ဘာနာဒိုဆေးလ်ဗား ရီးယဲလ်မက်ဒရစ်အသင်းထံသို့ နှစ်နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့ရန် သဘောတူညီမှုရရှိ
- Horizons News

- 4 hours ago
- 1 min read
မက်ဒရစ်၊ ဇွန် ၁၂ ၊ Horizons

ပေါ်တူဂီ ကွင်းလယ်ကစားသမား ဘာနာဒိုဆေးလ်ဗား (Bernardo Silva) သည် စပိန်ထိပ်သီးကလပ် ရီးယဲလ်မက်ဒရစ်အသင်းက ကမ်းလှမ်းထားသော စည်းကမ်းချက်များကို လက်ခံလိုက်ပြီဖြစ်ကာ အသင်းထံသို့ ပြောင်းရွှေ့ရန်အတွက် အတည်ပြုနိုင်လုနီးပါး သဘောတူညီမှု ရရှိသွားပြီဖြစ်သည်။
အဆိုပါ သဘောတူညီထားသော စာချုပ်သက်တမ်းမှာ နှစ်နှစ်ဖြစ်ပြီး နောက်ထပ် တစ်နှစ် ထပ်မံသက်တမ်းတိုးနိုင်ခွင့် (Option) လည်း ပါဝင်ကြောင်း သိရသည်။
လက်ရှိတွင် ရီးယဲလ်မက်ဒရစ်အသင်းဘက်ကလည်း အပြောင်းအရွှေ့ကိစ္စရပ်များတွင် နောက်ပိုင်း၌ အခက်အခဲ တစ်စုံတစ်ရာ မဖြစ်ပေါ်စေရေးအတွက် ဘာနာဒိုဆေးလ်ဗားထံသို့ တရားဝင်စာချုပ်ကို ပေးပို့ထားပြီးဖြစ်ကာ မကြာမီအချိန်အတွင်း လက်မှတ်ရေးထိုးသွားဖွယ်ရှိနေသည်။
ယခုကဲ့သို့ ဘာနာဒိုဆေးလ်ဗားကို အသင်းထံ ရောက်ရှိလာစေရန်အတွက် ရီးယဲလ်မက်ဒရစ်နည်းပြ ဂျိုဆေး မော်ရင်ဟို (José Mourinho) ကိုယ်တိုင်က အဓိက တွန်းအားပေး ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။
သို့ဖြစ်ရာ ဘာနာဒိုဆေးလ်ဗားအနေဖြင့် ဆန်တီယာဂို ဘာနေဗျူး (Santiago Bernabéu) ကွင်းကြီးဆီသို့ ပြောင်းရွှေ့လာတော့မည်ဖြစ်ပြီး ယခုအပြောင်းအရွှေ့နှင့် ပတ်သက်သည့် တရားဝင် ကြေညာချက်ကိုလည်း မကြာမီ အတည်ပြု မြင်တွေ့ရတော့မည်ဖြစ်ကြောင်း အားကစားသတင်းများက ဖော်ပြထားသည်။



Comments