ဟိုပင်မြို့မှ ကျောင်းသား၊ ကျောင်းသူအချို့ကို SNA တပ်ဖွဲ့ ဖမ်းဆီးသွားကြောင်း မိဘများ တိုင်ကြား
- Horizons News

- 1 day ago
- 1 min read

မိုးညှင်း ၊ ဇူလိုင် ၁၉ ၊ Horizons
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့မှ ကျောင်းသား၊ ကျောင်းသူအချို့ကို ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကာယကံရှင် မိဘများက ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ (PCG) ထံသို့ တိုင်ကြားထားကြောင်း သိရသည်။
အဆိုပါ ကျောင်းသား၊ ကျောင်းသူများသည် ပြီးခဲ့သည့် ဇူလိုင်လ (၈) ရက် နံနက်ပိုင်းကတည်းက စတင်ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။
ယနေ့ (ဇူလိုင်လ ၁၉ ရက်) အထိ (၁၁) ရက်တိုင်တိုင် မိသားစုနှင့် အဆက်အသွယ် လုံးဝမရရှိသေးသည့်အတွက် မိဘများအနေဖြင့် သားသမီးများ၏ လုံခြုံရေးအတွက် အထူးစိုးရိမ်ပူပန်နေကြပြီး အမြန်ဆုံးပြန်လည်လွတ်မြောက်လာရန် မျှော်လင့်နေကြကြောင်း တိုင်ကြားစာများအရ သိရှိရသည်။
ယခုကဲ့သို့ ကျောင်းသား၊ ကျောင်းသူများကို မည်သည့်အကြောင်းပြချက်ဖြင့် ဖမ်းဆီးခေါ်ဆောင်သွားသည်ကို တိတိကျကျ မသိရသေးသလို SNA တပ်ဖွဲ့ဘက်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။
စစ်ရေးအခြေအနေ ရှုပ်ထွေးနေသည့် ကချင်ပြည်နယ်အတွင်း ယခုကဲ့သို့ အရပ်သားများနှင့် ကျောင်းသားလူငယ်များ ဖမ်းဆီးခံရသည့် ဖြစ်စဉ်များကြောင့် ဒေသခံပြည်သူများအကြား လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများ ပိုမိုမြင့်တက်လျက်ရှိကြောင်း သိရှိရသည်။
#ကချင်ပြည်နယ် #ဟိုပင်မြို့ #SNA #ကျောင်းသားများဖမ်းဆီးခံရ #HorizonsNews



Comments