မိုးမိတ်မြို့တွင်အကြမ်းဖက်စစ်တပ်က လက်လွှတ်ရလိုက်သည့်စခန်းသုံးခုကို ပြန်လည်ထိန်းချုပ်ပြီးအင်အားဖြည့်တင်း
ရှမ်းပြည်နယ် ၊ အောက်တိုဘာ ၁ ၊ Horizons

ပြီးခဲ့သည့် စက်တင်ဘာလ(၂၈)ရက်တွင် တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့သည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုးမိတ်မြို့သို့ အကြမ်းဖက်စစ်ကောင်စီတပ်ကမိုးကုတ်မြို့နှင့် တွင်းငယ်မြို့တို့မှတစ်ဆင့်စစ်ကူအင်အားများပို့ဆောင်နေကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးနှင့်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက Horizons Newsသို့ပြောကြားသည်။
"အင်အားကမိုးကုတ်ကလည်းပို့တယ်။မန္တလေးကလည်းတက်တယ်၊ မိုးမိတ်ကိုရောက်သွားပြီ"ဟု စစ်ရေးသတင်းရင်းမြစ်ကHorizons Newsသို့ပြောသည်။
ယနေ့နံနက်ပိုင်းတွင်အကြမ်းဖက်စစ်ကောင်စီတပ်က ညောင်ပင်စောက်ရွာသို့ရောက်ရှိနေပြီး လက်ရှိအချိန်အထိထိတွေ့တိုက်ပွဲများမရှိသေးကြောင်းနှင့် ဒရုန်းဖြင့်တိုက်ခိုက်မှုများကိုမူလုပ်ဆောင်နေကြောင်း ဒေသခံသတင်းရင်းမြစ်ကပြောသည်။
"မိုးကုတ်ကနေကားတွေနဲ့တက်လာတာ။မနေ့ကတော့တွင်းငယ်ဘက်ကလည်းတက်တယ်"ဟု အဆိုပါဒေသခံသတင်းရင်းမြစ်ကဆက်လက်ပြောပြသည်။
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်ဖွဲ့များသည် မိုးမိတ်မြို့နယ်ရှိရွှေမြင်တင်စေတီ၊ညောင်နီရွာနှင့် ရွှေဇာလီရွာတို့ကိုယာယီထိန်းချုပ်နိုင်ခဲ့သော်လည်း၊လက်ရှိအချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က၎င်းစခန်းများကို ပြန်လည်ထိန်းချုပ်သွားပြီဖြစ်ကြောင်းသိရသည်။
Photo - CJ
Horizons News မှ တင်ဆက်သောသတင်းများကို အောက်ပါ Horizons News ၏ Website နှင့် Social Media များတွင်လည်း ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
Website: www.thehorizonsnews.com
YouTube: www.youtube.com/@thehorizonsnews
Telegram: t.me/thehorizonsnew
TikTok: www.tiktok.com/@horizonsnews




Comments