ဝေဖန်သူတွေကို အသံတိတ်စေခဲ့တဲ့ UFC Flyweight ချန်ပီယံ ဂျော့ရှုဝါ ဗန်
- Horizons News

- 3 days ago
- 1 min read

မေလ ၉ ရက်ညပိုင်းက အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီပြည်နယ်၊ UFC 328 ဒုတိယခေါင်ပွဲစဉ်ဖြစ်တဲ့ မြန်မာဖိုက်တာ ဂျော့ရှုဝါဗန် နဲ့ ဂျပန်ဖိုက်တာ တက်ဆူရို တိုင်ရာပွဲမှာ ဗန်က အလဲထိုးအနိုင်ရလဒ်နဲ့ ချန်ပီယံခါးပတ်ကာကွယ်ခဲ့
မြန်မာဖိုက်တာ၊ ချင်းနွယ်ဖွား ဂျော့ရှုဝါ ဗန် တစ်ယောက် UFC Flyweight ဝိတ်တန်းမှာ အကောင်းဆုံး ဖိုက်တာဖြစ်တယ်ဆိုတာ ထပ်ပြီး သက်သေထူလိုက်ပါပြီ။
အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီပြည်နယ်မှာ ကျင်းပတဲ့ UFC 328 ပြိုင်ပွဲ မတိုင်ခင် ဂျပန်ဖိုက်တာ တက်ဆူရို တိုင်ရာ အနိုင်ရခြေရှိတယ်လို့ UFC ဖိုက်တာတွေ၊ ပွဲကြိုသုံးသပ်သူတွေက ထင်ကြေးထုတ်ခဲ့တာတွေကို သူက ကြိုးဝိုင်းထဲကနေ သက်သေပြသွားတာပါ။
တိုင်ရာဟာ ဗန်နဲ့ မထိုးခင် သူ့ရဲ့မှတ်တမ်းထဲမှာ ဗန်ရဲ့ပြိုင်ဘက်ဟောင်း ဘရန်ဒန် ရိုဗဲကို ရှုံးထားပြီး ရှုံးပွဲတစ်ပွဲသာ ရှိထားတဲ့ဖိုက်တာပါ။ အခုတော့ တိုင်ရာဟာ ဗန်နဲ့ ခါးပတ်လုပွဲမှာ အလဲထိုးခံရပြီး ဒုတိယအကြိမ် ရှုံးပွဲကြုံခဲ့ရတာဖြစ်ပါတယ်။
UFC ဥက္ကဋ္ဌ ဒေနာ ဝှိုက်ကတော့ UFC 328 ပွဲစဉ်တွေထဲမှာ ဗန်တို့ တွဲဆိုင်းဟာ စိတ်လှုပ်ရှားမှုအကောင်းဆုံးပွဲဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ UFC 328 ရဲ့ 'Fight Of the Night' တစ်ညတာ အကောင်းဆုံးပွဲအဖြစ်လည်း သတ်မှတ်ခဲ့ပါတယ်။
"ဒီပွဲဟာ အံ့အားသင့်စရာ ပွဲပါ။ နှစ်ယောက်လုံး သူတစ်ပြန်၊ ကိုယ်တစ်ပြန် ထိုးကြရင်း တော်တော် ကြည့်ကောင်းပါတယ်။ ဗန်က ဒီညထိုးသွားတာ တော်တော်ကို ကောင်းပါတယ်" လို့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ဒေနာ ဝှိုက်က ပြောပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ ဗန်ကတော့ "အနိုင်ကတော့ အနိုင်ပါပဲ။ ဒါပေမဲ့ ဒီနိုင်ပွဲက ပိုပြီး ချိုမြိန်တယ်" လို့ ပြောပါတယ်။
ဒီပွဲဟာ ဗန် အတွက်တော့ ပထမဆုံးအကြိမ် ချန်ပီယံခါးပတ် ကာကွယ်ပွဲဖြစ်ပါတယ်။ ပထမဆုံး ခါးပတ်ကာကွယ်တဲ့ ပွဲမှာ ဗန်က တက်ဆူရို တိုင်ရာကို ဘယ်လိုအနိုင်ယူခဲ့ပါသလဲ။

Comments