မိသားစုပိုင် ရင်းနှီးမြှုပ်နှံမှုအဖွဲ့များအတွက် AI ကုမ္ပဏီကြီးများထံ ရင်းနှီးမြှုပ်နှံနိုင်ရန် တံတားတစ်စင်းဖြစ်လာသည့် Sabertooth Capital
- Horizons News

- 2 days ago
- 1 min read
ရန်ကုန်၊ ဇွန် ၁၀ ၊ Horizons

Justin Ernest ဦးဆောင်သည့် Sabertooth Capital သည် AI နှင့် နည်းပညာလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံလိုသော သာမန်ရင်းနှီးမြှုပ်နှံသူများနှင့် Family Office (မိသားစုပိုင် ရင်းနှီးမြှုပ်နှံမှုအဖွဲ့) များအတွက် အခွင့်အလမ်းသစ်များ ဖန်တီးပေးလျက်ရှိသည်။
ယခင်က အလားအလာကောင်းမွန်သော AI ကုမ္ပဏီကြီးများတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံရန် အခက်အခဲရှိခဲ့သူများအတွက် ယခုအခါ Sabertooth Capital က ကြားခံတံတားတစ်စင်းအဖြစ် ကူညီဆောင်ရွက်ပေးနေခြင်းဖြစ်သည်။
Justin Ernest သည် သာမန် Venture Capital Fund အသစ်တစ်ခုကို ထူထောင်မည့်အစား ၎င်း၏ ကျယ်ပြန့်သော လုပ်ငန်းကွန်ရက်ကို အသုံးပြုကာ AI နှင့် နည်းပညာကုမ္ပဏီကြီးများမှ ရှယ်ယာများကို ရယူခဲ့သည်။
ထို့နောက် အဆိုပါရှယ်ယာများကို SPV (Special Purpose Vehicle) ခေါ် ရင်းနှီးမြှုပ်နှံမှု ဖွဲ့စည်းပုံများမှတစ်ဆင့် Family Office များအား ပြန်လည်ရင်းနှီးမြှုပ်နှံခွင့် ပေးခဲ့ခြင်းဖြစ်သည်။
ဤနည်းလမ်းဖြင့် ပြီးခဲ့သည့် ၁၂ လတာ ကာလအတွင်း Sabertooth Capital သည် Anthropic, Anduril, Databricks, PsiQuantum နှင့် SpaceX ကဲ့သို့သော ထင်ရှားသည့် ကုမ္ပဏီ ၁၀ ခုတွင် ဒေါ်လာ သန်း ၅၀၀ နီးပါးအထိ ရင်းနှီးမြှုပ်နှံထားနိုင်ခဲ့ပြီ ဖြစ်သည်။
Harvard Business School မှ ဘွဲ့ရရှိထားသူ Justin Ernest ၏ အဓိကအားသာချက်မှာ လုပ်ငန်းရှင်အများစု ယုံကြည်လက်ခံထားသည့် ရင်းနှီးမြှု ပ်နှံသူတစ်ဦး ဖြစ်နေခြင်းနှင့် လူအများနှင့် ချိတ်ဆက်နိုင်သည့် ကွန်ရက်ကြီးတစ်ခု ရှိနေခြင်းပင်ဖြစ်သည်။
ကုမ္ပဏီများ၏ ယုံကြည်မှုရရှိထားခြင်းနှင့်ပတ်သက်၍ PsiQuantum ကုမ္ပဏီတွင် တိုက်ရိုက်ရင်းနှီးမြှုပ်နှံရန် ကြိုးပမ်းခဲ့သူတစ်ဦးအား ကုမ္ပဏီ၏ CFO ကိုယ်တိုင်က Sabertooth မှတစ်ဆင့်သာ ရင်းနှီးမြှုပ်နှံရန် အကြံပြုခဲ့သည့် ဖြစ်စဉ်က သက်သေပြလျက်ရှိသည်။
Sabertooth အနေဖြင့် Groq ကဲ့သို့သော Chip ကုမ္ပဏီမှ အောင်မြင်မှုကြီးတစ်ခု ရရှိထားပြီး လာမည့် SpaceX ၏ IPO နှင့် Anthropic ၏ အများပြည်သူသို့ ရှယ်ယာရောင်းချမည့် အစီအစဉ်များမှတစ်ဆင့် ရင်းနှီးမြှုပ်နှံသူများအတွက် အမြတ်အစွန်းကြီးမားစွာ ရရှိနိုင်မည်ဟု မျှော်လင့်ထားကြသည်။
လက်ရှိအချိန်တွင် Sabertooth Capital သည် ကုမ္ပဏီတစ်ခုချင်းစီအတွက် သီးသန့် SPV များ ဖန်တီးကာ ရင်းနှီးမြှုပ်နှံမှုများကို ဆက်လက်ချဲ့ထွင်လျက်ရှိပြီး အနာဂတ်တွင် သာမန် Venture Capital Fund ကြီးတစ်ခုအဖြစ် တည်ထောင်သွားရန် ရည်မှန်းထားကြောင်း သိရသည်။



Comments