မန်စီးတီးနှင့် မန်ယူတို့ အပြိုင်စိတ်ဝင်စားနေသည့် အန်ဒါဆန်အတွက် စံချိန်တင် ပြောင်းရွှေ့ကြေးကို နော့တင်ဟမ်ဖောရက်စ် သတ်မှတ်
- Horizons News

- Jun 10
- 1 min read
လန်ဒန်၊ ဇွန် ၁၀ ၊ Horizons

အင်္ဂလန်နိုင်ငံ၏ နာမည်ကြီး သတင်းစာဖြစ်သော The Guardian ၏ ဖော်ပြချက်များအရ နော့တင်ဟမ်ဖောရက်စ်အသင်းသည် ၎င်းတို့၏ အင်္ဂလန်လက်ရွေးစင် ကွင်းလယ်ကစားသမား အန်ဒါဆန်အတွက် ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၁၁၅ သန်းအထိ အလိုရှိနေကြောင်း သိရသည်။
လက်ရှိအချိန်တွင် အဆိုပါ ထိပ်တန်းကစားသမားကို ခေါ်ယူနိုင်ရန်အတွက် ပရီးမီးယားလိဂ်ပြိုင်ဘက်များဖြစ်ကြသည့် မန်ချက်စတာစီးတီးနှင့် မန်ချက်စတာယူနိုက်တက်အသင်းတို့က အပြိုင်အဆိုင် စိတ်ဝင်စားလျက်ရှိသည်။
အကယ်၍ အန်ဒါဆန်၏ အပြောင်းအရွှေ့သည် ဖောရက်စ်အသင်းဘက်မှ သတ်မှတ်တောင်းဆိုထားသည့် ပေါင် ၁၁၅ သန်းဖြင့်သာ တကယ်တမ်း ဖြစ်မြောက်လာခဲ့မည်ဆိုလျှင် ၎င်းသည် အင်္ဂလန်ဘောလုံးသမိုင်းတစ်လျှောက် တန်ဖိုးအမြင့်မားဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်သွားမည် ဖြစ်သည်။
လက်ရှိ အဆိုပါစံချိန်ကို တင်ထားသူမှာ အာဆင်နယ်အသင်းက ပေါင် ၁၀၅ သန်းဖြင့် ခေါ်ယူထားသည့် ဒီကလန်ရိုက်စ်ဖြစ်ပြီး အန်ဒါဆန်အနေဖြင့် ထိုစံချိန်ကို ကျော်ဖြတ်သွားနိုင်မည်ဖြစ်သည်။
မန်ချက်စတာစီးတီးအသင်းသည် အန်ဒါဆန်ကို ခေါ်ယူရန်အတွက် ဖောရက်စ်အသင်းထံသို့ ကနဦးအဖြစ် ပထမအကြိမ် ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ခဲ့သေးသည်။
သို့သော်လည်း မန်စီးတီးဘက်မှ ကမ်းလှမ်းခဲ့သည့် ပြောင်းရွှေ့ကြေးပမာဏမှာ နည်းပါးနေသည့်အတွက် ဖောရက်စ်အသင်းက ပယ်ချခဲ့ပြီးနောက် ယခုကဲ့သို့ စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်သည့် ပေါင် ၁၁၅ သန်းအထိ သတ်မှတ်တောင်းဆိုလာခြင်းဖြစ်ကြောင်း သိရှိရသည်။



Comments