top of page
Logo-Icon.png

ဟိုဆေးမော်ရင်ဟို သုံးနှစ်စာချုပ်ဖြင့် ရီးရဲလ်မက်ဒရစ်အသင်းသို့ ပြန်လည်ရောက်ရှိ

မက်ဒရစ်၊ ဇွန် ၁၁ ၊ Horizons



နာမည်ကျော် ပေါ်တူဂီနည်းပြကြီး ဟိုဆေးမော်ရင်ဟိုသည် ရီးရဲလ်မက်ဒရစ်အသင်းနှင့် သုံးနှစ်စာချုပ် အပြီးသတ်ချုပ်ဆိုရန်အတွက် စပိန်နိုင်ငံသို့ ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းက ထွက်ခွာသွားပြီဖြစ်ကြောင်း Sky Sports သတင်းဌာနက ဖော်ပြခဲ့သည်။ 


အဆိုပါစာချုပ်သက်တမ်းမှာ လာမည့် ဇူလိုင်လမှသာ စတင်အသက်ဝင်မည်ဖြစ်သော်လည်း မော်ရင်ဟိုအနေဖြင့် အသင်း၏ လေ့ကျင့်ရေးကွင်းသို့ ချက်ချင်းသွားရောက်ကာ နည်းပြအလုပ်များကို စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


လက်ရှိအချိန်တွင် ၎င်းအတွက် သတင်းစာရှင်းလင်းပွဲနှင့် ကြိုဆိုပွဲအခမ်းအနားများကို ချက်ချင်းကျင်းပပြုလုပ်သွားမည် မဟုတ်သေးပေ။ 


စာချုပ်သက်တမ်း တရားဝင် စတင်အသက်ဝင်မည့် အချိန်ရောက်ရှိမှသာ တရားဝင်မိတ်ဆက်ပွဲများကို ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းများတွင် ဆက်လက်ဖော်ပြထားသည်။

Comments


bottom of page