Comments


bottom of page