၂၀၂၆ ကမ္ဘာ့ဖလား အုပ်စုပွဲစဥ်များအဖြစ် စပိန်က ဆော်ဒီကို ဂိုးပြတ်အနိုင်ရရှိပြီး ဥရုဂွေးနှင့် ဘယ်လ်ဂျီယံတို့ သရေရလဒ်များဖြင့်သာ ကျေနပ်ခဲ့ရ
- Horizons News

- Jun 22
- 1 min read
အားကစား၊ ဇွန် ၂၂ ၊ Horizons

အုပ်စု (H) ပွဲစဉ်တွင် စပိန်အသင်းက ဆော်ဒီအာရေဗျအသင်းကို (၄-၀) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး အခြားပွဲစဉ်များတွင် အင်အားကြီး ဥရုဂွေးနှင့် ဘယ်လ်ဂျီယံအသင်းတို့မှာ သရေရလဒ်များဖြင့်သာ အသီးသီး ကျေနပ်ခဲ့ရကြောင်း သိရသည်။
စပိန်အသင်းသည် ပွဲအစမှစ၍ ဘောလုံးပိုင်ဆိုင်မှုကို အပြည့်အဝ ထိန်းချုပ်ကာ တိုက်စစ်အပြောင်းအလဲနှင့် တောင်ပံထိုးဖောက်မှုများကို အထိရောက်ဆုံး အသုံးချသွားခဲ့သည်။
ဆော်ဒီအာရေဗျအသင်းအနေဖြင့် ခံစစ်ကို အားပြုကစားခဲ့သော်လည်း စပိန်၏ အရှိန်အဟုန်မြင့် ဖိအားပေးမှုများကို မတောင့်ခံနိုင်ခဲ့ပေ။ ဤနိုင်ပွဲကြောင့် စပိန်အသင်းသည် နောက်တစ်ဆင့်သို့ တက်ရောက်ရန် အခြေအနေများစွာ ကောင်းမွန်သွားခဲ့ပြီး ပြိုင်ပွဲ၏ ဗိုလ်စွဲရန် ရေပန်းစားသည့် အသင်းတစ်သင်းအဖြစ် ရပ်တည်လာသည်။
အလားတူ ဥရုဂွေးနှင့် ကိပ်ဗာဒီတို့၏ ပွဲစဉ်တွင် ဥရုဂွေးအသင်းက အတွေ့အကြုံပိုင်းအရ သာလွန်ခဲ့သော်လည်း ကိပ်ဗာဒီအသင်းက မကြောက်မရွံ့ တိုက်စစ်ဆင်ကစားကာ ရရှိလာသော အခွင့်အရေးများကို အကျိုးရှိရှိ အသုံးချနိုင်ခဲ့သဖြင့် (၂-၂) ဂိုးစီဖြင့် သရေကျခဲ့သည်။
အီရန်နှင့် ဘယ်လ်ဂျီယံတို့ပွဲစဉ်တွင်မူ ပရိသတ်များ မျှော်လင့်ထားသကဲ့သို့ သွင်းဂိုးများ မြင်တွေ့ခဲ့ရခြင်းမရှိဘဲ (၀-၀) ဂိုးမရှိ သရေရလဒ်ဖြင့်သာ ပြီးဆုံးခဲ့သည်။ ဘယ်လ်ဂျီယံအသင်းက ဘောလုံးပိုင်ဆိုင်မှု အသာစီးဖြင့် တိုက်စစ်ဆင်နိုင်ခဲ့သော်လည်း အီရန်အသင်း၏ စည်းကမ်းပြည့်ဝသော ခံစစ်တန်းနှင့် ဂိုးသမား၏ စွမ်းဆောင်ရည်ကောင်းများကြောင့် သွင်းဂိုးများ မရရှိခဲ့ဘဲ အခွင့်အရေးများစွာ ဖြုန်းတီးခဲ့ရသည်။
အီရန်အသင်းအနေဖြင့် စိတ်ရှည်သည်းခံကာ တုံ့ပြန်ကစားခဲ့ပြီး ၎င်းတို့၏ တန်ပြန်တိုက်စစ်များကလည်း ဘယ်လ်ဂျီယံအသင်းကို အန္တရာယ်ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။



Comments