top of page
Logo-Icon.png

မန်ယူငါးပွဲဆက်နိုင်ပွဲပျောက်ဆုံး၊အက်သလက်တီကိုကို ၂-၀ ဂိုးဖြင့် ရှုံးနိမ့်

1 day ago
1 min read

မက်ဒရစ်၊ အောက်တိုဘာ ၁၄ ၊ Horizons



မန်ချက်စတာယူနိုက်တက်အသင်းသည်အောက်တိုဘာ ၁၃ ရက်က ကစားခဲ့သည့်UEFA Champions League ပွဲစဉ်တွင်အက်သလက်တီကိုမက်ဒရစ်အသင်းကို၂-၀ ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပြီးပြိုင်ပွဲစုံငါးပွဲဆက်တိုက်နိုင်ပွဲပျောက်ဆုံးခဲ့ကာနည်းပြ မိုက်ကယ် ကာရစ်ခ်အတွက်ဖိအားများပိုမိုမြင့်တက်လာသလိုအသင်း၏ခံစစ်ပိုင်းနှင့်ကစားပုံအပေါ်လည်း မေးခွန်းထုတ်မှုများရှိလာခဲ့သည်။



အက်သလက်တီကိုအတွက်ပထမဂိုးကိုပွဲစပြီးတစ်မိနစ်မပြည့်မီ ပက်ဘလိုဘာရီယို့စ်ကသွင်းယူခဲ့ပြီးယူနိုက်တက်၏ခံစစ်နောက်ဘက်သို့ အလွယ်တကူထိုးဖောက်ဝင်ရောက်နိုင်ခဲ့သည့်တိုက်စစ်ကစားကွက်မှတစ်ဆင့်အဲလက်စ်ဘာအဲနာကဘောလုံးပေးပို့ခဲ့ကာ ဘာရီယို့စ်က အဆုံးသတ်ခဲ့ခြင်းဖြစ်သဖြင့်ယင်းဂိုးကယူနိုက်တက်၏ခံစစ်နေရာယူမှု အားနည်းချက်ကိုပွဲအစကတည်းကဖော်ထုတ်ခဲ့သည်။


ဒုတိယပိုင်းတွင် ယူနိုက်တက်ကချေပဂိုးရရန်ကြိုးစားခဲ့ပြီးဘရူနို ဖာနန်ဒက်စ်၏ကန်ချက်တစ်ကြိမ်လည်းဂိုးတိုင်တန်းကိုထိမှန်ခဲ့သော်လည်းပွဲကစားချိန် ၇၄ မိနစ်တွင်နောက်ခံလူလီနီ ယိုရိုအနီကတ်ဖြင့်ထုတ်ပယ်ခံခဲ့ရပြီးနောက်ယူနိုက်တက်၏အခြေအနေပိုမိုခက်ခဲသွားခဲ့ကာအက်သလက်တီကိုအတွက် ဒုတိယဂိုးကိုအဒေမိုလာလုခ်မန်းက၇၉ မိနစ်တွင်သွင်းယူခဲ့သည်။



ယူနိုက်တက်၏အဓိကအားနည်းချက်မှာပွဲအစပိုင်းခံစစ်အာရုံစူးစိုက်မှု လျော့နည်းခြင်းနှင့်ပြိုင်ဘက်၏တိုက်စစ်လှုပ်ရှားမှုများကိုထိရောက်စွာ မတားဆီးနိုင်ခြင်းတို့ဖြစ်ပြီး၊တိုက်စစ်ပိုင်းတွင်အခွင့်အရေးအချို့ဖန်တီးနိုင်ခဲ့သော်လည်းဂိုးအဖြစ်ပြောင်းလဲနိုင်ခြင်းမရှိခဲ့ပေ။


ယိုရို ထုတ်ပယ်ခံရမှုကလည်းအသင်း၏ပြန်လည်တုံ့ပြန်နိုင်မည့်အခွင့်အရေးကို ပိုမိုလျော့နည်းစေခဲ့ကာပွဲအပြီးတွင်ယူနိုက်တက်နောက်ခံလူလီဆန်ဒရို မာတီနက်ဇ်ကအသင်း၏အားဖြည့်ခေါ်ယူမှုနှင့်စီမံခန့်ခွဲမှုအပေါ် မကျေနပ်ကြောင်းထုတ်ဖော်ပြောဆိုခဲ့ပြီးဥရောပထိပ်တန်းအဆင့်တွင်ယှဉ်ပြိုင်နိုင်ရန်ပိုမိုကောင်းမွန်သောကစားသမားများဖြည့်တင်းရန်လိုကြောင်း ပြောကြားခဲ့သည်။


လက်ရှိတွင်ယူနိုက်တက်သည်ပြိုင်ပွဲစုံ ငါးပွဲဆက်တိုက်နိုင်ပွဲမရသေးသလိုPremier League တွင်လည်းအဆင့် ၁၃ နေရာ၌ရပ်တည်နေပြီး လာမည့်ပွဲတွင်လိဒ်ယူနိုက်တက်နှင့်ရင်ဆိုင်ရမည်ဖြစ်သောကြောင့် နည်းပြကာရစ်ခ်အနေဖြင့်ခံစစ်ပိုင်းကိုပြင်ဆင်ပြီးအသင်း၏ယုံကြည်မှု ပြန်လည်တည်ဆောက်နိုင်ရန်အရေးကြီးလာပြီဖြစ်သည်။


Photo- Guardian



Comments


bottom of page