top of page
Logo-Icon.png

အင်္ဂလန်၊ ဘယ်လ်ဂျီယမ်နှင့် အိမ်ရှင် အမေရိကန်တို့ နောက်တစ်ဆင့်သို့ အသီးသီး တက်ရောက်

ဇူလိုင် ၂ ၊ Horizons



အင်္ဂလန်အသင်းဟာ အခက်အခဲတွေကြားကနေ အတွေ့အကြုံရင့်ကျက်မှုနဲ့အတူ အဖိုးတန် အနိုင်ရလဒ်ကို ဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။ ပွဲအစပိုင်းမှာ DR Congo အသင်းက အစောပိုင်း ဦးဆောင်ဂိုးသွင်းယူကာ အင်္ဂလန်ကို အတော်လေး ဖိအားပေးကစားနိုင်ခဲ့ပေမယ့်၊ ဒုတိယပိုင်းမှာတော့ အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်းရဲ့ သွင်းဂိုး (၂) ဂိုးနဲ့အတူ ပွဲရလဒ်ကို အံ့ဖွယ် ပြန်လည်ပြောင်းလဲနိုင်ခဲ့တာ ဖြစ်ပါတယ်။ DR Congo အနေနဲ့ ရှုံးနိမ့်သွားခဲ့ပေမယ့် ပရိသတ်တွေ အသိအမှတ်ပြုရလောက်တဲ့ စွမ်းဆောင်ရည်ကောင်းတွေကို ပြသနိုင်ခဲ့ပြီး အင်္ဂလန်အသင်းကတော့ (၁၆) သင်းအဆင့်ကို တရားဝင် တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။


ဘယ်ဂျီယမ် နဲ့ ဆီနီဂေါ ပွဲကတော့ အလှည့်အပြောင်းပေါင်းများစွာနဲ့ ပရိသတ်တွေကို ရင်ခုန်စိတ်လှုပ်ရှားစေခဲ့တဲ့ ပွဲတစ်ပွဲလို့ ဆိုရမှာပါ။ ဆီနီဂေါအသင်းက (၂) ဂိုးအထိ ပြတ်ပြတ်သားသား ဦးဆောင်နိုင်ခဲ့ပေမယ့် ဘယ်လ်ဂျီယမ်အသင်းက လုံးဝ လက်မလျှော့ခဲ့ဘဲ အကောင်းဆုံး တုံ့ပြန်တိုက်စစ်ဆင်မှုတွေကတစ်ဆင့် (၃-၂) ရလဒ်နဲ့ နောက်ကလိုက်ကာ အနိုင်ယူသွားခဲ့တာ ဖြစ်ပါတယ်။ ပွဲပြီးဆုံးခါနီးအချိန်အထိ ပြသသွားခဲ့တဲ့ ဘယ်လ်ဂျီယမ်ကစားသမားတွေရဲ့ မလျှော့သော ဇွဲစိတ်ဓာတ်နဲ့ ထိရောက်တဲ့ တိုက်စစ်စွမ်းရည်တွေက အသင်းကို နောက်တစ်ဆင့်ဆီ ပို့ဆောင်ပေးနိုင်ခဲ့ပြီး ဆီနီဂေါအသင်းအတွက်တော့ အလွန်နှမြောဖို့ကောင်းတဲ့ ရှုံးပွဲတစ်ပွဲ ဖြစ်ခဲ့ရပါတယ်။


အိမ်ရှင် အမေရိကန်အသင်းကတော့ အိမ်ရှင်ပီသစွာနဲ့ပဲ ပွဲတစ်ပွဲလုံးကို အကောင်းဆုံး ထိန်းချုပ်ကစားသွားခဲ့ပြီး ဘော့စနီးယားကို (၂-၀) ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ အမေရိကန်အသင်းရဲ့ အဓိက အားသာချက်တွေဖြစ်တဲ့ ထိရောက်ထက်မြက်တဲ့ တိုက်စစ်ပိုင်းနဲ့ တည်ငြိမ်ကျစ်လျစ်တဲ့ ခံစစ်စွမ်းဆောင်ရည်တွေကြောင့် ပြိုင်ဘက်ကို ဂိုးသွင်းခွင့် အခွင့်အရေး အလွန်နည်းပါးစွာသာ ပေးခဲ့ရတာ ဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့် USA အသင်းဟာ ယုံကြည်မှု အပြည့်အဝနဲ့အတူ ပြိုင်ပွဲရဲ့ (၁၆) သင်းအဆင့်ဆီကို ထိုက်ထိုက်တန်တန် တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။



Comments


bottom of page