top of page
Logo-Icon.png

ရန်ကုန်မြို့ ဘုရင့်နောင်ကုန်စည်ဒိုင်၏ ပဲမျိုးစုံနှင့် မီးဖိုချောင်သုံးသီးနှံ ဈေးကွက်အခြေအနေ

ရန်ကုန်၊ ဇွန် ၁၁ ၊ Horizons



ရန်ကုန်တိုင်းမြို့ ဘုရင့်နောင်ကုန်စည်ဒိုင်မှ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့အတွက် ပြည်တွင်းစားသောက်ကုန်နှင့် ပို့ကုန်ပဲမျိုးစုံ၏ ဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု အခြေအနေများကို ထုတ်ပြန်ထားသည်။


ပို့ကုန်ပဲများ၏ ဈေးကွက်အခြေအနေကို လေ့လာကြည့်ရာတွင် မတ်ပဲ FAQ/RC (2026 Crop) သည် တစ်မက်ထရစ်တန်လျှင် ၃,၀၅၈,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး ကွန်တိန်နာ ၁၀ လုံး အရောင်းအဝယ်ဖြစ်ခဲ့သည်။


ထို့အတူ မတ်ပဲ SQ/RC (2026 Crop) သည် တစ်တန်လျှင် ၃,۳၅၃,၀၀၀ ကျပ်ဖြစ်ပြီး၊ ပဲစင်းငုံနီ RC (2026 Crop) မှာ တစ်တန်လျှင် ၃,၁၀၉,၀၀၀ ကျပ် ဈေးဖွင့်ထားသည်။


ပြည်တွင်းသုံး ပဲများဖြစ်သော ပဲတီစိမ်း (အညာ) မှာ ၄,၄၁၅ ကျပ်မှ ၄,၄၂၀ ကျပ်ကြားနှင့် ကုလားပဲဖြူလုံးမှာ ၃,၈၆၀ ကျပ် အသီးသီး ပေါက်ဈေးရှိနေသည်။


အခြေခံ မီးဖိုချောင်သုံးသီးနှံများတွင် ဆိတ်ဖြူ (ရှယ်) ကြက်သွန်နီမှာ တစ်ပိဿာ ၃,၆၀၀ ကျပ် ဈေးရှိပြီး ဈေးကွက်အတွင်းသို့ ၃၀ စီး (ပိဿာ ၁၈၀,၀၀၀) ဝင်ရောက်အရောင်းအဝယ်ဖြစ်ခဲ့သည်။


ကြက်သွန်ဖြူ ကြူကုတ် (ရှယ်) သည် ၁၅,၀၀၀ ကျပ်နှင့် အောင်ပန်း ထူး-၅ မှာ ၈,၅၀၀ ကျပ် အသီးသီး ဈေးရှိကာ စုစုပေါင်း အိတ် ၄၄၅ အိတ် (ပိဿာ ၈,၉၀၀) အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။


ငရုတ်ဈေးကွက်တွင် ပန်းရဲ (AC) ငရုတ်မှာ ၁၄,၅၀၀ မှ ၁၅,၅၀၀ ကျပ်ကြား ပေါက်ဈေးရှိပြီး အိတ်ပေါင်း ၄၀၀ (ပိဿာ ၈,၀၀၀) အရောင်းအဝယ်ဖြစ်ခဲ့သလို၊ အောင်ပန်း OK အာလူးဈေးမှာ ၂,၃၀၀ ကျပ်ဖြစ်ကာ ၁၀ စီး (ပိဿာ ၆၀,၀၀၀) အရောင်းအဝယ်ဖြစ်ခဲ့သည်။


အခြားသော စားသောက်ကုန်များဖြစ်သည့် ပြည်တွင်းဖြစ် သကြားဈေးနှုန်းမှာ ၃,၇၀၀ မှ ၄,၁၀၀ ကျပ်ကြားနှင့် တောင်သာ/မလှိုင် ထန်းလျက်(ကြမ်း)မှာ ၄,၀၀၀ ကျပ် ရှိနေသည်။ 


ရေထွက်ကုန်များဖြစ်သော ဖျာပုံရွှေပုစွန်ရှယ်မှာ ၂၇၀,၀၀၀ မှ ၃၀၀,၀၀၀ ကျပ်ကြား၊ ငါးရံ့ခြောက်ကြီးမှာ ၁၁၀,၀၀၀ ကျပ် အသီးသီး ဈေးရှိနေသည်။


ယခုဖော်ပြပါ ကုန်စည်ဈေးနှုန်းများမှာ တစ်ပိဿာအတွက် သတ်မှတ်ထားသော ဈေးနှုန်းများဖြစ်ပြီး ပြည်ပပို့ကုန် (Ready Cargo) များအတွက်မူ ၁ မက်ထရစ်တန် (1 Metric Ton) ဈေးနှုန်းများဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

Comments


bottom of page