top of page
Logo-Icon.png

အမ်ဘာပေ၏ ပင်နယ်တီသွင်းဂိုးဖြင့် ပါရာဂွေးကို အနိုင်ယူကာ ပြင်သစ် ကွာတားဖိုင်နယ်သို့ တက်ရောက်

ဖီလာဒယ်လ်ဖီးယား ၊ ဇူလိုင် ၅ ၊ Horizons



အမေရိကန်ပြည်ထောင်စု၊ ဖီလာဒယ်လ်ဖီးယား ကွင်းတွင် ယမန်နေ့ (ဇူလိုင် ၄ ရက်) က ယှဉ်ပြိုင်ကစားခဲ့သော ၂၀၂၆ ကမ္ဘာ့ဖလား  ၏ ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်တွင် ပြင်သစ်အသင်းက ပါရာဂွေးအသင်းကို ၁-၀ ဂိုးဖြင့် ခက်ခက်ခဲခဲ အနိုင်ရရှိကာ ကွာတားဖိုင်နယ်သို့ တက်လှမ်းသွားခဲ့ပြီဖြစ်သည်။



၁၆ သင်းအဆင့်သို့ ဂျာမနီကို ပင်နယ်တီဖြင့် အံ့အားသင့်ဖွယ် အနိုင်ယူကာ တက်ရောက်လာခဲ့သည့် ပါရာဂွေးအသင်းသည် ယခုပွဲစဉ်တွင်လည်း ခံစစ်ကိုသာ အထိုင်ချကစားခဲ့သဖြင့် ပြင်သစ်အသင်းအနေဖြင့် ပထမပိုင်းတွင် များစွာ ရုန်းကန်ခဲ့ရသည်။ 


ပြင်သစ်အသင်းသည် ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူနိုင်ခဲ့သော်လည်း စည်းကမ်းရှိလှသည့် ပါရာဂွေးခံစစ်ကို ထိုးဖောက်နိုင်ခြင်းမရှိဘဲ အဝေးကန်ချက်များဖြင့်သာ ဂိုးပေါက်ခြိမ်းခြောက်နိုင်ခဲ့ရာ ပါရာဂွေးဂိုးသမား အော်လန်ဒို ဂေးလ်  အတွက်မူ ကြီးမားသည့် ခြိမ်းခြောက်မှုမျိုး မဖြစ်ခဲ့ပေ။


ဒုတိယပိုင်း ပြန်လည်စတင်ချိန်တွင် ပြင်သစ်အသင်း တိုက်စစ်ပိုမို ပီပြင်လာခဲ့သည်။ 


ထောင့်ကန်ဘောမှတစ်ဆင့် အူစမန် ဒမ်ဘီလီ  ၏ ကန်ချက် ဂိုးဘေးပိုက်ကွန်ကိုသာ ထိခဲ့ပြီး ဖိအားပေးမှုများ ဆက်တိုက်လုပ်ဆောင်လာချိန်တွင် မာနူ ကိုနေး  ၏ ပြင်းထန်သော အဝေးကန်ချက်ကို ပါရာဂွေးဂိုးသမား အစွမ်းကုန်ခုန်ကာ လက်စွမ်းပြ ကာကွယ်နိုင်ခဲ့သည်။


သို့သော် ပွဲချိန် ၆၉ မိနစ်တွင် ပြင်သစ်ကစားသမား ဒီဇိုင်းယား ဒူးအေး  ပြစ်ဒဏ်ကျူးလွန်ခံရသဖြင့်  ဖြင့် စစ်ဆေးပြီးနောက် ပြင်သစ်အသင်း ပင်နယ်တီ ရရှိခဲ့သည်။ 


အဆိုပါ ပင်နယ်တီကို ကီလီယန် အမ်ဘာပေ က ဂိုးသမားနှင့် ပြောင်းပြန်အရပ်သို့ အမှားအယွင်းမရှိ တည်ငြိမ်စွာ ကန်သွင်းကာ ပြင်သစ်အသင်းအတွက် ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်မည့် တစ်လုံးတည်းသော အနိုင်ဂိုးကို ရယူပေးခဲ့သည်။



ယခုသွင်းဂိုးသည် အမ်ဘာပေအတွက် ၂၀၂၆ ကမ္ဘာ့ဖလား၏ (၇) ဂိုးမြောက် သွင်းဂိုးဖြစ်လာပြီး ရွှေဖိနပ်ဆု ပြိုင်ဆိုင်မှုတွင် မက်ဆီ  နှင့် သွင်းဂိုးတူညီနေသော်လည်း ဂိုးဖန်တီးမှု  အသာဖြင့် ဦးဆောင်နေပြီဖြစ်သည်။


 ထို့အပြင် ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးစာရင်းတွင်လည်း အာဂျင်တီးနားကစားသမား မက်ဆီ၏ စံချိန် (၂၀ ဂိုး) ကို မီရန် တစ်ဂိုးသာ လိုအပ်တော့သည်။


နှစ်ကြိမ်တိုင်တိုင် ကမ္ဘာ့ဖလားချန်ပီယံဖြစ်ထားဖူးသည့် ပြင်သစ်အသင်းသည် လာမည့် ဇူလိုင်လ ၉ ရက်နေ့၊ ဘော့စတွန် ကွင်းတွင် အိမ်ရှင်ကနေဒါကို အနိုင်ယူလာသည့် မော်ရိုကိုအသင်းနှင့် ကွာတားဖိုင်နယ်ပွဲစဉ် ဆက်လက်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။



Comments


bottom of page