၂၀၂၆ ကမ္ဘာ့ဖလား အုပ်စုအဆင့် ပွဲစဉ်များ၏ စိတ်ဝင်စားဖွယ် ရလဒ်များ
- Horizons News

- Jun 15
- 1 min read
ဇွန် ၁၅ ၊ Horizons

ဂျပန် ၂ - ၂ နယ်သာလန်
ယခုပွဲစဉ်သည် ကမ္ဘာ့ဖလား အုပ်စုအဆင့်၏ အကောင်းဆုံးပွဲစဉ်များထဲမှ တစ်ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ပွဲချိန်တစ်လျှောက် နှစ်သင်းစလုံး အပြန်အလှန် ဖိအားပေးကာ အကြိတ်အနယ် တိုက်စစ်ဆင်ခဲ့ကြသည်။
ဂျပန်အသင်းက မြန်ဆန်သော ဘောလုံးလည်ပတ်မှု၊ အသင်းလိုက် စုစည်းမှုတို့ဖြင့် အခွင့်အရေးများ ဖန်တီးနိုင်ခဲ့ပြီး နယ်သာလန်အသင်းကမူ ဘောလုံးပိုင်ဆိုင်မှုကို အသားပေးကာ အတွေ့အကြုံရင့်ကျက်စွာ ပြန်လည်တုံ့ပြန်ကစားသွားခဲ့သည်။ သရေတစ်မှတ်စီ ခွဲယူခဲ့ရသော်လည်း နှစ်သင်းစလုံး နောက်တစ်ဆင့်တက်ရန် အလားအလာကောင်းများ ပိုင်ဆိုင်ထားဆဲဖြစ်ကြောင်း သက်သေပြနိုင်ခဲ့သည်။
ဂျာမနီ ၇ - ၁ ကျူရာကာအို
ဂျာမနီအသင်းသည် ကျူရာကာအိုအသင်းကို (၇-၁) ဂိုးဖြင့် ဂိုးပြတ်အနိုင်ယူကာ ပြိုင်ဘက်များကို အင်အားပြ သတိပေးလိုက်ပြီဖြစ်သည်။
ပွဲစသည်နှင့် တစ်ပြိုင်နက် ဂျာမနီက ဖိအားပေးကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု၊ ပေးပို့မှုနှင့် တိုက်စစ်ဆင်မှုတို့တွင် လုံးဝအသာစီးရယူကာ ရရှိလာသော အခွင့်အရေးများကို အမှားအယွင်းမရှိ အသုံးချသွားနိုင်ခဲ့သည်။ ကျူရာကာအိုအသင်းဘက်မှ စိတ်ဓာတ်မကျဘဲ ကြိုးစားခဲ့သော်လည်း ဂျာမနီ၏ အရည်အသွေးမြင့် ကစားပုံကို မတားဆီးနိုင်ခဲ့ပေ။
ဤနိုင်ပွဲကြောင့် ဂျာမနီသည် အုပ်စုကို ဦးဆောင်ရန် အလားအလာကောင်းသွားခဲ့ပြီး ချန်ပီယံဆုအတွက် အင်အားကြီးအသင်းတစ်သင်းအဖြစ် ရပ်တည်နေဆဲဖြစ်သည်။
အိုင်ဗရီကို့စ် ၁ - ၀ အီကွေဒေါ
အုပ်စု (E) ပွဲစဉ်တွင် အိုင်ဗရီကို့စ်အသင်းက အီကွေဒေါကို လူစားဝင်ကစားသမား အမတ်ဒီယာလို (Amad Diallo) ၏ ပွဲချိန် (၉၀) မိနစ် သွင်းဂိုးဖြင့် အဖိုးတန် နိုင်ပွဲတစ်ပွဲ ရယူသွားခဲ့သည်။
အီကွေဒေါအသင်းက ဘောလုံးပိုင်ဆိုင်မှုနှင့် တိုက်စစ်တည်ဆောက်ပုံတွင် အားသာခဲ့ပြီး ဂိုးတိုင် (၂) ကြိမ်တိုင်တိုင် ထိမှန်သည်အထိ ဖိအားပေးနိုင်ခဲ့သော်လည်း အဆုံးသတ် အားနည်းမှုကြောင့် ဂိုးမရခဲ့ပေ။
အိုင်ဗရီကို့စ်ကမူ စိတ်ရှည်ရှည်ဖြင့် ခံစစ်ကို ထိန်းချုပ်ကစားသွားပြီး ရရှိလာသည့် အခွင့်အရေးကို အကျိုးရှိရှိ အသုံးချနိုင်ခဲ့သည်။
ယခု (၃) မှတ်ကြောင့် အိုင်ဗရီကို့စ်သည် နောက်တစ်ဆင့်အတွက် အခြေအနေကောင်းသွားခဲ့ပြီး အီကွေဒေါကမူ လက်ကျန်ပွဲစဉ်များတွင် အမှားခံ၍မရတော့မည့် အနေအထားသို့ ရောက်ရှိသွားခဲ့သည်။



Comments