top of page
Logo-Icon.png

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် Express ယာဉ်နှစ်စီး ဆင့်တိုက်မိမှုကြောင့် (၃) ဦးသေဆုံးပြီး (၄) ဦး ဒဏ်ရာရရှိ

Jun 22
1 min read

အမြန်လမ်း၊ ဇွန် ၂၂ ၊ Horizons



ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၁၇/၇) ဖာလုံတွင် ယနေ့ ဇွန်လ (၂၂) ရက်နေ့ နံနက် (၃) နာရီအချိန်ခန့်က ခရီးသည်တင် Express ယာဉ်နှစ်စီး ဆင့်တိုက်မှုဖြစ်ပွားခဲ့ရာ (၃) ဦးသေဆုံးပြီး (၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ အဆိုပါနေရာတွင် ရှေ့မှ မောင်းနှင်လာသော "ရတနာဖြိုး" ခရီးသည်တင် Express ယာဉ်ကို "ရွှေမန္တလာ" ခရီးသည်တင် Express ယာဉ်က နောက်ဘက်မှ ဝင်ရောက်တိုက်မိခဲ့ခြင်း ဖြစ်သည်။


ယင်းယာဉ်တိုက်မှုအရှိန်ကြောင့် ယာဉ်ပေါ်ပါ ခရီးသည်များအနက် အမျိုးသား (၃) ဦးမှာ အသက်ဆုံးရှုံးခဲ့ရပြီး၊ အခြား အမျိုးသား (၃) ဦးနှင့် သာမဏေ (ကိုရင်) (၁) ပါးတို့မှာ ထိခိုက်ဒဏ်ရာများ အသီးသီး ရရှိခဲ့ကြောင်း သိရှိရသည်။



Comments


bottom of page