top of page
Logo-Icon.png

ဗီတင်ညာနှင့် ဂျော်အိုနေးဗက်စ်တို့ ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့မည်မဟုတ်ကြောင်း အေးဂျင့် ဂျော့ချ်မန်းဒက်စ် အတည်ပြု

ရန်ကုန်၊ ဇွန် ၁၀ ၊ Horizons



ပါရီစိန့်ဂျာမိန်း (PSG) အသင်း၏ ကစားသမားများဖြစ်ကြသည့် ဗီတင်ညာနှင့် ဂျော်အိုနေးဗက်စ်တို့သည် ရီးရဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့မည်မဟုတ်ကြောင်း ၎င်းတို့၏ အေးဂျင့်ဖြစ်သူ ဂျော့ချ်မန်းဒက်စ်က တရားဝင် အတည်ပြု ပြောကြားလိုက်သည်။


 ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ထွက်ပေါ်ခဲ့သော သတင်းများနှင့်ပတ်သက်၍ ၎င်းတို့နှစ်ဦးစလုံးသည် PSG အသင်းတွင်သာ ဆက်လက်ကစားသွားမည်ဖြစ်ကြောင်း ရှင်းလင်းခဲ့ခြင်းဖြစ်သည်။


"ဗီတင်ညာနဲ့ ဂျော်အိုနေးဗက်စ်တို့ဟာ ဘယ်အသင်းအတွက်မှ ရွေးချယ်စရာ မဟုတ်ခဲ့ပါဘူး။ PSG အသင်းအတွက်တော့ သူတို့ဟာ ရောင်းချဖို့ လုံးဝမစဉ်းစားထားတဲ့ ကစားသမားတွေ (Non-negotiable) ဖြစ်ပါတယ်" ဟု နာမည်ကျော် အေးဂျင့် ဂျော့ချ်မန်းဒက်စ်က သီးသန့်ထုတ်ဖော် ပြောကြားခဲ့သည်။


ထို့အပြင် ၎င်းကစားသမားနှစ်ဦးစလုံးသည် လက်ရှိတွင် PSG အသင်း၌ အလွန်ပျော်ရွှင်နေကြပြီး အသင်းနှင့်အတူ အောင်မြင်မှု ဆုဖလားများကို ဆက်လက်ရယူသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ထပ်လောင်းပြောကြားသွားခဲ့သည်။

Comments


bottom of page