top of page
Logo-Icon.png

မန်ချက်စတာယူနိုက်တက်အသင်း လူငယ်ကြယ်ပွင့်များ၏ ခြေစွမ်းပြမှုနှင့်အတူ ရိုဆင်ဘော့ကို ၅-၀ ဂိုးဖြင့် အနိုင်ရ

ဇူလိုင် ၂၅ ၊ ၂၀၂၆ ၊ Horizons



မန်ချက်စတာယူနိုက်တက်အသင်းသည် နော်ဝေးကလပ် ရိုဆင်ဘော့အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ရာသီကြို ချစ်ကြည်ရေး ခြေစမ်းပွဲတွင် (၅) ဂိုးပြတ်ဖြင့် ဂိုးဖြူးကာ ရာသီသစ်အတွက် ယုံကြည်မှုအပြည့် ရှိနေကြောင်း ပြသနိုင်ခဲ့သည်။



ပွဲကစားချိန် ပထမပိုင်း ၃၁ မိနစ်တွင် ရှီးလေ့စီ  က အဖွင့်ဂိုး စတင်သွင်းယူပေးခဲ့ပြီး ဒုတိယပိုင်းတွင် ဂျိုရှူအာ ဇက်ဇီ က တစ်ကိုယ်တော် ထိုးဖောက်ကာ လှပသည့် သွင်းဂိုးတစ်ဂိုးကို ရယူပေးနိုင်ခဲ့သည်။ 


ယင်းနောက် လူငယ်ကစားသမားများဖြစ်ကြသည့် ဂျေးကော့ ဒက်ဗနီ ၊ ဟယ်ရီ အမက်စ် နှင့် အီသန် ဝီလျံ တို့ကလည်း အသင်းအတွက် သွင်းဂိုးများ ထပ်မံရယူပေးခဲ့သဖြင့် ပွဲအပြီးတွင် ၅-၀ ရလဒ်ဖြင့် အောင်ပွဲခံနိုင်ခဲ့ခြင်း ဖြစ်သည်။


ယခုနိုင်ပွဲတွင် မန်ချက်စတာယူနိုက်တက် အကယ်ဒမီထွက် လူငယ်ကစားသမားများ၏ ခြေစွမ်းပြနိုင်မှုမှာ အထူးထင်ရှားခဲ့ပြီး နည်းပြ မိုက်ကယ်ကာရစ် ၏ အသင်းတည်ဆောက်ပုံနှင့် တိုက်စစ်ကစားဟန်တို့မှာ ယခင်ခြေစမ်းပွဲထက် များစွာ တိုးတက်လာကြောင်း တွေ့မြင်ခဲ့ရသည်။ 


အထူးသဖြင့် ဇက်ဇီ၏ တစ်ကိုယ်တော် သွင်းဂိုးမှာ ပရိသတ်များနှင့် အားကစားမီဒီယာများ၏ ချီးကျူးမှုကို အများဆုံး ရရှိခဲ့သည်။


ခြေစမ်းပွဲစဉ်တစ်ပွဲသာ ဖြစ်သော်လည်း ယူနိုက်တက်အသင်းအတွက် အပြုသဘောဆောင်သည့် လက္ခဏာကောင်းများစွာကို မြင်တွေ့ခဲ့ရပြီး လူငယ်ကစားသမားများ၏ တိုးတက်မှု၊ တိုက်စစ်ပိုင်း အခွင့်အရေး ဖန်တီးနိုင်မှုနှင့် ဂိုးသွင်းစွမ်းရည်တို့က လာမည့် ရာသီသစ်အတွက် မျှော်လင့်ချက်များကို ပိုမိုမြင့်တက်စေခဲ့သည်။ 


သို့သော်လည်း ပိုမိုပြင်းထန်သည့် ပြိုင်ဘက်များနှင့် ရင်ဆိုင်ရမည့် ရှေ့လာမည့် ပွဲစဉ်များတွင် ယခုခြေစွမ်းကို ဆက်လက်ထိန်းသိမ်းထားနိုင်မည်လား ဆိုသည်ကိုမူ ဆက်လက် စောင့်ကြည့်ရမည်ဖြစ်ကြောင်း သိရသည်။

   

Comments


bottom of page