မြောက်ဦးမြို့နယ်ထဲက ကျေးရွာနှစ်ရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်
- Horizons News

- 2 days ago
- 1 min read
ရခိုင်၊ ဇူလိုင် ၂၀ ၊ Horizons

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ပလက်ဝ - ကျောက်တော်လမ်းပိုင်းအနီးက ကျောက်ကျပ်ရွာ နဲ့ ကျောက်ဆည် ပြင်ရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်သွားတယ်လို့ ဒေသခံသ တင်းရင်းမြစ်တွေက ပြောပါတယ်။
ဝေဟင်(ကင်းထောက်ချန်နယ်)ကတော့ အကြမ်းဖက်စစ်တပ်လက်အောက်ခံ မကွေးလေတပ်ဂျက်ဖိုက်တာသုံးစီး က ကျောက်တော်မြို့နယ်ကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့သလို တံတားဦးလေတပ်တက် Y12 လေယာဉ်တစ်စီးက ကင်းထောက်နေတယ်လို့ ဖော်ပြပါတယ်။
စစ်ရေးသတင်းရင်းမြစ်ကတော့ “ တောင်ကြောတွေကို ပတ်ပြီးတော့ ပစ်သွားတယ်လို့ ကြားတယ်။ အတိအကျ မသိရသေးဘူးဗျ။ ဆက်သွယ် ပြတ်တောက်နေတော့ အတည်ပြုလို့ မရသေးဘူး” လို့ ပြောပါတယ်။
မနေ့(ဇူလိုင် ၁၉) ရက်ကလည်း အကြမ်းဖက်စစ်တပ်က အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ မအီ၊ သံတွဲ နဲ့ ပုဏ္ဏားကျွန်းတို့ကို လေကြောင်းတိုက်ခိုက်ခဲ့လို့ အပြစ်မဲ့အရပ်သားပြည်သူ (၅) ဦးသေဆုံးခဲ့ကာ ရဟန်းသံဃာတော် (၃) ပါးနှင့် အရပ်သားပြည်သူ စုစုပေါင်း (၂၆) ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့တယ်လို့ AA info Desk က အသိပေးပါတယ်။
ပဋိပက္ခစောင့်ကြည့်ရေးအဖွဲ - ACLED ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားခဲ့တဲ့ မြန်မာပြည်တွင်းစစ်ကြောင့် အရပ်သားပြည်သူတစ်သိန်းကျော် သေဆုံးခဲ့တယ်လို ဖော်ပြထားပါတယ်။



Comments