top of page
Logo-Icon.png

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အီရန်ဘောလုံးအသင်း အရာရှိများအား အမေရိကန်က ဗီဇာငြင်းပယ်မှုအပေါ် အီရန် ပြင်းထန်စွာ တုံ့ပြန်(Horizons News)လာမည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အီရန်အမျိုးသား ဘောလုံး

ဇွန် ၇ ၊ Horizons



လာမည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အီရန်အမျိုးသား ဘောလုံးအသင်းမှ ကစားသမားများကို အမေရိကန်ပြည်ထောင်စုက ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးခဲ့သော်လည်း အသင်းနှင့်အတူ လိုက်ပါမည့် အရေးကြီးဝန်ထမ်းများကိုမူ ဗီဇာထုတ်ပေးရန် ငြင်းဆန်ခဲ့သည့်အပေါ် အီရန်နိုင်ငံဘက်က ပြင်းပြင်းထန်ထန် တုံ့ပြန်ပြောဆိုလိုက်သည်။


အီရန်ကစားသမားများကို ဗီဇာထုတ်ပေးပြီး နာရီပိုင်းအကြာတွင် ယခုကဲ့သို့ အီရန်ဘက်က စွပ်စွဲချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။ 


အီရန်နိုင်ငံပိုင် မီဒီယာများနှင့် ဆက်နွှယ်နေသည့် သတင်းများ၏ ဖော်ပြချက်အရ ဗီဇာငြင်းပယ်ခံရသူ (၁၅) ဦးရှိပြီး ၎င်းတို့အထဲတွင် အီရန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ၎င်း၏လက်ထောက်နှင့် သတင်းပြန်ကြားရေး ဒါရိုက်တာတို့အပါအဝင် အသင်းမန်နေဂျာများ၊ အရာရှိချုပ်များနှင့် နည်းစနစ်အကြံပေးများ ပါဝင်ကြောင်း သိရသည်။


ဤကဲ့သို့ အသင်း၏ အဓိကတာဝန်ရှိသူများကို ဗီဇာငြင်းပယ်ခြင်းသည် အားကစားနှင့် နိုင်ငံရေးကို ရောနှောပစ်ခြင်းဖြစ်သည်ဟု တူရကီနိုင်ငံရှိ အီရန်သံရုံးက စွပ်စွဲပြောဆိုထားသည်။


 အဆိုပါ ဗီဇာပိတ်ပင်ခံရသည့် ကိစ္စရပ်နှင့်ပတ်သက်၍ နိုင်ငံတကာ ဘောလုံးအဖွဲ့ချုပ် (FIFA) အနေဖြင့် ကြားဝင်ဖြေရှင်းပေးရန်လည်း အီရန်သံရုံးအရာရှိများက တောင်းဆိုထားသည်။


အီရန်အမျိုးသားအသင်းသည် ယခုနှစ် ကမ္ဘာ့ဖလားကို ပူးတွဲကျင်းပမည့် မက္ကဆီကိုနိုင်ငံသို့ ပြီးခဲ့သည့် မေလ (၆) ရက်နေ့ကတည်းက ကြိုတင်ထွက်ခွာသွားပြီဖြစ်သည်။


 အမေရိကန် တာဝန်ရှိသူများကမူ အီရန်အသင်းသည် လာမည့် ဇွန်လ (၁၅) ရက်နေ့တွင် လော့စ်အိန်ဂျလိစ်မြို့၌ ယှဉ်ပြိုင်ကစားရန်ရှိသည့်အတွက် အဆိုပါပွဲစဉ်မတိုင်မီ (၁၀) ရက်အလိုကတည်းက ကစားသမားများနှင့် "မရှိမဖြစ် လိုအပ်သော ဝန်ထမ်းများ" အတွက် ပြည်ဝင်ခွင့်ဗီဇာများကို ထုတ်ပေးထားပြီးဖြစ်ကြောင်း တုံ့ပြန်ပြောဆိုထားသည်။


သို့သော်လည်း အမေရိကန်ဘက်က ထုတ်ပေးထားသည့် ဗီဇာကန့်သတ်ချက်များအရ အီရန်အသင်းအနေဖြင့် ပွဲကစားမည့် နေ့ရက်တွင်သာ အမေရိကန်သို့ အဝင်၊ အထွက် ပြုလုပ်ခွင့်ရရှိမည်ဖြစ်ကြောင်း မက္ကဆီကိုနိုင်ငံဆိုင်ရာ အီရန်သံအမတ်က ပြီးခဲ့သည့် စနေနေ့တွင် ထုတ်ဖော်ပြောကြားထားသည်။

Comments


bottom of page