အမ်ဘာပေနှင့် ဒမ်ဘီလီတို့၏ သွင်းဂိုးများဖြင့် မော်ရိုကိုကို အနိုင်ယူကာ ပြင်သစ်အသင်း ဆီမီးဖိုင်နယ်သို့ တက်လှမ်း
- Horizons News

- Jul 10
- 1 min read
ဇူလိုင် ၁၀ ၊ Horizons

ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် ပွဲစဉ်တစ်ပွဲအဖြစ် ရေပန်းစားနေသည့် ပြင်သစ်အသင်းနှင့် မော်ရိုကိုအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ပြင်သစ်အသင်းက ၂-၀ ဂိုးဖြင့် အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်အဆင့်သို့ သက်သောင့်သက်သာ တက်လှမ်းသွားခဲ့ပြီ ဖြစ်ပါတယ်။
ယင်းပွဲစဉ်တွင် ပြင်သစ်အသင်းအတွက် အနိုင်ဂိုးများကို ဒုတိယပိုင်း၌ ဆက်တိုက်ဆိုသလို သွင်းယူနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။
ပွဲချိန် မိနစ် ၆၀ ပြည့်မြောက်သည့် အချိန်တွင် အသင်း၏ အဓိက တိုက်စစ်မှူး ကီလီယန် အမ်ဘာပေက ပြင်သစ်အသင်းအတွက် အဖွင့်ဦးဆောင်ဂိုးကို စတင်သွင်းယူပေးခဲ့ပါတယ်။
ထိုဂိုး သွင်းယူပြီး ၆ မိနစ်အကြာ ပွဲချိန် ၆၆ မိနစ်တွင် အူစမန် ဒမ်ဘီလီက ဒုတိယမြောက်ဂိုးကို ထပ်မံသွင်းယူပေးခဲ့ရာ ပြင်သစ်အသင်းအတွက် အနိုင်သေချာစေခဲ့ပါတယ်။
အဆိုပါ အနိုင်ရလဒ်နှင့်အတူ ပြင်သစ်အသင်းသည် မော်ရိုကိုအသင်းကို ဖြတ်ကျော်ကာ ဆီမီးဖိုင်နယ်သို့ အောင်မြင်စွာ တက်ရောက်ခွင့် ရရှိခဲ့ခြင်းဖြစ်ပါတယ်။
ဆီမီးဖိုင်နယ်အဆင့်တွင် ပြင်သစ်အသင်းအနေဖြင့် စပိန် (သို့မဟုတ်) ဘယ်လ်ဂျီယံ အသင်းတို့ထဲမှ အနိုင်ရရှိမည့် အသင်းတစ်သင်းနှင့် ဗိုလ်လုပွဲအတွက် ဆက်လက် ယှဉ်ပြိုင်ကစားသွားရမည် ဖြစ်ပါတယ်။



Comments