အမေရိကန်သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် အိမ်ဖြူတော်တွင် UFC ပြိုင်ပွဲ ကျင်းပမည်
- Horizons News

- Jun 13
- 1 min read
ဝါရှင်တန်၊ ဇွန် ၁၃ ၊ Horizons

အမေရိကန်နိုင်ငံသမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် Ultimate Fighting Championship (UFC) ပြိုင်ပွဲကို အိမ်ဖြူတော်၏ South Lawn ၌ လာမည့် ဇွန်လ ၁၄ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
"UFC Freedom 250" ဟု အမည်ပေးထားသည့် ယင်းပြိုင်ပွဲသည် အမေရိကန်နိုင်ငံ တည်ထောင်ခြင်း နှစ် ၂၅၀ ပြည့် အထိမ်းအမှတ် အစီအစဉ်များအနက် တစ်ခုအပါအဝင်ဖြစ်ပြီး ပရိသတ် ၄,၀၀၀ ကျော် လာရောက်ကြည့်ရှုမည်ဟု မျှော်မှန်းထားသည်။
အဓိကပွဲစဉ်အဖြစ် Lightweight ချန်ပီယံ Ilia Topuria နှင့် Justin Gaethje တို့ ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်ကာ Co-main Event အဖြစ် Alex Pereira နှင့် Ciryl Gane တို့၏ ပွဲစဉ်များ ပါဝင်မည်ဖြစ်သည်။
ယခုပြိုင်ပွဲသည် UFC သမိုင်းတစ်လျှောက် အထူးခြားဆုံးပွဲများအနက် တစ်ပွဲဖြစ်လာမည်ဟု UFC အမှုဆောင်အရာရှိချုပ် Dana White က ပြောဆိုထားသည်။
သို့သော် အစိုးရပိုင် အထင်ကရနေရာတွင် ပရော်ဖက်ရှင်နယ် MMA ပြိုင်ပွဲ ကျင်းပခြင်းနှင့်ပတ်သက်၍ ဝေဖန်မှုများ ထွက်ပေါ်နေပြီး ပြိုင်ပွဲကို တားဆီးရန် တရားစွဲဆိုမှုများ ရှိခဲ့သော်လည်း အမေရိကန် ဖက်ဒရယ်တရားရုံးက ဆက်လက်ကျင်းပခွင့် ပြုခဲ့သည်။
အားကစားနှင့် နိုင်ငံရေးနယ်ပယ် နှစ်ခုစလုံး၏ အာရုံစိုက်မှုကို တစ်ပြိုင်နက်တည်း ရရှိထားသော ယခု UFC Freedom 250 ပြိုင်ပွဲသည် UFC သမိုင်းတွင်သာမက အမေရိကန် အားကစားသမိုင်းတွင်ပါ အထူးမှတ်တမ်းဝင်မည့် ပြိုင်ပွဲကြီးတစ်ပွဲ ဖြစ်လာမည်ဖြစ်သည်။



Comments