အလက်စကားပြည်နယ်မှာ စင်းလုံးငှားလေယာဉ် ပျက်ကျရာ လူ ၈ ဉီး သေဆုံး
ဩဂုတ် ၂၁၊ Horizons

အမေရိကန်ပြည်ထောင်စု၊ အလက်စကားပြည်နယ်အနောက်ပိုင်းရှိ ရေဒါစခန်းတစ်ခုအနီးမှာ ကြာသတေးနေ့က စင်းလုံးငှားလေယာဉ်တစ်စီး ပျက်ကျခဲ့ရာ လေယာဉ်ပေါ်ပါသူ ၈ ဦးစလုံး သေဆုံးသွားခဲ့ ကြောင်း သိရသည်။
အန်ကာရေ့ချ်မြို့မှ အနောက်တောင်ဘက် ကီလိုမီတာ ၇၂၀ ခန့်အကွာရှိ နယူအင်ဟမ်သို့ ပျံသန်း လာသည့် Cessna 441 အမျိုးအစား လေယာဉ်သည် ဒေသစံတော်ချိန် ကြာသပတေးနေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ဝန်းကျင်တွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ဖက်ဒရယ် လေကြောင်းအုပ်ချုပ်ရေးအဖွဲ့ (FAA) ၏ က နဦးသတင်းချက်များအရ သိရသည်။
အဆိုပါလေယာဉ်ပေါ်တွင် လူ ၈ ဦး လိုက်ပါလာခဲ့ကာ ရှာဖွေကယ်ဆယ်ရေး အဖွဲ့များ၏ အတည် ပြုချက်အရ လွတ်မြောက်သူတစ်ဦးမျှ မရှိကြောင်း အလက်စကားစစ်ဌာနချုပ်က ထုတ်ပြန်သည်။ လေ ယာဉ်ပျက်ကျရသည့် အကြောင်းရင်းကိုမူ လက်ရှိအချိန်အထိ မသိရသေးပေ။
ဖြစ်စဉ်နှင့် ပတ်သက်၍ ဖက်ဒရယ် လေကြောင်းအုပ်ချုပ်ရေးအဖွဲ့ (FAA) နှင့် အမျိုးသား ပို့ဆောင် ဆက်သွယ်ရေး လုံခြုံရေးဘုတ်အဖွဲ့တို့က ပူးပေါင်းစစ်ဆေးမည်ဖြစ်ပြီး ဘုတ်အဖွဲ့က အဓိက ဦးဆောင် သွားမည်ဖြစ်သည်။နယူအင်ဟမ်ရှိ စခန်းသို့ စစ်ဘက်ဆိုင်ရာ လေယာဉ်များနှင့် ခွင့်ပြုချက်ရထားသည့် စင်းလုံးငှား လေယာဉ်များသာ ဆင်းသက်ခွင့်ရှိသည်။
“ဒါဟာ စစ်ဘက်ဆိုင်ရာ မိသားစုနဲ့ လူထုအတွက် အလွန်ဝမ်းနည်းဖွယ် ဆုံးရှုံးမှုဖြစ်ပါတယ်” ဟု အမေရိကန် လေတပ်ဒုတိယဗိုလ်ချုပ်ကြီး ရောဘတ်ဒေးဗစ်က ပြောကြားသည်။
“သူတို့ဟာ ခက်ခဲတဲ့ ပတ်ဝန်းကျင်မှာ အရေးပါတဲ့ တာဝန်တွေကို ထမ်းဆောင်နေကြတဲ့ သစ္စာရှိ ဝန်ထမ်းတွေဖြစ်ကြပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
လေယာဉ်ပေါ်တွင် လိုက်ပါလာသူများနှင့် လေယာဉ်အဖွဲ့သားများ၏ အမည်စာရင်းကို မိသားစုဝင် များထံ အကြောင်းကြားပြီးမှသာ တရားဝင် ထုတ်ပြန်သွားမည်ဟု အလက်စကားစစ်ဌာနချုပ်က အသိပေး ထားသည်။
News & Photo: TRT World
Horizons News မှ တင်ဆက်သော သတင်းများကို အောက်ပါ Horizons News ၏ Website နှင့် Social Media များတွင်လည်း ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
Website: www.thehorizonsnews.com
Telegram: https://t.me/thehorizonsnew
#HorizonsNews #အမေရိကန် #အလက်စကာ #လေယာဉ်ပျက်ကျမှု #နိုင်ငံတကာသတင်း




Comments