မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ပြိုကျမှုကြောင့် ဖားကန့် - ကားမိုင်း လမ်းပိုင်း ယာဉ်အသွားအလာ ယာယီရပ်ဆိုင်း
- Horizons News

- Jun 22
- 1 min read
မြစ်ကြီးနား၊ ဇွန် ၂၂ ၊ Horizons

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း ရက်ဆက်မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ဖားကန့် - ကားမိုင်း လမ်းမကြီးပေါ်တွင် တောင်ပြိုကျမှု ဖြစ်ပွားခဲ့ပြီး လမ်းပိတ်ဆို့သွားသဖြင့် ယာဉ်အသွားအလာများ ယာယီရပ်ဆိုင်းထားရကြောင်း ဒေသခံများနှင့် ကုန်သည်များထံမှ သိရသည်။
ဖြစ်စဉ်မှာ ဖားကန့် - ကားမိုင်း လမ်းပိုင်းရှိ တံတားညီနောင်နေရာတွင် ယနေ့ရက်ပိုင်းအတွင်း အဆက်မပြတ် မိုးရွာသွန်းခဲ့မှုကြောင့် ယခုကဲ့သို့ တောင်မြေပြိုကျမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ မြေပြိုကျမှုကြောင့် လမ်းမကြီးတစ်ခုလုံးကို မြေစာများနှင့် သစ်ပင်၊ သစ်ကိုင်းများက ဖုံးလွှမ်းသွားခဲ့ပြီး လမ်းပိတ်ဆို့သွားခဲ့သည်။ ထို့ကြောင့် ကုန်တင်ယာဉ်ကြီးများနှင့် ခရီးသည်တင် မော်တော်ယာဉ်များမှာ ဆက်လက်ဖြတ်သန်းသွားလာ၍မရဘဲ လမ်းခရီးတွင် ယာယီရပ်နားထားရကြောင်း သိရှိရသည်။



Comments