ဥရောပသံတမန်များ လိုက်ပါလာသည့် ရထားကို ဒရုန်းဖြင့် ရုရှား တိုက်ခိုက်
စက်တင်ဘာ ၁၄၊ Horizons

ပိုလန်နယ်စပ်အနီး ခုတ်မောင်းနေသည့် ရထားတစ်စင်း ရုရှားဒရုန်း တိုက်ခိုက်ခံခဲ့ရပြီးနောက် ကံ ကောင်း၍ ဘေးကင်းစွာ လွတ်မြောက်ခဲ့ကြောင်း ဂျာမနီ လွှတ်တော်အမတ် ရိုဘင်ဝါဂနာက စက်တင်ဘာ ၁၃ ရက်တွင် ပြောကြားလိုက်သည်။
ဂျာမန် ဂရင်းပါတီမှ ရိုဘင်ဝါဂနာသည် ယူကရိန်းမြို့တော် ကိယက်ဗ်တွင် ပြုလုပ်သည့် Yalta European Strategy (YES) လုံခြုံရေး ညီလာခံသို့ တက်ရောက်ပြီးနောက် ပိုလန်နိုင်ငံသို့ ပြန်လည်ထွက် ခွာလာသည့် ရထားပေါ်တွင် လိုက်ပါလာခဲ့ခြင်းဖြစ်သည်။

အဆိုပါ အထူးရထားပေါ်တွင် ဝါဂနာ အပါအဝင် ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင်၊ ဂျာ မနီဝန်ကြီးချုပ် ဖရီးဒရစ်မာဇ်၏ နိုင်ငံခြားရေးနှင့် လုံခြုံရေးဆိုင်ရာ ထိပ်တန်းအကြံပေး ဂွန်တာဆော်တာ နှင့် ဥရောပ သံတမန်များ လိုက်ပါခဲ့သည်။
ပိုလန်နယ်စပ်နှင့် ၂ ကီလိုမီတာခန့် အကွာသို့ အရောက် နံနက် ၅ နာရီဝန်းကျင်တွင် ရုရှား၏ ဒရုန်း များ ဒေသတွင်း ပျံသန်းနေမှုကြောင့် ရထားကို အရေးပေါ် ရပ်တန့်ကာ ခရီးသည်များနှင့် ဝန်ထမ်းအချို့ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။
အရေးပေါ် လုံခြုံရေးဆောင်ရွက်မှု မပြုလုပ်မီ မိနစ်ပိုင်းအလိုက အဆိုပါ ရထားလမ်းကြောင်းအ တိုင်း မောင်းနှင်နေသည့် ကိယက်ဗ်-ဝါဆော ခရီးသည်တင် ရထားတစ်စင်း၏ စက်ခေါင်းကို ရုရှားဒရုန်း ထိမှန်ခဲ့သည်။
စက်ခေါင်း ထိမှန်ခံရသည့် ရထားပေါ်ရှိ ခရီးသည်များကို ကြိုတင် ကယ်ထုတ်နိုင်ခဲ့သဖြင့် လူအထိ အခိုက် မရှိခဲ့ကြောင်း ယူကရိန် အမျိုးသားရထားလိုင်းမှ ထုတ်ပြန်ထားသည်။
“ရုရှား အကြမ်းဖက်သမားတွေ တိုက်ခိုက်ပြီးတဲ့နောက် ဘေးကင်းကင်း လွတ်မြောက်မလားဆို တာက ကံတရားပေါ်မှာပဲ မူတည်ခဲ့ပါတယ်” ဟု ရထားတိုက်ခိုက်ခံရသည့် ရုပ်သံကို မျှဝေရင်း ဝါဂနာက လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
ရုရှားသည် ဥရောပ၏ လုံခြုံရေးအတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်နေပြီး ယူကရိန်း ကို ကူညီထောက်ပံ့ပေးနေမှုများမှာ တွန့်ဆုတ်နေဆဲဖြစ်ကြောင်း ၎င်းက ထောက်ပြထားသည်။
ဂွန်တာဆော်တာသည် ဗြိတိန်၊ ပြင်သစ်နှင့် အီတလီ လုံခြုံရေး အကြံပေးများနှင့်အတူ ကိယက်ဗ် မြို့တွင် ယူကရိန်းသမ္မတ ဇီလန်စကီးနှင့် ငြိမ်းချမ်းရေးကိစ္စများ သွားရောက် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ယခုဖြစ်စဉ်သည် ရုရှား-ယူကရိန်း စစ်ပွဲအတွင်း နေတိုးအဖွဲ့နယ်စပ်အနီးအနားအထိ စစ်ရေးအရ ခြိမ်းခြောက်မှုများ ပိုမို နီးကပ်လာနေကြောင်း ထင်ဟပ်ပြသနေသည်။
News & Photo: Anadolu Agency
Horizons News မှ တင်ဆက်သော သတင်းများကို အောက်ပါ Horizons News ၏ Website နှင့် Social Media များတွင်လည်း ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
Website: www.thehorizonsnews.com
Telegram: https://t.me/thehorizonsnew




Comments