top of page
Logo-Icon.png

လောင်းလုံးမြို့နယ်အတွင်းဆိုင်ကယ်ပြင်ဆိုင်၌မူးယစ်ဆေးဝါး ရောင်းဝယ်နေသူတစ်ဦးကိုသက်သေခံပစ္စည်းများ၊လက်နက်တို့နှင့်အတူ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ဖမ်းဆီးရမိ

Sep 7
1 min read

လောင်းလုံး ၊ စက်တင်ဘာ ၇၊ Horizons



တနင်္သာရီတိုင်းဒေသကြီး၊လောင်းလုံးမြို့နယ်အတွင်းရှိဆိုင်ကယ်ပြင်ဆိုင်တစ်ခုတွင်မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုများလုပ်ဆောင်နေကြောင်းသတင်းရရှိသဖြင့်မြို့နယ်လုံခြုံရေးမှူးနှင့်ဒုတိယမြို့နယ်လုံခြုံရေးမှူးတို့ဦးစီးသည့်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ကသွားရောက်ရှာဖွေစစ်ဆေးခဲ့ရာမူးယစ်ဆေးဝါးရောင်းဝယ်သူအမျိုးသားတစ်ဦးကို လက်နက်နှင့်သက်သေခံပစ္စည်းများအပြင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်တွင်အသက်(၃၈)နှစ်အရွယ်ရှိမူးယစ်ဆေးဝါးရောင်းဝယ်ပြုလုပ်သူအမျိုးသားတစ်ဦးကိုဝင်ရောက်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး၎င်းထံမှWY မူးယစ်ဆေးပြား(၁၆၈)လုံး၊BA 94အမျိုးအစားသေနတ် (မောင်းတုန်းနှင့် ကျည်အိမ်မပါ)(၁) လက်၊ငွေကြေးဖြစ်သည့်မြန်မာငွေကျပ် (၁၁,၀၅,၇၀၀/-)၊လက်ကိုင်ဖုန်း(၂) လုံး၊လက်ပတ်နာရီ (၆)လုံး၊အိတ် (၄) လုံးအပြင်မူးယစ်ဆေးဝါးသုံးစွဲရာတွင်အသုံးပြုသည့်ဆက်စပ်ပစ္စည်းများဖြစ်သောမီးခြစ်(၈)ခု၊ပိုက်ထုတ်(၄)ထုတ်၊ပိုက်ထည့်သည့်ဘူး(၁)ဘူး၊ နားကြပ်ဘူးခွံ(၁)ခုနှင့်ဂက်စ်ဘူး(၁)ဘူးတို့ကိုသိမ်းဆည်းရမိခဲ့သည်။


လက်ရှိတွင်အဆိုပါဖမ်းဆီးရမိထားသည့်မူးယစ်ဆေးဝါးရောင်းဝယ်သူအားထိရောက်စွာဥပဒေနှင့်အညီအရေးယူနိုင်ရေးအတွက်သက်ဆိုင်ရာမှ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းမိဘပြည်သူများထံအသိပေးထုတ်ပြန်ထားသည်။


Photo- ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ - လောင်းလုံးမြို့နယ်


Horizons News မှတင်ဆက်သောသတင်းများကိုအောက်ပါ Horizons News ၏ Website နှင့် Social Media များတွင်လည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။


#လောင်းလုံးမြို့နယ် #မူးယစ်ဆေးဝါးဖမ်းဆီးမှု #ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ #တနင်္သာရီတိုင်း #HorizonsNews


လောင်းလုံးမြို့နယ်အတွင်းဆိုင်ကယ်ပြင်ဆိုင်၌မူးယစ်ဆေးဝါး ရောင်းဝယ်နေသူကိုသက်သေခံပစ္စည်းများနှင့်အတူ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ဖမ်းဆီးရမိ

Comments


bottom of page