ရန်ကုန်မြို့တွင် ၆၄ နှစ်မြောက် ဆဲဗင်းဂျူလိုင် (7 July) အထိမ်းအမှတ် လှုပ်ရှားမှုတစ်ရပ် ပြုလုပ်
ရန်ကုန် ၊ ဇူလိုင် ၇ ၊ Horizons

ရန်ကုန်မြို့တွင်း တစ်နေရာတွင် ယနေ့ (ဇူလိုင် ၇ ရက်) ၌ ကျရောက်သည့် ၆၄ နှစ်မြောက် ဆဲဗင်းဂျူလိုင် (7 July) အထိမ်းအမှတ်အဖြစ် တော်လှန်ရေး လူငယ်များ စုပေါင်းကာ လှုပ်ရှားမှုတစ်ရပ်ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုတွင် ပါဝင်ကြသည့် အာဏာရှင်စနစ် ဆန့်ကျင်ရေး လူငယ်များက "၇.၇.၆၂ မမေ့ကြနဲ့" နှင့် "7-7-62 DON’T FORGET" ဟူသော စာတမ်းများ ရိုက်နှိပ်ထားသည့် တီရှပ်များကို ဝတ်ဆင်ကာ ပါဝင်ခဲ့ကြခြင်း ဖြစ်သည်။
ယခုကဲ့သို့ လှုပ်ရှားမှု ပြုလုပ်ရခြင်းမှာ သမိုင်းဝင် ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးအခင်းအတွင်း အသက်ပေး ကျဆုံးသွားခဲ့ရသည့် ကျောင်းသားရဲဘော်များကို အောက်မေ့သတိရစေရန်နှင့် ယနေ့တိုင် အမြစ်တွယ်နေသည့် စစ်အာဏာရှင်စနစ်ကို အဆုံးတိုင် ဆက်လက်ဆန့်ကျင် တိုက်ပွဲဝင်သွားမည်ဟူသော ရည်ရွယ်ချက်များဖြင့် ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
Horizons News မှ တင်ဆက်သော သတင်းများကို အောက်ပါ Horizons News ၏ Website နှင့် Social Media များတွင်လည်း ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
Website - www.thehorizonsnews.com
You Tube - https://www.youtube.com/@thehorizonsnews
Telegram - https://t.me/thehorizonsnew




Comments