top of page
Logo-Icon.png

ဖားကန့်၌ ရေစီးနှင့် မျောပါလာသည့် ကလေးငယ်တစ်ဦးကို ဆယ်ယူရရှိထားပြီး မိဘများ အမြန်ဆုံးဆက်သွယ်ရန် အသိပေး

ဖားကန့် ၊ ဇူလိုင် ၂၀ ၊ Horizons



ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ယနေ့ ဇူလိုင်လ (၂၀) ရက်နေ့က ရေစီးနှင့်အတူ မျောပါလာသည့် အသက် (၁၀) လမှ (၁) နှစ်ဝန်းကျင်အရွယ်ရှိ ယောက်ျားလေး ကလေးငယ်တစ်ဦးကို ဒေသခံများက ဝိုင်းဝန်းဆယ်ယူ ကယ်ဆယ်ထားနိုင်ခဲ့ကြောင်း သိရသည်။


လက်ရှိအချိန်အထိ အဆိုပါ ကလေးငယ်၏ မိဘအုပ်ထိန်းသူများ ပေါ်ပေါက်လာခြင်း မရှိသေးပေ။ ထို့ကြောင့် ကလေးငယ်၏ မိသားစုဝင်များ၊ ဆွေမျိုးများနှင့် အသိမိတ်ဆွေများ အမြန်ဆုံး သိရှိနိုင်ရေးအတွက် ပြည်သူများအနေဖြင့် ဝိုင်းဝန်းကူညီ စုံစမ်းမျှဝေပေးကြပါရန် အရေးပေါ် မေတ္တာရပ်ခံ တိုက်တွန်းထားပါသည်။


ကလေးငယ်၏ မိဘအုပ်ထိန်းသူများနှင့် သိကျွမ်းသူများအနေဖြင့် အောက်ပါ ဖုန်းနံပါတ်သို့ အမြန်ဆုံး တိုက်ရိုက်ဆက်သွယ် စုံစမ်းနိုင်ပါသည်။


ဆက်သွယ်ရန် - ကိုသန့်ဇင်ဦး (ကွန်းဖောင်ဒေးရှင်း ပရဟိတအသင်း)

ဖုန်းနံပါတ် - 09-400000636



Comments


bottom of page