၂၀၂၆ ကမ္ဘာ့ဖလား အုပ်စုပွဲစဉ်များတွင် အင်္ဂလန်နှင့် ဂါနာတို့ နိုင်ပွဲရရှိပြီး ပေါ်တူဂီ သရေကျ
- Horizons News

- Jun 18
- 1 min read
အားကစား၊ ဇွန် ၁၈ ၊ Horizons

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ အုပ်စုပွဲစဉ်များတွင် အင်္ဂလန်နှင့် ဂါနာအသင်းတို့ အရေးပါသော နိုင်ပွဲများ အသီးသီး ရယူနိုင်ခဲ့ပြီး နာမည်ကြီး ပေါ်တူဂီအသင်းမှာမူ သရေရလဒ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။
ပေါ်တူဂီ (၁-၁) DR ကွန်ဂို
အုပ်စု (K) အဖွင့်ပွဲစဉ်တွင် ပေါ်တူဂီအသင်းက ဘောလုံးပိုင်ဆိုင်မှု အသာစီးဖြင့် ကစားနိုင်ခဲ့ပြီး ဂျာအိုနီဗက်စ် (João Neves) က အဖွင့်ဂိုးသွင်းယူခဲ့သည်။ သို့သော် ပထမပိုင်းနာကျင်အချိန်ပိုတွင် ဝစ်ဆာ (Yoane Wissa) ၏ ခေါင်းတိုက်ချေပဂိုးကြောင့် (၁-၁) ဂိုးဖြင့် သရေကျခဲ့သည်။ ယင်းရလဒ်သည် (၅၂) နှစ်အကြာ ကမ္ဘာ့ဖလားသို့ ပြန်လည်ဝင်ရောက်လာသည့် DR ကွန်ဂိုအသင်းအတွက် သမိုင်းဝင် ပထမဆုံးရမှတ် ဖြစ်လာခဲ့သည်။
အင်္ဂလန် (၄-၂) ခရိုအေးရှား
အုပ်စု (L) ပွဲစဉ်တွင် အင်္ဂလန်အသင်း၏ တိုက်စစ်စွမ်းရည်ကို ထင်ရှားစွာ မြင်တွေ့ခဲ့ရပြီး ခရိုအေးရှားကို (၄-၂) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။ အင်္ဂလန်အတွက် ဟယ်ရီကိန်းက (၂) ဂိုး သွင်းယူပေးခဲ့ပြီး ဂျုဒ်ဘယ်လင်ဟမ်နှင့် မားကပ်စ်ရပ်ရှ်ဖို့ဒ်တို့က တစ်ဂိုးစီ သွင်းယူကာ ခံစစ်ပိုင်းအားနည်းခဲ့သည့် ခရိုအေးရှားကို အကောင်းဆုံး အနိုင်ယူသွားနိုင်ခဲ့သည်။
ဂါနာ (၁-၀) ပနားမား
အဆိုပါ အုပ်စု (L) ၏ အခြားပွဲစဉ်တစ်ပွဲတွင် ဂါနာအသင်းက ပနားမားအသင်းကို ပွဲပြီးဆုံးခါနီး နာကျင်အချိန်ပိုရောက်မှသာ အဖိုးတန် အနိုင်ဂိုးရရှိခဲ့ပြီး (၁-၀) ဖြင့် အနိုင်ရခဲ့သည်။ ကွင်းလယ်ပိုင်းကို အသာစီးရယူနိုင်ခဲ့သည့် ဂါနာအသင်းအတွက် ယခုရမှတ် (၃) မှတ်သည် နောက်တစ်ဆင့်တက်ရေးနှင့် အင်္ဂလန်အသင်းနှင့် ရင်ဆိုင်ရမည့် ပွဲစဉ်အတွက်ပါ များစွာ ယုံကြည်မှု တိုးလာစေခဲ့သည်။



Comments