top of page
Logo-Icon.png

မြောင်မြို့နယ်၊ ပေါက်တောရွာ ဗုံးကြဲခံရလို့ ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ရှစ်ဦး ထိခိုက်

စစ်ကိုင်း၊ ဇွန် ၁၂ ၊ Horizons




စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ပေါက်တောရွာ(အနောက်)ကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲတွေ မရှိဘဲ  ဇွန် ၁၀ ရက်နေ့က  ဗုံးကြဲခဲ့တဲ့လို့  ဒေသတွင်းသတင်းရင်းမြစ်သုံးခုက Horizons News ကို ဒီနေ့မှာ ပြောပါတယ်။


ဒေသခံတစ်ဦးက “ စိုးရိမ်ရတာက တစ်ဦးထဲပါ။ နောက်တစ်ဦးက လက်ဖြတ်ရမှာ။ ကလေးကတော့ ခွဲစိတ်ပြီး ရှစ်ချက် ချုပ်လိုက်ရတယ်။  ဘေးရွာက ပြည်သူတစ်ဦးပါ ထိသေးတယ်။ အားလုံး ရှစ်ဦး” လို့ ပြောပါတယ်။


အကြမ်းဖက်စစ်တပ်ဂျက်ဖိုက်တာတစ်စီးက  ပေါက်တောရွာသင်္ချိုင်းကုန်းမှာ နာရေးပြုလုပ်နေချိန်ကို  ရော့ကတ် တွေနဲ့ လာရောက်ပစ်ခတ်ခဲ့တာလို့ အဲဒီသတင်းရင်းမြစ်က ပြောပါတယ်။


တစ်ခြားဒေသခံတစ်ဦးက ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် လူသေဆုံးမှု မရှိပေမဲ့ ကလေးငယ်တစ်ဦးအပါ အဝင် ပြည်သူတွေ ထိခိုက်ခဲ့တယ်လို့ Horizons News ကို အတည်ပြုပေးပါတယ်။


လေကြောင်းရန်ကြောင့် ပေါက်တောရွာ(အနောက်)က ပြည်သူတွေက တိမ်းရှောင်နေကြရပါတယ်။



စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဦးဆောင်တဲ့ အာဏာသိမ်းထားတဲ့ခြောက်နှစ်တာကာလမှာ မြန်မာနိုင်ငံအနှံ့ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုက ၅,၅၇၈ ကြိမ် ရှိခဲ့ပြီး ဒီတိုက်ခိုက်မှုတွေကြောင့် ကလေးငယ် ၇၆၀ အပါအဝင် လူပေါင်း ၅,၇၅၂ဦးက သေဆုံးခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေး ဝန်ကြီးဌာနက အသိပေးထားပါ တယ်။

Comments


bottom of page