top of page


ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ တိုင်းပြည်ကို မည်သို့မျှော်မှန်းတည်ဆောက်ခဲ့သည်ကို လေ့လာတန်ဖိုးထားရန်လိုကြောင်း စစ်ခေါင်းဆောင် ပြောဆို
ရန်ကုန် ၊ ဇူလိုင် ၁၉ ၊ Horizons မြန်မာတစ်နိုင်ငံလုံးရှိ ဗိုလ်ချုပ်အောင်ဆန်း၏ ကြေးရုပ်များကို ဖျက်ဆီးရန် အမိန့်ပေးထားပြီး သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း မတရားဖမ်းဆီးထိန်းသိမ်းထားသည့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ (ဇူလိုင်လ ၁၉ ရက်) တွင် ကျရောက်သည့် (၇၉) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်လာခဲ့ကြောင်း သိရသည်။ အဆိုပါ အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက်လာစဉ်အတွင်း စစ်ခေါင်းဆောင်က မီဒီယာများနှင့် တွေ့ဆုံမေးမြန်းမှု၌ ဖြေကြားရာတွင်...

Horizons News
1 day ago1 min read


ရန်ကုန်နှင့်အညာဒေသများမှ လူငယ် ၆၀ ကျော်အား မလေးရှားသို့ ပို့ပေးမည်ဟုဆိုကာ ငွေကျပ်သိန်း ၉,၀၀၀ ကျော် လိမ်လည်သူကို ဖမ်းဆီးထားသော်လည်း ရဲက အာမခံပေးရန် ကြိုးပမ်းနေ
ရန်ကုန် ၊ ဇူလိုင် ၁၉ ၊ Horizons မလေးရှားနိုင်ငံတွင် အလုပ်ရရှိမည်ဟု လိမ်လည်ပြောဆိုကာ မြန်မာနိုင်ငံ ဒေသအသီးသီးမှ လူငယ် (၆၀) ကျော်ထံမှ စုစုပေါင်း ငွေကျပ်သိန်း ၉,၀၀၀ ကျော် လိမ်လည်ခဲ့သူအား သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်ဖမ်းဆီးထားသော်လည်း အမှုကို ကြန့်ကြာအောင်လုပ်ကာ အာမခံပေးရန် စီစဉ်နေကြောင်း နစ်နာသူများထံမှ သိရသည်။ လှည်းကူးမြို့နယ်၊ ရဲမွန်ကျေးရွာ၊ အောင်သုခလမ်းတွင် နေထိုင်သူ ဒေါ်ယုယုခိုင် ဆိုသူသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်မှစတင်၍ ရဲဝံ့နဂါး အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီမှ စကားပြန်ဖြ

Horizons News
1 day ago1 min read
bottom of page